ရောဘတ် ကို့ချ်

ဝီကီပီးဒီးယား မှ
ရောဘတ် ကို့ချ်
မွေးဖွားRobert Heinrich Hermann Koch
(1843-12-11)၁၁ ဒီဇင်ဘာ၊ ၁၈၄၃
ဆုံးပါး၂၇ မေ၊ ၁၉၁၀(1910-05-27) (အသက် ၆၆)
Baden-Baden, Grand Duchy of Baden
နိုင်ငံလူမျိုးဂျာမန်
နယ်ပယ်အဏုဇီဝဗေဒ
အဖွဲ့အစည်းဌာနImperial Health Office, Berlin, University of Berlin
မိခင်ကျောင်းUniversity of Göttingen
ပါရဂူဘွဲ့ ကြီးကြပ်သူGeorg Meissner[၁]
အခြား ကြီးကြပ်သူများFriedrich Gustav Jakob Henle
Karl Ewald Hasse
Rudolf Virchow
ကျော်ကြားမှုအရင်းခံDiscovery bacteriology
Koch's postulates of germ theory
Isolation of anthrax, tuberculosis and cholera
သူ၏ဩဇာလွှမ်းမိုးခံFriedrich Loeffler
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ
လက်မှတ်

ဂျာမန်လူမျိုး သမားတော် ရောဘတ် ကို့ချ် (Robert Koch) ကို ၁၈၄၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် ဂျာမနီနိုင်ငံကလော့စ်သယ်လ်မြို့၌ မွေးဖွားခဲ့သည်။ ကို့ချ်၏ ဖခင်မှာ သတ္တုတွင်း အရာရှိတစ်ဦးဖြစ်သည်။ ကို့ချ်သည် ငယ်စဉ်ကပင် ဇီဝဗေဒနှင့် ဆေးပညာရပ်များကို စိတ်ဝင်စားခဲ့ကာ ၁၈၆၂ ခုနှစ်တွင် ဆေးပညာရပ် များကို ဆက်လက်သင်ကြားရန်အတွက် ဂေါ့တင်းဂျင်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ခန္ဓာဗေဒ ပါရဂူတစ်ဦးဖြစ်သူ (Friedrich Gustav Jakob Henle)၏ လက်အောက်တွင် ဆေးဘက်ဆိုင်ရာ ပညာရပ်များကို ဆက်လက်သင်ကြားခဲ့ကာ ၁၈၆၆ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ ကို့ချ်၏ ဆေးပညာရပ်အပေါ် စိတ်ဝင်စားမှုတွင် ဆရာဖြစ်သူ Jakob Henle ၏ အတွေးအခေါ်များ ဖုံးလွမ်းခဲ့ကြောင်း ထင်ရှားခဲ့သည်။ ၎င်းသည် "ကူး စက်တတ်သော ရောဂါများသည် အသက်ရှိသော ဇီဝရုပ်ကပ်ပါးကောင်များကြောင့် ဖြစ်ပွားရသည်" ဟူသော Jakob Henle ၏ယူဆချက်ဖြစ်သည်။

ကို့ချ်သည် ပြင်သစ်-ပရပ်ရှား စစ်ပွဲများအပြီးတွင် ဆေးဘက်ဆိုင်ရာ အရာရှိတစ်ဦးဖြစ်လာသည်။ ထိုသို့ အလုပ်လုပ်ကိုင်စဉ် သူ၏ သုတေသနပြု လေ့လာချက်များအရ ပိုးမွှားဗေဒပညာရပ်တွင် ပိုမိုကျွမ်းကျင်လာခဲ့ကာ Louis Pasteur ကဲ့သို့ ပိုးမွှားဗေဒပညာရပ်တွင် ကျွမ်းကျင်တစ်ဦးဖြစ်လာသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ID Tree profile Robert Koch
  2. Fellows of the Royal Society။ Royal Society။ 2015-03-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။