ရေခဲစေတီ

ဝီကီပီးဒီးယား မှ
The Ice Stupa project
Ice stupas near Phyang Monastery in February 2018
Commercial?No
Type of projectWater conservation
LocationLadakh, India
OwnerStudents' Educational and Cultural Movement of Ladakh (SECMOL)
FounderSonam Wangchuk
CountryIndia
Key peopleSonam Wangchuk
Establishedအောက်တိုဘာ ၂၀၁၃; ၁၀ နှစ် အကြာက (၂၀၁၃-၁၀)
BudgetCrowdfunding
StatusOperational
Websiteicestupa.org

ရေခဲစေတီ (Ice Stupa) သည် ဆောင်းရာသီတွင် ရေများကို ထိန်းသိမ်းထားနိုင်ရန်အတွက် ရေခဲစေခြင်းနည်းပညာကို အသုံးပြုထားသည့် ကန်တော့နှင့်တူသည့် ရေခဲပုံဆောင်ခဲ ဖြစ်သည်။ နွေရာသီ၌ မလုံလောက်သဖြင့် ရေခဲစေတီကို အရည်ပျော်စေကာ သီးနှံများအတွက် လိုအပ်သည့်ရေကို ထောက်ပံ့ပေးသည်။ ရေခဲစေတီကို အိန္ဒိယနိုင်ငံ၊ Ladakh မြို့ရှိ အင်ဂျင်နီယာ Sonam Wangchuk က တီထွင်ထားသည်။ ၎င်းစီမံကိန်းကို NGO Students' Educational and Cultural Movement of Ladakh က တာဝန်ယူကာ တည်ဆောက်ခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့ပြီး စီမံကိန်းစမ်းသပ်မှုကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည်။ ၎င်းစီမံကိန်း၏ အမည်ကို “ရေခဲစေတီစီမံကိန်း” ဟု အမည်ပေးခဲ့သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် Sonam Wangchuk သည် ရေခဲစေတီ ဖြင့် Rolex Awards for Enterprise ဆုကို ရရှိခဲ့သည်။

Aerial view of Ice stupa and Phyang monastery from flight

လဒက် (Ladakh) သည် အေးမြသည့်ကန္တာရတစ်ခုဖြစ်ပြီး ဆောင်းရာသီ၌ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများသည် အေးမြသည့်မြေဆီလွှာနှင့် နိမ့်ပါးသည့်အပူချိန်များကို လုပ်ဆောင်နိုင်ခြင်း မရှိပေ။ နွေဦးရာသီရောက်လျှင် သီးနှံများစိုက်ပျိုးရန်အတွက် ရေလိုအပ်ချက်သည် များပြားလာပြီး စမ်းချောင်းများသည် ခမ်းခြောက်နေကြသည်။ နှစ်ပတ်လည် မိုးရေချိန်မှာလည်း ၅၀ မီလီမီတာ (၂ လက်မ) အောက်ပင် လျော့နည်းနေသည်။ ထို့အတွက် လဒက်ဒေသရှိ စိုက်ပျိုးရေးလုပ်ငန်းများသည် နှင်းနှင့် ပျော်ကျစီးဆင်းနေသည့် ရေခဲများအပေါ် လုံးဝမှီခိုလျက်ရှိသည်။ ရာသီဥတုပြောင်းလဲမှုများကြောင့် ထိုဒေသတွင် နွေရာသီအပူချိန်များမှာလည်း မြင့်မားလာပြီး အချိန်နှင့်အမျှ ရေခဲများအရည်ပျော်မှုသည်လည်း မြင့်တက်လာခဲ့သည်။ နွေဦးရာသီတွင် အစားအသောက်ဆိုင်ရာ ထောက်ပံ့မှုများနှင့် စိုက်ပျိုးရေး စသည့်လုပ်ငန်းများအတွကက် ရေသည် မလုံလောက်မှုသည် ပိုမို၍ ဖြစ်လာခဲ့သည်။[၁][၂][၃]

