မာတိကာသို့ ခုန်သွားရန်

ရောမဩဝါဒစာ

ဝီကီပီးဒီးယား မှ

ရှင်ပေါလုစာစောင်များ၏ အဓိက ဥသျှောင် ဖြစ်သည့် ရောမဩဝါဒစာသည် ဘုရားရှင်၏ နှုတ်ကပတ်တော်ကို နည်းစနစ် ကျနစွာ ဖော်ပြသော ကျမ်း ဖြစ်၍ ဓမ္မသစ်ကျမ်းတွင် အရေးပါ အခိုင်မာဆုံးသော ကျမ်း ဖြစ်သည်။ သမိုင်းကြောင်းအရလည်း ဓမ္မသစ်ကျမ်းကို လွှမ်းမိုးသည်။ John Calvin က “ဤကျမ်းစာကို နားလည် သဘောပေါက်လျှင် ကျမ်းစာအုပ် တအုပ်လုံး နားလည်သွားမည်” ဟု ဆိုထားသည်။ ဤကျမ်းတွင် ဧဝံဂေလိတရား နှံ့စပ်သည်။ သခင်ယေရှု့ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်း ရရှိကြောင်း၊ ကောင်းမှု ကုသိုလ်ဖြင့် ကယ်တင်ခြင်း မရကြောင်း နားလည်ကြသည်။

၁။ စံတော်မီ ဝိသေသလက္ခဏာ

ရောမဩဝါဒစာသည် ရှင်ပေါလုစာစောင်များ၏ အဓိက ဥသျှောင် ဖြစ်သည်။ ရောမအရောက်တွင် တမန်တော်ဝတ္ထု ပြီးဆုံးသွားသည်။ ရောမအသင်းတော်သို့ သွားရောက် မလည်ပတ်မီ အသင်းတော်သို့ ဩဝါဒစာသည် ဘုရားရှင်၏ နှုတ်ကပတ်တော်ကို နည်းစနစ် ကျနစွာ ဖော်ပြသော ကျမ်း ဖြစ်၍ ဓမ္မသစ်ကျမ်းတွင် အရေးပါ အခိုင်မာဆုံးသော ကျမ်း ဖြစ်သည်။

သမိုင်းကြောင်းအရလည်း ရောမဩဝါဒကျမ်းသည် ဓမ္မသစ်ကျမ်းကို လွှမ်းမိုးသည်။ ဩဂတ်စတင်းသည် ရော ၁၃ နှင့်၁၄ ကို အေဒီ၁၈၀ တွင် ဖတ်ရှု့ခြင်းဖြင့် အသက်တာ ပြောင်းလဲခဲ့သည်။ ပရိုတက်စတင်း ပြန်လည်ပြုပြင်ရေး သမား မာတင်လူသာသည်လည်း နောက်ဆုံးတွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သဘောပေါက် သွားသည်။ “ယုံကြည်ခြင်းဖြင့် အသက်ရှင်သည်။” (၁၅:၁၇) ဟု ခံယူ သွားသည်။

John Wesley သည် ၁၇၈၃ ခုနှစ်တွင် လန်ဒန်မြို့ အယ်စကိတ်လမ်းရှိ Moravian Church ၌ မာတင်လူသာ၏ ရောမဩဝါဒ အနက်ဖွင့်ကျမ်းကို ဖတ်ရှု့ခြင်းဖြင့် ကယ်တင်ခြင်း စိတ်ချမှု ရသွားသည်။ John Calvin က “ဤကျမ်းစာကို နားလည် သဘောပေါက်လျှင် ကျမ်းစာအုပ် တအုပ်လုံး နားလည်သွားမည်” ဟု ဆိုထားသည်။

