ရေချမ်းစင်

ဝီကီပီးဒီးယား မှ
သောက်ရေချမ်းစင်တစ်ခု

ရေချမ်းစင် ဟူသည် လမ်းသွားလမ်းလာ သောက်ရေလိုအပ်သူများအတွက် အချိန်မရွေး သောက်သုံးနိုင်ရင် လမ်းဆုံ၊ ဇရပ်၊ သစ်ပင်ရိပ် စသည့် နေရာများတွင် ထားရှိပြီး၊ ရေကောင်းရေသန့်အိုးလိုက် ဖြည့်ပေးထားသော ရေသောက်ရန်နေရာ ဖြစ်သည်။ လွန်ချစ်စရာကောင်းသော မြန်မာဓလေ့များထဲမှ တစ်ခုဖြစ်သည်။ ရိုးရာဓလေ့ ရေချမ်းစင်သည် ကရွတ်ခွေနှင့် အုန်းမှုတ်ခွက်နှင့် ဖြစ်၏။ ယခုခေတ်တွင် ပလပ်စတစ်ခွက်များ၊ သို့မဟုတ် တစ်ခါသုံးစက္ကူခွက်များဖြင့် ရေသောက်ရန် ပြင်ဆင်ပေးထားကြသည်။ ကျန်းမာရေးနှင့် ညီညွတ်စေရန် ရေသန့်စင်စက်ဖြင့် အလိုအလျောက် ရေသန့်ထွက်လာအောင် ဖန်တီးနိုင်လာကြပြီ ဖြစ်သည်။ ရေချမ်းစင်များသည် ရှေးအခါက သစ်ရိပ်ဝါးရိပ်အနီးတွင် ရှိရာ အနီးအနားတွင် ရေဝပ်လေ့ မရှိပေ။ ယခုအခါတွင် ရေဝပ်ခြင်း၊ ခြင်ယင်ပေါက်ဖွားခြင်း၊ ရေသောက်သုံးသူများ စည်းကမ်းမဲ့အမှိုက်ချန်ခဲ့ခြင်းမှား မပြုလုပ်စေရန် ဂရုစိုက်စလာကြသည်။

ခေတ်အလိုက် ရေချမ်းစင်ပုံသဏ္ဌာန် အမျိုးမျိုးကို မြန်မာနိုင်ငံ အနှံ့အပြားတွင် မြင်တွေ့နိုင်သည်။

ရေချမ်းစင် အမည်ဖြင့် စာအုပ်တစ်အုပ်ကို စာရေးဆရာကြီး မင်းသုဝဏ် ထုတ်ဝေခဲ့ဖူးသည်။

အင်းဝရှိ ရေချမ်းစင်