ရွှေတောင်သီဟသူ

ဝီကီပီးဒီးယား မှ

ရွှေတောင်သီဟသူ[ပြင်ဆင်ရန်]

ဘုရားဟော နိပါတ်ကျမ်းဂန် ဝတ္ထုများကို မှီငြမ်းမပြုဘဲ စိတ်ကူးဉာာဏ်သက်သက်ဖြင့် ရေးသားသော ပထမဆုံးဝတ္ထု ရတနာ ကြေးမုံကို ရေးသားခဲ့သူမှာ ရွှေတောင်သီဟသူ ဖြစ် သည်။ မြန်မာ စာပေသမိုင်းတစ်လျှောက်တွင် ကုန်းဘောင် ပထမခေတ်အထိ ယင်းသို့သော ဝတ္ထုမျိုး တစ်ခါမျှ မပေါ်ခဲ့ ဖူးချေ။ (ရတနာကြေးမုံဝတ္ထု-လည်းရှု။) ရွှေတောင်သီဟသူ၏ မွေးဖွားရာအရပ်၊ မွေးဖွားသည့်ခုနှစ်သက္ကရာဇ်၊ မျိုးရိုးဇာတိတို့ကို ယခုတိုင် မတွေ့ရသေးချေ။အလောင်းမင်းတရားကြီးလက်ထက် (မြန်မာ ၁၁၁၅-၁၁၂၁ ခုနှစ်)တွင် ပေါ်ပေါက်သောစာဆိုတော် ဖြစ်ကြောင်းသာ သိရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)