ရုဒန်နီဆင်
ရုဒန်နီဆင် (Ruth Denison, ၂၉ စက်တင်ဘာ ၁၉၂၂ - ၂၆ ဖေဖော်ဝါရီ ၂၀၁၅) [၁]သည် အမေရိကန်နိုင်ငံ၏ ပထမဆုံးသော ဗုဒ္ဓဘာသာတရားပြဆရာတစ်ဦး ဖြစ်သည်။ သူမသည် ဗုဒ္ဓဘာသာတရားအားထုတ်မှုနည်းလမ်းများကို အမျိုးသမီးများကို ဦးဆောင်ကာ သင်ကြားပြသမှုများ ဆောင်ရွက်ခဲ့သည်။ သူမ၏ တရားစင်တာဖြစ်သည့် Dhamma Dena Desert Vipassana Center သည် ကယ်လီဖိုးနီးယားပြည်နယ်၊ oshua Tree, Mojave Desert တွင် တည်ရှိသည်။ သူမသည် မက်ဆာချူးဆက်ပြည်နယ်၊ ဘာရီရှိ ဝိပဿနာအဖွဲ့ (Insight Meditation Society ) တွင်လည်း တရားပြဆရာတစ်ဦး ဖြစ်သည်။ သူမသည် တစ်ခါတရံ ကယ်လီဖိုးနီးယားပြည်နယ်၊ Woodacre ရှိ စပရစ်ရော့တရားစင်တာတွင် သင်ကြားမှုများ ဆောင်ရွက်သည်။
သူမ၏ လူငယ်ဘဝကို ဂျာမနီတွင် ကြီးပြင်းခဲ့ပြီးနောက်တွင် အမေရိကန်သို့ ရွှေ့ပြောင်းခဲ့သည်။ ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်များတွင် သူမသည် နေရာဒေသမတူညီမှုနှင့် ခြားနားမှုများကို တွေ့ကြုံခဲ့ရသည်။[၂]
သူမသည် ဆရာကြီး ဦးဘခင်က တရားပြသရန် ခွင့်ပြုခဲ့သည့် အနောက်နိုင်ငံသားလေးဦးထဲမှ တစ်ဦး ဖြစ်သည်။ ဆရာကြီး ဦးဘခင်သည် ခန္ဓာတွင် ဖြစ်ပျက်နေသည့် သဘာဝတရားများကို ရှုမှတ်ပွားများသည့် ဝိပဿနာကျင့်စဉ်ကို သင်ကြားပြသပေးပြီး ထင်ရှားသည့် တရားပြဆရာတစ်ဦး ဖြစ်သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]သူမသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အသက် ၉၂ နှစ်အရွယ်တွင် လေဖြတ်ရောဂါကို ခံစားရကာ ဆုံးပါးကွယ်လွန်ခဲ့သည်။[၂]
ပြုစုခဲ့သည်များ
[ပြင်ဆင်ရန်]- Dancing in the Dharma: The Life and Teachings of Ruth Denison by Sandy Boucher (Boston, MA: Beacon Press, 2005. hardcover, $25.95 ISBN 0-8070-7318-0)
- Meetings with Remarkable Women: Buddhist Teachers in America by Lenore Friedman (Boston, MA: Shambhala, Revised and Updated Edition, 2000 ISBN 1-57062-474-7)
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Dancing in the Dharma 6 January 2007 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Bowing to Life Deeply: An Interview with Ruth Denison[လင့်ခ်သေ]
- Who's Who in Buddhism (Ruth Denison) 11 January 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Dhamma Dena Desert Vipassana Center 18 November 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ကိုးကား
[ပြင်ဆင်ရန်]- ↑ You must specify title = and url = when using {{cite web}}.Denison၊ Ruth E.။ ။ familysearch။
- 1 2 Ruth Denison, Western Dharma Pioneer and Vipassana Innovator, Dies at 92