မာတိကာသို့ ခုန်သွားရန်

ရောင့်ရဲတင်းတိမ် လူ့စည်းစိမ်

ဝီကီပီးဒီးယား မှ

ရောင့်ရဲတင်းတိမ် လူ့စည်းစိမ် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“ရောင့်ရဲတင်းတိမ် လူ့စည်းစိမ်” ဆိုသည်မှာ “ရောင့်ရဲတင်းတိမ်ခြင်း” (မိမိရရှိထားသော အရာနှင့် ကျေနပ်တင်းတိမ်ခြင်း၊ လောဘမကြီးခြင်း) သည် “လူ့စည်းစိမ်” (လူ့ဘဝတွင် အကောင်းဆုံးသော ချမ်းသာမှု) ဖြစ်သည်ဟု ဆိုလိုသည်။ ရောင့်ရဲတင်းတိမ်ခြင်းသည် စိတ်၏ ချမ်းသာမှုကို ဖြစ်စေပြီး ပစ္စည်းဥစ္စာများစွာ ရှိခြင်းထက်ပင် ပိုမိုတန်ဖိုးရှိသော စည်းစိမ်ဖြစ်သည်ဟု ယူဆကြသည်။ ဤဆိုရိုးစကားသည် ရောင့်ရဲတင်းတိမ်ခြင်း၏ အရေးပါမှုနှင့် စိတ်ချမ်းသာမှု၏ တန်ဖိုးကို ဖော်ပြသည်။ “သန္တုဋ္ဌိ ပရမံ ဓနံ” (ပါဠိဘာသာဖြင့် ရောင့်ရဲတင်းတိမ်ခြင်းသည် အကောင်းဆုံးသော စည်းစိမ်ဖြစ်သည်) ဟူ၍လည်း အသုံးပြုသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "ရောင့်ရဲတင်းတိမ် လူ့စည်းစိမ် ဆိုသည့်အတိုင်း သင့်ရုံမျှနှင့် ရောင့်ရဲမှုသည် စိတ်အား အနှောင့်အယှက်မပေးနိုင်သော စည်းစိမ်တစ်မျိုး ဖြစ်သောကြောင့်…၊" []
  • "ရောင့်ရဲတင်းတိမ် လူ့စည်းစိမ် ဆိုသည့်အတိုင်း…ဖြစ်တတ်သမျှ ရတတ်သမျှနှင့် ရောင့်ရဲနိုင်လျှင် ဝမ်းနည်းစရာအကြောင်း မရှိသည့်အပြင် ရောက်လေရာရာဘဝ ဖြစ်လေရာရာအဆင့်အတန်းတို့၌ ဆင်းရဲနိုင်ဖွယ်အကြောင်း မရှိဘဲ စိတ်အေးလက်အေး နေနိုင်မည်သာ ဖြစ်ပေသည်။" []

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၁၄] မင်မြု။ ၃၃၉။
  3. [၁၃၂၉] စိတ်အရသာ။ ၇၈။