၂။ ကျမ်းရေးသူ

မကောင်းမြင်ဝါဒ ရှိသူများက ရောမဩဝါဒကျမ်း ရေးသူသည် တပါးအမျိုးသား ဖြစ်ရမည်ဟု ခံယူခဲ့ကြသည်။ သိုဖြစ်လင့်ကစား အတိုက်အခံ အမြင် ရှိသူများထဲမှ Marcion သည် ပေါလု လက်ရာ ဖြစ်ကြောင်း ဦးစွာ ဝန်ခံလာသည်။ ထို နောက်ပိုင်းတွင် ရှေးရိုးဝါဒီ အယူ ရှိသူများ Clement of Rome, Ignatius, Justin Martyr, Polycarp, Hipolytus နှင့် Irenaeus တို့က အသိအမှတ် ပြုလာကြသည်။ The Muratorian Canon ကလည်း ပေါလု လက်ရာ ဖြစ်ကြောင်း လက်ခံသည်။

အပြင်ပန်း လက္ခဏာကို ကြည့်ခြင်းအားဖြင့် ပေါလု၏ လက်ရော ဖြစ်ကြောင်း ခိုင်လုံသည်။ ဓမ္မ အယူအဆ၊ ဝေါဟာရနှင့် ဝိညာဉ်ရေးရာ ရှု့ထောင့်များအရ ပေါလု၏ အာဘော်များ ဖြစ်သည်။ ရှင်ပေါလု၏ လက်ရာ ဖြစ်ကြောင်း (၁:၁) တွင် စတင် တွေ့ရှိရသည်။ သို့သော် ထို အပိုဒ်လေးနှင့် မလုံလောက်သေးပါ။ ထို ထက် ခိုင်မာသော (၁၅:၁၅-၂၀) ကျမ်းပိုဒ် ရှိသေးသည်။ အကြောင်းအရာ အမျာစုသည် တမန်တော်ဝတ္ထုနှင့် ဆက်စပ်သည်။ ဥပမာ အားဖြင့် သန့်ရှင်းသူ ဂါယု၊ ဧရတ္တုတို့ စုရုံးခြင်းသည် ရောမ အသင်းတော် အတွက် ရေရှည် စီမံကိန်း ကြိုတင် ရေးဆွဲခြင်း ဖြစ်သည်။ တေရတိသည် ပေါလု၏ လက်သုံး (၁၆:၂၂) ဖြစ်သည်။

၃။ အချိန်ကာလ

ဤကျမ်းစာသည် ကောရိန္သုဩဝါဒ ပထမ စာစောင်နှင့် ဒုတိယ စာစောင် အကြား ကာလတွင် ရေးသားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယေရုရှလင်ရှိ ဆင်းရဲချို့တဲ့သော သန့်ရှင်းသူများ အကြောင်း ပါဝင်သည်။ ကင်ခြေ (၁၆:၁) ကောရိန္သု သင်္ဘောဆိပ်မြို့ အကြောင်းနှင့် အခြား အကြောင်းအရာ အသေးစိတ်များသည် ကောရိန္သုကို အခြေခံသည်။ ပေါလုသည် ထိုနေရာတွင် (၃) လသာ နေခွင့် ရခဲ့သည်။ ထို ကာလ အတွင်းတွင် ရေးသားခြင်း ဖြစ်ပေမည်။ အချိန်ကာလအားဖြင့် အေဒီ ၅၆ ခုနှစ် ဖြစ်သည်။

၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

ရောမမြို့သို့ မည်သို့ ခရစ်ယာန်ဘာသာ ရောက်ရှိ ခံသနည်း။ အသေအချာ မပြောနိုင်ပါ။ ဖြစ်နိုင်ခြေ ရှိသည်မှာ ရောမမြို့ရှိ ယုဒလူမျိုးများသည် ပင်တေကုတ္တေနေ့တွင် ယေရုရှလင်မြို့၌ ရှိနေကြပေသည်။ (တ ၂:၁၀ ကို ကြည့်) ထိုသူများက သန့်ရှင်းသောဝိညာဉ်တော်၏ မင်္ဂလာသတင်းကို သယ်ဆောင် သွားကြ၍ သက်သေခံကြခြင်း ဖြစ်နိုင်သည်။ ကာလအားဖြင့် အေဒီ ၃၀ ဖြစ်သည်။

