မာတိကာသို့ ခုန်သွားရန်

ရွှေကို (ဘောလုံးသမား)

ဝီကီပီးဒီးယား မှ
ရွှေကို
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ရွှေကို
မွေးသက္ကရာဇ် (1998-01-13) ၁၃ ဇန်နဝါရီ၊ ၁၉၉၈ (အသက် ၂၈)
မွေးရပ်ဇာတိ မြန်မာနိုင်ငံ
ကစားသည့်နေရာ ရှေ့တန်းတိုက်စစ်
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ရှမ်းယူနိုက်တက်
အင်္ကျီနံပါတ် ၁၉
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၆– ရှမ်းယူနိုက်တက်
နိုင်ငံကိုယ်စားပြုအသင်း
၂၀၁၃ မြန်မာ ယူ-၁၆ (၁)
၂၀၁၆– မြန်မာ ယူ-၁၉ ၁၀ (၄)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး ၁၁ ဇန်နဝါရီ ၂၀၁၇အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ ၁၁ ဇန်နဝါရီ ၂၀၁၇ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ရွှေကို(၁၃ ဖေဖော်ဝါရီ ၁၉၉၈ ခုနှစ်ဖွား)သည် မြန်မာနိုင်ငံသား ဘောလုံးသမားတစ်ဦးဖြစ်ပြီး ရှမ်းယူနိုက်တက် ဘောလုံးအသင်းမှ ဖြစ်သည်။ ၂၀၁၆ ခုနှစ်မှစ၍ ရွှေကိုသည် လူငယ်တန်းကလပ်မှ အကြီးတန်းကလပ်သို့ ကစားခွင့်ရရှိခဲ့သည်။

နိုင်ငံတကာ ကစားသမားဘဝ

[ပြင်ဆင်ရန်]

ရွှေကိုအား မြန်မာ ယူ-၁၆ အသင်းမှ ခေါ်ယူပြီး ၂၀၁၄ ခုနှစ် အာရှ ယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲတွင် ဝင်ရောက်ကစားစေခဲ့သည်။ သူအား ၂ ပွဲဝင်ရောက်ကစားစေခဲ့ကာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ကစားသော တရုတ် ယူ-၁၆ အသင်းနှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သည်။[]

၂၀၁၆ ခုနှစ်တွင် မြန်မာ ယူ-၁၉ အသင်းတွင် ပါဝင်ခဲ့ပြီး ဩဂုတ်လ၌ ကျင်းပခဲ့သော ကမ္ဘောဇဘဏ်ဖလားတွင် ဝင်ရောက်ကစားခဲ့သည်။ ၂၄ ဩဂုတ် ၂၀၁၆ ခုနှစ်၌ ကစားခဲ့သော ဗီယက်နမ် ယူ-၁၉ အသင်းနှင့် သရေကျသောပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။[] ထိုနှစ်နှောင်းပိုင်းတွင်လည်း ၂၀၁၆ ခုနှစ် အာဆီယံ ယူ-၁၉ လူငယ်ချန်ပီယံရှစ် အားကစားပြိုင်ပွဲတွင်ပါဝင်ခဲ့ပြီး ကစားပွဲ ၅ ပွဲတွင် ၃ ဂိုးသွင်းယူနိုင်ခဲ့သည်။ ထို့နောက် သူသည် ၂၀၁၆ ခုနှစ် အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် ရွေးချယ်ထားသော လူစာရင်းတွင် ပါဝင်ခဲ့သည်။ ထိုခြေစစ်ပွဲများ၌ ၄ ပွဲပါဝင်ကစားခွင့်ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။


  1. Myanmar 1-2 China The AFC (27 September 2013)။ 11 January 2017 တွင် ပြန်စစ်ပြီး။
  2. Myanmar U19 draw Vietnam at KBZ Bank Cup Asean Football (24 August 2016)။ 13 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2017 တွင် ပြန်စစ်ပြီး။