ရွှေခြည် (တံဆိပ်ဝန်)

ဝီကီပီးဒီးယား မှ

ဦးရွှေခြည် (၁၁၅၀ ခန့်) သည် "တံဆိပ်ဝန်" ဟု ထင်ရှားခဲ့သည့် စာဆိုတော်တစ်ဦး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဦးရွှေခြည်သည် ဘိုးတော်ဘုရားလက်ထက်တွင် သီဟရာဇသူ့ဘွဲ့နှင့် မဲဇလီရွာကို စားရသည့် ဦးမောင်၏ သားဖြစ်သည်။ ၁၁၇၈ ခုနှစ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်သဖြင့် တံဆိပ်ဝန်ရာထူးကို ရရှိ၍ မဲဇလီရွာကို စားခဲ့ရသည်။ ထို့ပြင် ဖခင်ရသည့် သီရိရာဇသူ့ဘွဲ့ကို ရရှိခဲ့သည်။

သက္ကရာဇ် ၁၁၈၁ ခုနှစ်တွင် ဘကြီးတော်မင်း အထွက်အမြတ်သို့ ရောက်ခဲ့ရာ ရာဇသံရွှေပေမှစ၍ အလုပ်အဆောင် တတ်မြောက်သဖြင့် ဟံသာဝတီရတနာပုံတိုက် အဝတ်အထည်တံဆိပ်ဝန်ခန့်၍ စောလှမြို့ကို ထပ်မံ၍ စားစေခဲ့သည်။

သက္ကရာဇ် ၁၁၈၀ ခုနှစ်တွင် လွှတ်တော်နာခံတော် အရာပေးခဲ့၍ နေမျိုးစည်သူဘွဲ့၊ မင်းလှရာဇကျော်ထင်ဘွဲ့များဖြင့် ချီမြှင့်ခံခဲ့ရသည်။

သက္ကရာဇ် ၁၁၉၉ ခုနှစ် ရွှေဘိုမင်းလက်ထက်၌ ကျောက်မြောင်းမြို့တံဆိပ်ဝန်ခန့်တော်မူပြန်၍ ၁၂၀၈ ခုနှစ်တွင် ပုဂံမင်းလက်ထက်၌ တံဆိပ်ဝန်အရာကို ပေးသနားလျက် သူကောင်းပြုမြဲ ပြုခဲ့သည်။ တံဆိပ်ဝန်အရာ၌ ဗောင်းကတ္တိပါနီ၊ ရွှေသားဝတ်လုံတော်များကိုလည်း ရခဲ့သည်။[၁]

စာပေများ ပြုစုခြင်း[ပြင်ဆင်ရန်]

ဦးရွှေခြည်သည် အောက်ပါစာပေများကို ရေးသားပြုစုခဲ့သည်။

  1. ကလိင်္ဂဗောဓိပျို့
  2. အကိတ္တိပျို့
  3. မဟာဝေယန်ဘုံသာကျောင်းတော်မော်ကွန်း
  4. ဗိမာန်ရတနာကျောင်းတော်မော်ကွန်း
  5. မဟာပဒုမပျို့
  6. အဘိရုကပျို့
  7. ဒေဝဓမ္မပျို့
  8. စန္ဒကိန္နရီပျို့
  9. မဟာဓမ္မပါလပျို့[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁ခုနှစ်)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များအတ္ထုပ္ပတ္တိပေါင်းချုပ်။ ၃၅၇၊ဗိုလ်အောင်ကျော်လမ်း၊ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၃၇၊ ၂၃၈။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)