ရွှေဂူကြီးစေတီတော် (မိုးကုတ်မြို့)

ဝီကီပီးဒီးယား မှ

ရွှေဂူကြီးစေတီတော် သည် မိုးကုတ်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သာသနာနှစ် ၂၃၆ ခုနှစ်တွင် ဖြစ်၏။ သီရိဓမ္မာအသောကမင်းကြီးသည် မိုးကုတ်တွင် စေတီတော်တစ်ဆူ တည်ထားခဲ့သည်။ မင်းကြီးသည် သရီရဓာတ်တော်များကို ဆင်ပေါ်တွင် တင်ကာ အဓိဋ္ဌာန်ပြု၍ လွှတ်ပြီး ဆင်ဝပ်ရာအရပ်တွင် တည်ခဲ့ခြင်း ဖြစ်သည်။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

  • နှစ်ကာလ ကြာမြင့်လာ၍ စေတီတော်သည် ပြိုပျက်ခဲ့ရသည်။ ထိုအါ မိုးကုတ်နယ်ကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဗညားဒလအမတ်ကြီးသည် စေတီတော်ကို ၇ တောင်အမြင့်ထိ ရှိအောင် ပြုပြင်မွမ်းမံခဲ့သည်။
  • သက္ကရာဇ် ၁၂၇၀ ပြည့်နှစ်တွင် ဦးကုလားနှင့် ဦးစံလှတို့သည် စေတီပျက်ကို တွေ့မြင်ခဲ့သည်။ ထို့နောက် တောချုံတို့ကို ထွင်ကာ စေတီတော်ကို ၂၅ တောင်အမြင့်ထိ ရှိအောင် ပြုပြင်ခဲ့ကြသည်။ ရွှေသင်္ကန်းလည်း ကပ်လှူခဲ့ကြသည်။
  • သက္ကရာဇ် ၁၂၇၄ ခုနှစ်တွင် ငလျင်လှုပ်ခဲ့သည်။ ထို့ကြောင့် စေတီတော် ပြိုပျက်ခဲ့ပြန်သည်။
  • သက္ကရာဇ် ၁၂၇၆ ခုနှစ်တွင် ဒါယကာ ဒါယကာမများ စုပေါင်းကာ စေတီတော်ကို ကျောက်သားဖြင့် တည်ထားခဲ့ကြသည်။ စေတီ၏ အရှေ့ဘက်မုခ်တွင် ကျောက်တိုက်အာရုံခံတန်ဆောင်းကို ဒေါ်ငွေသည် တည်ဆောက်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၉၄၊ ၁၉၅။