ရေကုသိုလ်

ဝီကီပီးဒီးယား မှ

ရေကုသိုလ် သည် နွေရာသီ ခရီးသွားများအတွက် ရေအိုးပိုက်ကာ ရေလိုက်လှူကြသော မြန်မာနိုင်ငံ၏ အညာကျေးလက် ရိုးရာဓလေ့ ဖြစ်သည်။ အညာအရပ်ဘက်သို့ သွားသော မီးရထားခရီးသည်များ အတွက် သောက်ရေလှူဒါန်းသောဓလေ့ ဖြစ်သည်။ အများစုသော ရေကုသိုလ် အလှူရှင်များမှာ ဆင်းရဲသောမိန်းမပျိုများဖြစ်သည် ဟု သိရသည်။ ရေကြည်ခံထားသော သောက်ရေအိုးများ ကိုယ်စီရွက်လျက် ဘူတာရုံသို့ ရထားဆိုက်ချိန်တွင် အဖွဲ့လိုက် ရောက်လာလေ့ရှိသည်။ အချို့ခရီးသည်များက ရေအလှူကို တုံ့ပြန်သောအားဖြင့် ငွေစကြေးစများ ပြန်ပေးတတ်ကြသည်။ ပူပြင်းသောရာသီဥတုမျိုးတွင် ရောက်လာတတ်သော ခရီးသည်များကို အညာမှ ကြိုဆိုပုံတစ်မျိုးဟု ဆိုနိုင်သည်။

စာရေးဆရာဇော်ဂျီ ၏ နွေဦးကျက်သရေ ဆောင်းပါးတွင် ဤရိုးရာဓလေ့ကို ဖော်ကျူးထားသည်။