ရွှေကြာသိမ်စေတီ

ဝီကီပီးဒီးယား မှ

ရွှေကြာသိမ်စေတီသည် မြောက်ဦးမြို့၏အနောက်ဘက်တွင်ရှိသော စေတီပုထိုး များစွာထဲမှ တစ်ဆူဖြစ်သည်။ ယခုအခါ ဂူတော်မှာလည်းပြိုကျခဲ့ပြီး အောက်ခြေနံရံသာ ကျန်တော့သည်။ ဘုရားကိုမိုးပြီး သိမ်ဆောက်လုပ်လှူဒါန်းထားသည်။ ဆင်းတုတော် ၈ပေ၈လက်မရှိသည်။ ရှေးအခါကလှပသော ကျောက်ဆစ်လက်ရာများရှိခဲ့ကြောင်း မှတ်တမ်းများတွင် တွေ့ရသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြောက်ဦး မြို့တည်နန်းတည် မင်းစောမွန်(အေဒီ ၁၄၃၀-၁၄၃၂)၏ မိဖုရားကြီးမှောက်တော်မင်းသမီးအတွက် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ဤနေရာ ဤစံအိမ်တော်ကိုအမှီပြု၍ ၎င်းအနီးရှိ ကျောက်သားဂိတ်တံခါးကိုလည်း မှောက်တော်တံခါးဟုပင် ခေါ်ကြသည်။ နှစ်ပေါင်း၄၀ခန့်ကြာပြီးနောက် စံအိမ်တော်တွင်ပင် ဘစောဖြူဘုရင်(အေဒီ ၁၄၅၉-၁၄၈၂)၏ သမီးတော်တစ်ပါးဖြစ်သော စောရွှေကြာမင်းသမီးကို ဖွားတော်မူသည်။ စောရွှေကြာမင်းသမီးမှာ နောင်တွင်ရခိုင်မင်းသမီးဧချင်းအမည်ဖြင့် မြန်မာစာပေလောကတွင် ထင်ရှားခဲ့သည်။ ဧချင်းအဖွဲ့စံ မင်းသမီးကလေးပင်ဖြစ်သည်။ ခရစ်နှစ်(၁၄၇၁)ခုနှစ်တွင် မင်းသမီးစောရွှေကြာသည် မိမိမွေးဖွားနေထိုင်ခဲ့ရာ စံအိမ်တော်ရာတွင် စေတီတစ်ဆူနှင့် ဂူကြီးတစ်ခု ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုစေတီ အလှူရှင် မင်းသမီး၏ နာမည်ကို စွဲပြု၍ ရွှေကြာသိမ်စေတီ (သို့မဟုတ်) ရွှေကြာသိမ်ဘုရားဟု ခေါ်တွင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

ရခိုင်မဟာရာဇဝင်ကြီး(ထွန်းရွှေခိုင်[မဟာဝိဇ္ဇာ])