ပေါလုသည် ဤစာကို မရေးသားမီ ကာလတွင် ရောမမြို့သို့ တစ်ခါမှ မရောက်ဘူးပါ။ နောက် (၂၆) နှစ် ကြာမှသာ ရောက်သည်။ သို့သော် ရောမတွင် ခရစ်ယာန် ယုံကြည်သူ အနည်းငယ် ရှိကြောင်း (အခန်း၁၆) သိသည်။ ထို ကာလသည် ခရစ်ယာန်များ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသည့် ကာလ ဖြစ်သောကြောင့် ခရစ်ယာန်များသည် ခြေသလုံး အိမ်တိုင် လုပ်နေရသည်။ ပြေးရင်း လွှားရင်း ရောက်လေရာမှာ နှုတ်ကပတ် တော် ဟောကြသည်။ သက်သေခံကြသည်။ ရောမ အသင်းတော်ရှိ ခရစ်ယာန်များသည် ယုဒလူမျိုးနှင့် တပါးအမျိုးသားများ ဖြစ်သည်။

ပေါလုသည် သူ မျှော်လင့်ထားသည့်အတိုင်း အေဒီ ၆၀ ခုနှစ်တွင် ရောမသို့ ရောက်ရှိသည်။ သို့သော် မျှော်လင့်ချက် အတိုင်း မဟုတ်။ ယေရှုခရစ်တော်သို့ အကျဉ်းသား ဘဝဖြင့် ရောက်ရှိသည်။

ရောမမြို့သည် အဆင့်အတန်း မြင့်မားသည်။ မယုံကြည့်သူများ အတွက် အပြစ်ထဲတွင် မွေ့လျော် သာယာ ကောင်းသော နေရာ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း မျိုးစေ့ ကြဲရန် လိုအပ်သော နေရာကောင်း ဖြစ်သည်။ ယုံကြည်သူ အသစ်များသည် ခရစ်တော်ကို သက်သေခံကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၌ အောင်ပွဲ ဆင်နွှဲကြသည်။ ရင့်ကျက်သော ယုံကြည်သူများကလည်း ခရစ်ယာန် ယုံကြည်ခြင်း ခံယူချက်၊ ရူပါရုံ အမြင်နှင့် လက်တွေ့ အသက်တာများဖြင့် မကုန်မခမ်းနိုင်အောင် အလင်းပေးကြသည်။

ဤဩဝါဒစာကို ပေါလုက အမည်မသိ လူတဦးနှင့် စကားပြောပုံစံဖြင့် ရေးထားသည်။ ပေါလုသည် ဧဝံဂေလိဆရာ ဖြစ်သည်နှင့်အညီ ပရိသတ်၏ ပဲ့တင်သံကို ကြားသိလိုသည်။ တမန်တော်ကြီးက တစ်ယောက် ပြီး တစ်ယောက် မေးမြန်းသည်။ ထိုသို့ မေးမြန်း ပြောဆိုပြီးသောအခါ ပေါလုသည် ဘုရားသခင်၏ ကျေးဇူးတော်ကို အဓိကထား၍ သွန်သင် ဆွေးနွေးသည်။

တစ်ခါတရံ ပစ်မှတ် ပရိသတ်အား ရှင်းလင်းစွာ ပြောပြသည်။ တစ်ခါတရံ မြှုပ်ထားသည်။ သို့သော် ထုတ်ဖော် သည်ဖြစ်စေ၊ မြှုပ်ထားသည်ဖြစ်စေ ဧဝံဂေလိတရား နှံ့စပ်သည်။ သခင်ယေရှု့ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်း ရရှိကြောင်း၊ ကောင်းမှု ကုသိုလ်ဖြင့် ကယ်တင်ခြင်း မရကြောင်း နားလည်ကြသည်။

