ရေဥ
ပုံပန်းသွင်ပြင်
| Marimo | |
|---|---|
| Marimo in Lake Akan in Japan | |
| မျိုးရိုးခွဲခြားခြင်း | |
| (unranked): | Viridiplantae |
| မျိုးပေါင်းစု: | Chlorophyta |
| မျိုးပေါင်း: | Ulvophyceae |
| မျိုးစဉ်: | Cladophorales |
| မျိုးရင်း: | Pithophoraceae |
| မျိုးစု: | Aegagropila |
| မျိုးစိတ်: | A. linnaei |
| ဒွိနာမ | |
| Aegagropila linnaei Kützing | |
ရေဥ (Aegagropila linnaei) သည် ရေညှိမျိုးဖြစ်၍ ကမ္ဘာ့မြောက်ပိုင်းရှိ ရေကန်အချို့တွင် တွေ့ရှိရသည်။ ရေဥသည် အစိမ်းရောင်ဘောလုံးကလေးများအဖြစ် ရှားပါးသည့် ပုံစံဖြင့် စုဝေးနေလေ့ရှိသည်။ ဂျပန်တွင် မာရိမို ဟုခေါ်၍ အမျိုးသားရတနာတစ်ရပ်အဖြစ် အထူးထိန်းသိမ်းစောင့်ရှောက်ကာ ပွဲတော်များ ကျင်းပကြသည်။ မြန်မာနိုင်ငံတွင် ကသာခရိုင် ဗန်းမောက်မြို့နယ်ရှိ နောင်လုံရွာနှင့် နန်းစားရွာအနီးရှိ အင်းများတွင် တွေ့ရလေ့ရှိကာ ကဒူးနှင့် ကဏန်းလူမျိုးတို့ကအစားအစာအဖြစ် စားသုံးကြသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကသာ-သင်းမွှေး၊ ၁၉၆၅-ခုနှစ်၊ အမှတ်(၂၂၈) ဇန်နဝါရီလထုတ် သွေးသောက်မဂ္ဂဇင်း စာမျက်နှာ (၁၅၁)