ရွာသစ်ဆည်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
သံလွင် ဆည်များ

ရွာသစ်ဆည်[ပြင်ဆင်ရန်]

၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလတွင် တရုတ်နိုင်ငံတော်ပိုင် ကုမ္ပဏီတခုဖြစ်သည့် ဒါတန်းကော်ပိုရေးရှင်းက မြန်မာစစ်အစိုးရနှင့် နားလည်မှုစာချွန်လွှာတရပ် လက်မှတ်ရေးထိုး၍ ကရင်နီပြည်နယ်အတွင်း ဆည် ၃-ခု တည်ဆောက်ရန် သဘောတူညီခဲ့ပါ သည်။ ၎င်းတို့တွင် သံလွင်မြစ်မကြီးပေါ်၌ ၆၀ဝ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်ပေးမည့် ဆည်တခု၊ ၎င်း၏မြစ်လက်တက် များဖြစ်သည့် ပွန်ချောင်းနှင့် သဘက်မြစ်များပေါ်တွင်လည်း နောက်ထပ် ဆည် ၂-ခု တည်ဆောက်ရန် ရှိပါသည်။

ဆည်နှင့် ပတ်သက်သည့် အချက်အလက်များ[ပြင်ဆင်ရန်]

  • အမြင့်။ မသိရပါ။
  • တပ်ဆင်ထားသည့် စွမ်းအား။ ၆၀ဝ မဂ္ဂါဝပ်
  • နှစ်စဉ်ထုတ်လုပ်နိုင်မှု။ မသိရပါ။

ပတ်သက်နေသည့် ကုမ္ပဏီများ[ပြင်ဆင်ရန်]

Burmese[ပြင်ဆင်ရန်]

Shwe Taung Hydropower Company Myanmar Electric Power Enterprise

Chinese[ပြင်ဆင်ရန်]

တရုတ်နိုင်ငံ ဒါတန်း ကော်ပိုရေးရှင်း (CDT) China Datang Corporation China Datang Overseas Investment Company


ဘဏ္ဍာငွေကြေး[ပြင်ဆင်ရန်]

အင်ဂျင်နီယာများက ယေဘုယျအားဖြင့် မဂ္ဂါဝပ် ၁ ခု ထုတ်ပေးမည့် ရေအားလျှပ်စစ်ဓာတ်အားပေးဆည်တခု တည်ဆောက် ရေးအတွက် ကုန်ကျမှုစရိတ် ပဏာမခန့်မှန်းမှုမှာ အမေရိကန်ဒေါ်လာ ၁ သန်း ဖြစ်ပါသည်။ ဆည်တည်ဆောက်မည့် နေရာ နှင့် လည်ပတ်မည့် စရိတ်များလည်း မူတည်နေပေရာ၊ ရွှေလီမြစ်ပေါ်ရှိဆည်များအတွက် အကြမ်းဖျဉ်းကုန်ကျစရိတ်ကို ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၁,၄၀ဝ အထိ ရှိမည်ဟု ခန့်မှန်းထားကြပါသည်။ (change Shweli to Ywathit and 1.4 billion to 600 million) လျှပ်စစ်ရောင်းချမှုမှ ရရှိမည့် ဝင်ငွေများသည် နှစ်စဉ်ထုတ်လုပ်နိုင်မှု ပမာဏနှင့် ဝယ်ယူသည့် ဈေးနှုန်းအပေါ် မူတည် လိမ့်မည် ဖြစ်သည်။ လျှပ်စစ်ဝယ်ယူမည့် သဘောတူညီချက်ကို ယခုအချိန်တိုင် လက်မှတ်ရေးထိုးခြင်း မရှိသေးပါ။

Electricity – where will it go?[ပြင်ဆင်ရန်]

