ရွှန်းခိုးအင်း

ရွှန်းခိုးအင်း (春光院) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် ဇင်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်ကို ၁၉၅၀ ခုနှစ်တွင် ဟိုရိအိုယောရှိဟရုက တည်ထောင်ခဲ့သည်။ ကျောင်းတော်တွင် သမိုင်းကြောင်းအရ ၁၆ ရာစုခေတ်ကာလ ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အရေးပါသည့် ပစ္စည်းများ တည်ရှိသည်။
နန်းဘန်းဂျိခေါင်းလောင်း
[ပြင်ဆင်ရန်]နန်းဘန်းဂျိခေါင်းလောင်းသည် ၁၅၇၇ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ဘရင်ဂျီဘာသာရေးခေါင်းလောင်းတစ်ခု ဖြစ်သည်။ ထိုခေါင်းလောင်းကို နန်းဘန်းဂျိချတ်ကျောင်းတွင် အသုံးပြုခဲ့ကြသည်။ သို့သော်လည်း ဂျပန်နိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များကို ဆန့်ကျင်သည့်ပထမဆုံးဥပဒေကို တိုယောတိုမိဟိဒဲယောရှိက ပြုလုပ်ခဲ့သည့်အခါတွင် ချတ်ကျောင်းသည် အဖျက်ဆီးခံခဲ့ရသည်။ ခေါင်းလောင်းသည် အဲဒိုခေတ်ကာလတွင် ရွှန်းခိုးအင်းတွင် တည်ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဒုတိယဘုန်းတော်ကြီး၏ အဖိုးဖြစ်သူသည် ခေါင်းလောင်းကို နိုင်ငံတော်၏ အာဏာပိုင်များက ဖျက်ဆီးခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကျောင်းတော်ရှိ ဥယျာဉ်ထဲတွင် မြှုပ်နှံခဲ့သည်။
ခိရိရှိတန်မီးအိမ်များ
[ပြင်ဆင်ရန်]အဲဒိုခေတ်ကာလ (၁၆၀၃ ခုနှစ်မှ ၁၈၆၇ ခုနှစ်အကြားကာလ) သည် ဂျပန်နိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များအတွက် အခက်ခဲဆုံးအချိန်ကာလများ ဖြစ်ခဲ့ကြသည်။ ခရစ်ယာန်ဘာသာသည် ပိတ်ပင်ခြင်းခံခဲ့ရပြီး တိုခုဂဝရှောဂွန်းအတဲ (Tokugawa shogunate) သည် ခရစ်ယာန်ဘာသာကို စနစ်တကျ သုတ်သင်ဖယ်ရှားမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း အချို့သော ခရစ်ယာန်ဘာသာဝင်များသည် ၎င်းတို့၏ ယုံကြည်မှုနှင့် ဘာသာရေးဆိုင်ရာအထောက်အထားပစ္စည်းများကို သိမ်းဆည်းထားခဲ့ကြသည်။ ရွှန်းခိုးအင်းရှိ ခရစ်ယာန်ဘာသာဝင်တို့၏ မီးအိမ်သည်လည်း ထိုပစ္စည်းများထဲမှ တစ်ခု ဖြစ်သည်။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Shunkoin Temple 17 June 2006 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ကိုဩဒိနိတ်: 35°01′27″N 135°43′10″E / 35.024045°N 135.719475°E