ရဲလှေ

ဝီကီပီးဒီးယား မှ

ရဲလှေဆိုသည်မှာ ရှေးမြန်မာမင်းများလက်ထက်တွင် တည်ဆောက်အသုံးပြုခဲ့သည့် မိကျောင်းသဏ္ဌာန်ရှိပြီး လျင်မြန်စွာလှော်ခတ်သွားလာ တိုက်ခိုက်နိုင်သည့် စစ်လှေ​ကို ခေါ်ခြင်းဖြစ်သည်။ ရဲလှေသည် မြန်မာဘုရင်၏ ရေတပ်တော်တွင် အရေးပါလှသည့် လှေတစ်မျိုး ဖြစ်သည် ။ ညောင်ရမ်းခေတ်ကပင် ရဲလှေများကို အသုံးပြုခဲ့ကြ၏။

ရဲလှေများကို ကြီးကြပ်ကွတ်ကဲရသောသူကို ရဲလှေ(တိုက်)ဝန်ဟု ခေါ်သည်။ ရဲလှေဝန်ရာထူးကို ကုန်းဘောင်းခေတ်ဦးကာလ၌သာ တွေ့ရှိရသည်။ ခေတ်နှောင်းကာလတွင် လှေသင်းဝန်ရာထူး ပေါ်ပေါက်လာသောအခါ ရဲလှေဝန်ရာထူးကို ဖျက်သိမ်းပစ်ခဲ့ဟန်ရှိ၏။