ရွက်လှေ

ဝီကီပီးဒီးယား မှ
ကမ်းလွန်တွင် ရွက်လွှင့်နေသော ရွက်သင်္ဘော

ရွက်လှေ ဆိုသည်မှာ အပန်းဖြေရန် အတွက် ရည်ရွယ် ဆောက်လုပ်ထားသော လှေသင်္ဘော တစ်မျိုးဖြစ်သည်။ အင်္ဂလိပ် အခေါ်အဝေါ် ယာ့ချ် (yacht) သည် ဒတ်ချ်ဘာသာစကား ဂျာ့ချ် (Jacht) မှ ဆင်းသက်လာခြင်းဖြစ်ပြီး လိုက်လံဖမ်းဆီးရန်ဟု အဓိပ္ပာယ်ရသည်။ ထိုစကားလုံး၏ နဂိုမူလ သတ်မှတ်ချက်မှာ ဒတ်ချ်ရေတပ်မှ ပင်လယ်ဓားပြ များ နှင့် ၎င်းတို့၏ ရေပိုင်နက် အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူများကို လိုက်လံဖမ်းဆီးရန် အတွက် အသုံးပြုသော လျင်မြန်ပေါ့ပါးသော ရွက်လှေသင်္ဘော တစ်မျိုးကို ခေါ်ဆိုခြင်း ဖြစ်သည်။ အင်္ဂလန်မှ ချားလ်စ် ၂ ဘုရင်က ဟော်လန်မှ အင်္ဂလန်သို့ ပြန်ရန်အတွက် ရွေးချယ်ခဲ့သည် အခါတွင် ရွက်လှေသည် အရေးကြီး ပုဂ္ဂိုလ်များကို သယ်ဆောင်ရာ ယာဉ်တစ်မျိုး ဖြစ်လာခဲ့သည်။