မေလကာလတစ်ခုတွင် Sonam Wangchuk သည် တံတားတစ်ခု၏ အောက်တွင် ရေခဲများကို သတိပြုမိခဲ့သည်။ ၎င်းမှာ နွေရာသီအချိန်ကာလမှ လွဲ၍ လဒက်ဒေသ၏ အနိမ့်ဆုံးနေရာများတွင် နေရောင်ခြည်တိုက်ရိုက်မထိတွေ့ပါက ရေခဲများသည် အရည်မပျော်သည်ကို သတိပြုမိခဲ့ခြင်း ဖြစ်သည်။ Sonam Wangchuk က ရေခဲများကို နေရောင်ခြည်ထိတွေ့မှုက အကာအကွယ်ပေးမည်ဆိုပါက အရည်ပျော်ခြင်း မရှိဘဲ ကြာရှည်စွာ ထားနိုင်မည်ကို နားလည်ခဲ့သည်။ ကြီးမားသည့် ရေပမာဏရှိသည့် ထုထည်ကို အမိုးအကာ ပြုလုပ်ရန်မှာ မဖြစ်နိုင်သည်ကို Wangchuk သည် နားလည်ခဲ့သည်။ ၎င်းသည် ရေကို ကတော့ပုံစံအေးခဲကာ ထိန်းသိမ်းထားရှိရန် စဉ်းစားခဲ့သည်။ ထိုသို့ထားရှိပါက နေရောင်ခြည်မှ နေရာမျက်နှာပြင် အနည်းငယ်ကို ကာကွယ်ထားခြင်းဖြင့် ရေထုထည်များစွာကို ထိန်းသိမ်းထားရှိနိုင်မည် ဖြစ်သည်။[၂]

၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် Sonam Wangchuk ၆ မီတာ (ပေ ၂၀ ) ရှိသည့် ရေခဲစေတီ ပုံစံနမူနာတစ်ခုကို ပြုလုပ်ခဲ့သည်။ ဤနမူနာပုံစံသည် ရေ ၁၅၀၀၀၀ လီတာ (၄၀၀၀၀ ဂါလံ) ကို ထိန်းသိမ်းထားကာ နေရောင်ခြည်မှလည်း မည်သည့်အကာအကွယ်မှ ကာရံထားမှုမရှိပေ။ ကမ္ဘာမြေဆွဲအားဖြင့် ရေကို အဆန်ဘက်မှ ပိုက်ဖြင့်ဆက်သွယ် စီးဆင်းစေခဲ့သည်။ ရေကို စုပ်တင်ရာတွင် စက်ပစ္စည်းနှင် လျှပ်စစ်စသည်တို့ကို အသုံးပြုခြင်း အလျှင်းမရှိပေ။ ရေခဲစေတီသည် ၂၀၁၄ ခုနှစ် မေလ ၁၈ ရက် အပူချိန် ၂၀ °C (68 °F) ရှိသည့်တိုင်အောင် အရည်ပျော်ခြင်း လုံးဝမရှိပေ။ [၁][၂][၃][၄]

စိုက်ပျိုးရေးအတွက် ရေကို ချွေတာရန်နှင့် လူတို့ပြုလုပ်ထားသည့် ရေခဲပုံဆောင်ခဲများကို အားပေးရန် ရည်ရွယ်ချက်ဖြင့် ရေခဲစေတီပြိုင်ပွဲကို ၂၀၁၉ ခုနှစ်ကတည်း ကျင်းပခဲ့သည်။ [၅]၂၀၁၉ ခုနှစ်တွင် ရေခဲစေတီ အခုရေ ၁၂ ခုကို တည်ဆောက်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ၂၅ ခုပတ်ဝန်းကျင် တည်ဆောက်ခဲ့သည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "Ice Stupas: Conserving water the 3 Idiots way"၊ Forbes India။ 21 November 2016 တွင် ပြန်စစ်ပြီး 
  2. ၂.၀ ၂.၁ ၂.၂ "Sonam Wangchuk Wins the Rolex Award"၊ thewire.in/။ 21 November 2016 တွင် ပြန်စစ်ပြီး 
  3. ၃.၀ ၃.၁ "Ice Stupas: Water conservation in the land of the Buddha"၊ indiawaterportal.org။ 21 November 2016 တွင် ပြန်စစ်ပြီး 
  4. "Ice Stupa - A Form of Artificial Glacier"၊ Official website။ 21 November 2016 တွင် ပြန်စစ်ပြီး 
  5. Villages in Ladakh compete for building artificial glaciers : The Tribune India