ရောမဩဝါဒကျမ်းကို အချက် (၁၂)ချက်ဖြင့် လေ့လာရသည်။ (၁) ဩဝါဒစာ၏ အဓိက ရည်ရွယ်ချက်က ဘာလဲ (၁:၁၊၁၅-၁၆)၊ (၂) ဧဝံဂေလိသတင်းကောင်း ဆိုသည်မှာ ဘာလဲ (၁:၁-၁၇)။ (၃) လူများသည် ဧဝံဂေလိ သတင်းကောင်းကို ကြားသိရန် ဘာကြောင့် လိုအပ်သနည်း (၁:၁၈-၃၂၀)။ (၄) မယုံကြည်သူ ဘုရားမဲ့ တရားမဲ့သမားများသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မည်သို့ ခံယူနိုင်သနည်း (၃:၁၂-၃၁)။ (၅) ဧဝံဂေလိသတင်းကောင်းသည် ဓမ္မဟောင်းကျမ်းနှင့် ရှေ့သွားနောက်လိုက် ညီပါသလား (၄:၁-၂၅)။ (၆) ယုံကြည်သူများ၏ အသက်တာတွင် ဖြောင့်မတ်စင်ကြယ်ခြင်းသည် မည်သို့ အကျိုးပြုပါသနည်း (၅:၁-၂)။ (၇) ကယ်တင်ခြင်း ရရှိသူသည် အပြစ်လုပ်နိုင်ပါသလား (၆:၁-၂၃)။ (၈) ခရစ်ယာန်နှင့် ပညတ်တော်များသည် မည်သို့ သဘောထားရမည်နည်း (၇:၁-၂၅)။ (၉) စင်ကြယ်သော အသက်တာကို မည်သို့ ရရှိနိုင်သနည်း (၈:၁-၁၉)။ (၁၀) ယုဒလူမျိုးနှင့် တပါးသော အမျိုးသားများ အား ကယ်တင်ခြင်း ကတိတော်အား ဖျက်ဆီးခြင်းလား (၉:၁-၁၁:၃၆)။ (၁၁) ဖြောင့်မတ်စင်ကြယ်ခြင်း ရရှိသွားသော ယုံကြည်သူများသည် မိမိ နေ့စဉ် အသက်တာကို မည်သို့ ရှင်သန်ရမည်နည်း (၁၂:၁၊၁၆:၂၇)။

မေးသင့် မေးအပ်သော မေးခွန်းများကို ဤကျမ်းစာတွင် အဖြေပေးထားသည်။ ဥပမားအားဖြင့် ပထမ မေးခွန်း ဖြစ်သော ဤကျမ်းစာ၏ ရည်ရွယ်ချက်သည် ဘာလဲ ဟူသော မေးခွန်းကို မဆိုင်းမတွ ဖြေပါသည်။ “ဧဝံဂေလိသတင်းစကား” ဖြစ်သည်။ ထို အဖြေစကားကို ပထမပိုင်း (ငယ် ၁၊၉၊၁၅၊၁၆) တွင် (၄)ကြိမ် တိုင်တိုင် တွေ့ရသည်။

ထို မေးခွန်းနှင့် မီးခိုးကြွက်လျှောက်လိုက်၍ “ဧဝံဂေလိသတင်းကောင်း” ဆိုသည်မှာ ဘာလဲ ဟု လိုက်ပါလာသည်။ “သတင်းကောင်း” ဟု ဆိုသည်။ သတင်းကောင်း ဟူသော ဝေါဟာရကို (ငယ်၁-၃၇) တွင် (၆) ကြိမ်း ရှင်းပြထားသည်။ (၁) သတင်းကောင်း၏ အရှင်သည် ဘုရားသခင် (ငယ် ၁) (၂) ဓမ္မဟောင်း ပရောဖက်များ၏ ပရောဖက်ပြုချက် (ငယ် ၂) (၃) သတင်းကောင်း ဆိုသည်မှာ ဘုရားသားတော် သခင်ယေရှု အကြောင်း (၄) ဘုရားသခင်၏ ကယ်တင်ခြင်း တန်ခိုးတော် (ငယ်၁၆) (၅) ယုဒလူမျိုး၊ တပါးသော လူမျိုး ဟူ၍ မခွဲခြားပါ။ လူသားတိုင်းနှင့် ဆိုင်သည် (ငယ်၁၆) (၆) ယုံကြည်ခြင်းဖြင့် ရရှိသည် (ငယ်၁၇)။ အထက်ပါ အကြောင်းအရာများသည် စာမြည်းသာ ဖြစ်သည်။ အသေးစိတ် အကြောင်းအရာများကို ဆက်လက် လေ့လာ ကြည့်ကြပါစို။