ကရင်နီပြည်နယ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းအသစ်များမှ ထွက်ရှိလာသည့်လျှပ်စစ်ကို မည်သည့် နေရာသို့ ပို့ဆောင်မည်ကို တိတိကျကျ မသိရှိရသေးပါ။ မြန်မာနိုင်ငံရှိ အခြားဆည်တည်ဆောက်ရေးလုပ်ငန်းများ၏ အစဉ် အလာကို ကြည့်မည်ဆိုလျှင် ထိုင်းနိုင်ငံ၊ သို့မဟုတ် တရုတ်နိုင်ငံသို့ စွမ်းအင်ကို ရောင်းချဖွယ်ရှိနေပါသည်။ သို့မဟုတ်လျှင် လည်း မြန်မာစစ်အစိုးရအတွက်၊ သို့မဟုတ် ၎င်းတို့၏နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်များအတွက် လိုအပ်ချက်ကိုသာ ဦးစား ပေး ဖြည့်ဆည်းလိမ့်မည်ဟု စိုးရိမ်နေရပါသည်။


စီမံချက် လက်ရှိအခြေအနေ - Last updated March 2011[ပြင်ဆင်ရန်]

လက်ရှိအခြေအနေတွင် အင်ဂျင်နီယာများက ဆည်တည်ဆောက်မည့်နေရာကို တိုင်းထွာစစ်ဆေးမှုများ ပြုနေကြသော် လည်း၊ ဒေသခံပြည်သူများကို ဆည်တည်ဆောက်မည့် စီမံကိန်းအကြောင်း တလုံးတပါဒမျှအသိပေးခြင်း မရှိသလို၊ တည် ဆောက်မည့်နေရာတဝိုက်သို့လည်း သွားလာခွင့် ပိတ်ပင်ထားပါသည်။ ရွာသစ်ဆည်၊ ပွန်မြစ်ဆည်တို့နှင့် ပတ်သက်၍ သဘာဝဝန်းကျင်ဆိုင်ရာ၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ အကဲဖြတ်လေ့လာချက်များ ဖော်ထုတ်သိရှိရခြင်း မရှိသလို၊ လက် နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက်ကြောင့် သံလွင်မြစ်နှင့်ပတ်သက်၍လည်း အခြေခံအချက်အလက်များ ယနေ့ တိုင် စူးစမ်းလေ့လာထားနိုင်ခြင်း မရှိပါ။

ဆိုးကျိုးသက်ရောက်နိုင်မှုများ[ပြင်ဆင်ရန်]

  • ၁။ ပဋိပက္ခနှင့် မတည်ငြိမ်မှု ကြီးထွားလာစေနိုင်ခြင်း

၎င်းဆည်များတည်ဆောက်သည့်အခါ စီမံကိန်းများလုံခြုံရေးနှင့် ဝန်ထမ်းများ လုံခြုံရေးအတွက် စစ်တပ်များပို၍ နေရာချ ထားလာမည် ဖြစ်သောကြောင့် ပဋိပက္ခကို ပို၍ကြီးထွားလာစေနိုင်ပါသည်။ ၎င်းဒေသသည် တည်ငြိမ်နေသည့်ဒေသ မဟုတ်ပါ။ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များ ဆက်လက်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပြီး၊ မကြာသေးမီက မြန်မာစစ်တပ် ထိန်းချုပ်မှုအောက် သွပ်သွင်းခဲ့သည့် "နယ်ခြားစောင့်တပ်ဖွဲ့"များ အတွင်းတွင်လည်း သဘောထားကွဲလွဲမှုများ တည်ရှိနေပါ သည်။ ဤအခြေအနေအောက်တွင် ရေအားလျှပ်စစ်စီမံကိန်းများတည်ဆောက်မှုတွင် ကြုံတွေ့ခဲ့ရသည့် ကရင်နီလူမျိုးများ ၏ ခါးသည်းသည့် အတွေ့အကြုံအရ ပြည်သူများ၏ အစိုးရအပေါ်နှင့် လာရောက်ရင်းနှီးမြှုပ်နှံသူများအပေါ် မကျေနပ်မှုများ ရန်လိုမုန်းထားစိတ်များကိုသာ ကြီးထွားလာစေမည် ဖြစ်သည်။ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆည်တည်ဆောက်ရေး လုပ်ငန်းသို့ လာရောက်သည့် မြန်မာစစ်သားများ စောင့်ကြပ် လုံခြုံရေးယူပေးလာသည့် အင်ဂျင်နီယာအဖွဲ့ယာဉ်တန်းကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး၊ လူ-၃ ဦး သေဆုံးခဲ့ရပါသေးသည်။

