ရွှေတောင်နန္ဒသူ

ဝီကီပီးဒီးယား မှ

ရွှေတောင်နန္ဒသူ[ပြင်ဆင်ရန်]

စလင်း နဝဒေးဟု ကျော်ကြားသော ရွှေတောင်နန္ဒသူသည် ၁၁၂၅ ခုနှစ်တွင် အင်းဝ ရွှေနန်းကို ထပ်မံဖန်ဆင်း ကြငှန်းဖွင့် တော်မူသော ဆင်ဖြူရှင်လက်ထက် ကျော်ကြားသော စာဆို တော်ကြီး ဖြစ်သည်။ စလင်းနဝဒေးဘွဲ့မှာ မင်းပေးဘွဲ့မဟုတ် ချေ။ နဝဒေးကြီးကဲ့သို့ ကဗျာဉာာဏ်အာဘော် ထက်မြက်သူ ဖြစ် သဖြင့် သူ၏အရည်အချင်းသိသူများက ခေါ်ဟန်တူလေသည်။ ရွှေတောင်နန္ဒသူ၏ ငယ်မည်ကို မောင်လှဟူ၍လည်းကောင်း၊ မောင် တရုတ်ဟူ၍လည်းကောင်း ဆိုကြသည်။ မွေးသက္ကရာဇ်နှင့် မိဘမည်ရည် တို့ကို အသေအချာမသိရချေ။ ဆင်ဖြူရှင်လက်ထက်တော်၌ ဦးလှသည် စလင်းမြို့တွင် အမှုဆောင် ရှေ့နေဖြစ်၏။ အမှု လိုက်ရာတွင် အထူးအောင်မြင်သဖြင့် အင်းဝနေပြည်တော်သို့ တက်၍ လွှတ်တော်တွင် ရှေ့နေလိုက်လေသည်။ ယင်းသို့ ရှေ့နေလိုက်စဉ် နာမည်အလွန်ထွက်၍ ကျော်စောလာသဖြင့် အင်းဝရှိ သူ့အား မလိုလားအပ်သော ရှေ့နေရှေ့ရပ်များက ဦးလှသည် ပညာအရည်အချင်းလည်း နုနယ်၊ အမိန့်တော်ရ လည်း မခန့်အပ်ရသေးသဖြင့် လွှတ်တော်၌ လျှောက်လဲသင့် မလဲသင့် စာတင်သွင်းကြ၏။ သို့ရာတွင် ဘုရင်မင်းမြတ် ကိုယ် တိုင်က ဦးလှအား အမိန့်တော်ရ ခန့်လိုက်သဖြင့် လွှတ်တော် တွင် လျှောက်လဲနိုင်လေသည်။ ငစဉ့်ကူးမင်းလက်ထက်တွင် ဆင်ချေးတိုက်ဝန် ခန့်၏။ မကြာမီ အနောက်ဝန်ထောက်ခေါ် ဆင်ချေးဝန် ထောက် ဖြစ်လာသည်။ ရွှေတောင်နန္ဒသူဘွဲ့ကို မည်သည့်မင်းလက်ထက်တွင်ပင် ရသည်ကို သေချာစွာ မသိရ ချေ။ ငစဉ့်ကူးမင်းလက်ထက်တွင်ပင် ရဟန်တူသည်ဟု သုတေ သီတို့က ယူဆကြသည်။

ရွှေတောင်နန္ဒသူသည် ရကန်ဆရာဖြစ်၏။ မွန်ပုံပြင် ဖြစ် သော ရှင်မွေ့နွန်းနှင့် မင်းနန္ဒာတို့၏ အတ္ထုပ္ပတ္တိကို မှီငြမ်းပြု၍ ရေးသည့် မွေ့နွန်းရကန်သည် ရွှေတောင်နန္ဒသူ၏ လက်ရာဖြစ် သည်။ ရွှေတောင်နန္ဒသူသည် ရှေ့နေရှေ့ဆောင်အဖြစ်ဖြင့် ဝါရင့် ခဲ့သူ ဖြစ်သောကြောင့် သူရေးသားသော ရကန်တွင် စကားအိမ် ဖွဲ့ပုံ၊ ဆင်ခြေ ဆင်လက်တက်ပုံတို့သည် ရှေ့နေတို့၏ အာဘော် နှင့် တူလှပေသည်။ မွေ့နွန်းရကန်ကို ဖွဲ့နွဲ့ရာ၌ မည်သူ့အာဘော် ကိုမျှ အတုမယူ၊ မည်သူ့နည်းကိုမျှ မလိုက်ဘဲ ပင်ကိုဉာာဏ် အလျောက် အချို့အခန်းများကို ထည့်သွင်းဖွဲ့နွဲ့ထားရာ စာဆို သူ၏ ထိုးထွင်းဉာာဏ်ကို သိနိုင်သည်။ စကားအချေအတင် ပြောခန်းများ၌ စကားအရာ နိုင်နင်းလှသည်။ မွေ့နွန်းရကန်ကို မရေးမီ ရွှေတောင်နန္ဒသူသည် ငွေတောင် ရကန်သစ်နှင့် အင်းဝ မြို့ဘွဲ့ ရကန်ကိုလည်း ရေးသားသေး၏။ ငွေတောင်ရကန်ကို ဆင်ဖြူရှင်လက်ထက် ရေး၍ မွေ့နန်းရကန်နှင့် အင်းဝမြို့ဘွဲ့ ရကန် ဧကပိုဒ်တို့ကို ငစဉ့်ကူးမင်းလက်ထက် ရေးသည်ဟု အဆိုရှိသည်။ သို့ရာတွင် မွေ့နွန်းရကန်လောက် မထင်ရှားချေ။ အချို့က ရွှေတောင်နန္ဒသူသည် မဟာသုတသောမပျို့ ငါးအင်္ဂါ ခန့်ကိုလည်း ရေးခဲ့သေးသည်ဟု ဆိုကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)