ပါဝင်သည့်အချက်များ

၁။ ယုံကြည်ချက် ဘုရားသခင်၏ သတင်းကောင်း (အခန်း ၁–၈)

(က) သတင်းကောင်း မိတ်ဆက် (၁၁-၁၅)

(ခ) သတင်းကောင်း အဓိပ္ပာယ် (၁၁၆-၁၇)

(ဂ) တကမ္ဘာလုံးက ဧဝံဂေလိသတင်းကောင်း လိုအပ်ချက် (၁၁၈-၃၂၀)

(ဃ) သတင်းကောင်း၏ အခြေအမြစ်နှင့် အဓိပ္ပာယ် (၃၂၁-၃၁)

(င) သတင်းကောင်းနှင့် ဓမ္မဟောင်းကျမ်း ဆက်စပ်ခြင်း (အခန်း၄)

(စ) သတင်းကောင်း၏ အကျိုးတရားများ (၅၁-၁၁)

(ဆ) အာဒံ၏ အပြစ်အပေါ် တွင် ခရစ်ယာန် ယုံကြည်မှုက အောင်နိုင်ခြင်း (၅၁၂-၂၁)

(ဇ) သတင်းကောင်းနှင့် အညီ စင်ကြယ်သော အသက်တာ (အခန်း၆)

(ဈ) ယုံကြည်သူ အသက်တာနှင့် ပညတ်တရား (အခန်း၇)

(ည) သန့်ရှင်းသော တန်ခိုးတော်ဖြင့် စင်ကြယ်သော အသက်တာ (အခန်း၈)

၂။ သတင်းကောင်း ဖြန့်ဝေခြင်း၊ သတင်းကောင်းနှင့် ဣသရေလ (အခန်း၉–၁၁)

(က) ဣသရေလ၏ အတိတ်ကာလ (အခန်း၉)

(ခ) ဣသရေလ၏ က ပစ္စုပန် (အခန်း၁၀)

(ဂ) ဣသရေလ၏ အနာဂတ် (အခန်း၁၁)

၃။ ဧဝံဂေလိတရား ရှင်သန်ဖို့ တာဝန် ဝတ္တရား (အခန်း၁၂–၁၆)

(က) တဦးချင်း၏ အထွဋ်အမြတ် (၁၂၁-၂)

(ခ) )ဝိညာဉ်ဆု ကျေးဇူးဖြင့် ဆက်ကပ်ခြင်း (၁၂၃-၈)

(ဂ) အဖွဲ့အစည်းနှင့် ဆက်ဆံရေး (၁၂:၉-၂၁)

(ဃ) အုပ်စိုးသူ အစိုးရနှင့် ဆက်ဆံရေး (၁၃:၁-၇)

(င) အချင်းချင်း ပြုအပ်သော ဝတ် (၁၃:၈-၁၄)

(စ) အခြားသူများနှင့် ဆက်ဆံခြင်း (၁၄:၁-၁၅:၁၃)

(ဆ) ပေါလု၏ စီမံကိန်း (၁၅:၁၄-၃၃)

(ဇ) အခြားသူများအား အသိအမှတ် ပြု ဆက်ဆံခြင်း (အခန်း၁၆)