  • ၂။ သစ်တောများနှင့် ဇီဝသတ္တမျိုးကွဲထွေပြားမှုကို ခြိမ်းခြောက်နေခြင်း

ရွာသစ်ဆည် တည်ဆောက်မည့်နေရာတွင် မကြာသေးမီကစ၍ သစ်ထုတ်လုပ်မှုများ တိုးတက်များပြားလာပါသည်။ သံလွင် မြစ်ကမ်းတလျှောက်တွင် ရှမ်းပြည်နယ် နယ်စပ်အထိ သစ်ဖြတ်စက်များနှင့် သစ်ထုတ်လုပ်ရေးစခန်းများ ရှိနေသည်ကို တွေ့ ရှိရပါသည်။ ဤသစ်တောများသည် ကယား-ကရင် တောင်ပေါ်သမမျှတ သစ်တောများဖြစ်ပြီး ဇီဝသတ္တမျိုးကွဲ စုံလင်ထွေ ပြား ကြွယ်ဝသည့် နေရာများလည်း ဖြစ်ပါသည်။ ဆည်တည်ဆောက်ရေး စီမံကိန်း ၂-ခုကြောင့် ငါးဖမ်းလုပ်ငန်းများကို လည်း ထိခိုက်စေလိမ့်မည် ဖြစ်သည်။ သံလွင်မြစ်သည် ယခုအခါ မည်သည့်နေရာဒေသတွင်မှ မတွေ့ရဘဲ ရှားပါးသွားပြီ ဖြစ်သည့် ငါးမျိုးစိတ် ၄၇ မျိုးတို့ နေထိုင်ရာ ဂေဟဒေသလည်း ဖြစ်ပါသည်။

  • ၃။ ဌာနေတိုင်းရင်းသားများအပေါ် ခြိမ်းခြောက်နေခြင်း

အတင်းအကျပ် နေရာပြောင်းရွှေ့စေရန် ဆောင်ရွက်သည့် စစ်ဆင်ရေးများကြောင့် ဌာနေတိုင်းရင်းသား ထောင်ပေါင်းများစွာ မှာ ထွက်ပြေးအခြေပျက်ခဲ့ရပြီ ဖြစ်သည်။ လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် အတွက်ကြောင့်လည်း နေရပ်ရင်းသို့ ပြန်လာနိုင်ခြင်း မရှိကြပါ။ ဆည်တည်ဆောက်ရေးလုပ်ငန်းများကြောင့် ထိုသူများ အိမ်ပြန်ရေး ပို၍ခက်ခဲစေ လိမ့်မည် ဖြစ်သည်။ ၎င်းဆည်များတည်ဆောက်ရေးကြောင့် ကရင်နီလူမျိုးစု၏ မျိုးနွယ်စုတခုဖြစ်သော ယခုအခါ အရေ အတွက်အားဖြင့် ၁,ဝ၀ဝ မျှသာ ကျန်ရှိတော့သည့် ယင်းတလဲလူမျိုးများ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက်လည်း အထူးတလည် ခြိမ်းခြောက်နေပါသည်။ ၎င်းယင်းတလဲလူမျိုးတို့သည် သံလွင်နှင့် ပွန်မြစ်ကမ်းတလျှောက် ကမ်းပါးတွင် ဥယျာဉ်ခြံစိုက်ပျိုး သက်မွေးနေကြပြီး၊ ပုံမှန်အားဖြင့် လူးနှင့် နှမ်းစိုက်ပျိုးကြသည်။ ထိုသူတို့၏ ရှေးဟောင်းမြို့တော် ဘော်လခဲသည်လည်း ပွန်မြစ်၏အကြေတွင် ရှိနေရာ ပျက်စီးဆုံးရှုံးရတော့မည့် အခြေအနေ ရှိနေသည်။

