ရေမြင်းကန်
ပုံပန်းသွင်ပြင်
ရေမြင်းကန် Mare aux Hippopotames | |
---|---|
![]() Map at entrance | |
တည်နေရာ | Burkina Faso |
အနီးဆုံး မြို့ | Bala |
ဧရိယာ | 163 km² |
ဖွဲ့စည်း | 1937 |
ရွေးချယ်ခြင်း | 27 June 1990 |
ရည်ညွှန်းနံပါတ် | 491[၁] |
ရေမြင်းကန် (Mare aux Hippopotames) သည် ဘာကီးနားဖားဆိုနိုင်ငံတွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ ၎င်းကန်သည် အမျိုးသားဥယျာဉ်တစ်ခုလည်း ဖြစ်သည်။ ၎င်းကို ၁၉၃၇ တွင် စတင်ဖန်တီးခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် နိုင်ငံရှိ ယူနက်စကို၏ Biosphere Reserve နေရာအဖြစ် ပြုလုပ်ခဲ့သည်။ ဥယျာဉ်ကို သန့်ရှင်းကြည်လင်သည့် ရေကန်၏ ပတ်လည်တွင် ပြုလုပ်ထားသည်။ ဥယျာဉ်တွင် ရေမြင်း အကောင် ၁၀၀ ခန့်ရှိပြီး တစ်နှစ်လျှင် လာရောက်လည်ပတ်သူ ၁၀၀၀ ဝန်းကျင်ခန့်ရှိသည်။ ၎င်းသည် Bobo-Dioulasso မြို့မှ မြောက်ဘက် ၆၀ ကီလိုမီတာခန့် (၃၇ မိုင်) အကွာတွင် တည်ရှိသည်။ ဥယျာဉ်သည် ၁၆၃ စတုရန်းကီလိုမီတာခန့် (၆၃ စတုရန်းမိုင်) ကျယ်ဝန်းသည်။[၂]

ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Mare aux Hippopotames30 September 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . at Birdlife.org
- Mare aux Hippopotames21 October 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . at UNESCO
ကိုးကား
[ပြင်ဆင်ရန်]- ↑ La Mare aux hippopotames။ 25 April 2018 တွင် ပြန်စစ်ပြီး။
- ↑ World Conservation Monitoring Centre (1991)။ Protected areas of the world: a review of national systems, Volume 2။ IUCN။ p. 10။ ISBN 2-8317-0092-2။