  • ၄။ စိုက်ပျိုးရေး ထုတ်လုပ်မှု ကျဆင်းသွားရန် အကြောင်းရှိခြင်း

သံလွင်မြစ်သည် နုံးမြေနှစ်များ ပို့ချပေးသည့် မြစ်တစင်းဖြစ်ပြီး၊ ရာနှင့်ချီသော မြစ်အကြေ ကမ်းနားတလျှောက်တွင်ဥယျာဉ် လုပ်ငန်းများ၊ စိုက်ခင်းများအတွက် အရေးပါသည့် မြေဆီအဖြစ် ပံ့ပိုးပေးနေသည်။ ၎င်းမြေဩဇာကြွယ်ဝလှသည့် စိုက်မြေ များကို မှီခို၍ သံလွင်၏ မြစ်ဝကျွန်းပေါ် မွန်ပြည်နယ်တွင် လူသန်းတဝက်ခန့် အခြေချနေထိုင်နေကြရသည်။ အရေးပါသည့် ဆန်ထုတ်လုပ်ရာ ဒေသတခုလည်း ဖြစ်သည်။ ဤဆည်များ တည်ဆောက်ရေးလုပ်ငန်းကြောင့် နုံးအနယ်အနှစ်များ ပို့ချမှု ကို ဟန့်တားစေမည် ဖြစ်ပြီး၊ စိုက်မြေများအတွက် အခက်ကြုံရစေမည်၊ စိုက်ပျိုးထုတ်လုပ်မှုကျဆင်းရမည်ဖြစ်ပြီး စားနပ် ရိက္ခာဖူလုံမှုကိုလည်း ခြိမ်းခြောက်မှု ရှိလာစေမည် ဖြစ်သည်။

  • ၅။ ရေရုတ်တရက် မြင့်တက်ခြင်းနှင့် ရေပြတ်လပ်မှုများ ကြုံရနိုင်ခြင်း

လျှပ်စစ်ဓာတ်အားထုတ်ရန် လိုအပ်ချက်အရသာ ဆည်နောက်တွင် ရေကိုသိုလှောင်ထားခြင်း၊ ထုတ်လွှတ်ခြင်း ပြုမည်ဖြစ် ရာ၊ မြစ်အောက်ပိုင်းတွင် နေထိုင်သည့် ပြည်သူများ၏ စိုက်ပျိုးရေးလိုအပ်ချက်အတွက် ရေဖူလုံမှု ပြဿနာရှိလာနိုင်သလို၊ အန္တရာယ်လည်း ကြုံရနိုင်ပါသည်။ ရုတ်တရက် ရေအတက်အကျကြောင့် ရေလမ်းခရီးအန္တရာယ်များနှင့် အခြားမတော် တဆ သေကြေထိခိုက်ရမှုများ ရှိလာနိုင်ပါသည်။ ရေပြတ်လပ်မှုဖြစ်နိုင်သလို၊ မြစ်ရေလျှော့နည်းကျဆင်းမှုကြောင့် မြစ်ဝ ကျွန်းပေါ်ဒေသတွင် ဆားငန်ရေဝင်လာခြင်းကြောင့် လယ်သမားများ အတိဒုက္ခကြုံရနိုင်ပါသည်။ နောက်ဆုံးအနေနှင့် ယခု ဆည်တည်ဆောက်မည့်နေရာသည် မြေလွှာပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေပြီး၊ ငလျင်ဒဏ်ကြောင့် ဆည်ပျက်စီးရမှု ရေလွှမ်းမိုးမှု အန္တရာယ်များလည်း ကြုံရနိုင်ပါသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.burmariversnetwork.org/burmese/2008-09-23-12-55-12/2008-09-24-16-03-28/2011-03-06-11-36-59.html