ရီယို ပလက်တာနို ဇီဝရပ်ဝန်း ထိန်းသိမ်းရေးဒေသ
ရီယို ပလက်တာနို ဇီဝရပ်ဝန်း ထိန်းသိမ်းရေးဒေသ | |
---|---|
IUCN category II (အမျိုးသားဥယျာဉ်) | |
တည်နေရာ | ဟွန်ဒူးရပ်စ်နိုင်ငံ အရှေ့မြောက်ပိုင်း |
အနီးဆုံး မြို့ | ပါလားဆီယို့စ်မြို့ |
ကိုဩဒိနိတ် | 15°44′40″N 84°40′30″W / 15.74444°N 84.67500°Wကိုဩဒိနိတ်: 15°44′40″N 84°40′30″W / 15.74444°N 84.67500°W |
ဧရိယာ | ၅၂,၈၃၀ ဧက (၂၁၃.၈ km2) |
ဖွဲ့စည်း | ဇူလိုင် ၁၊ ၁၉၄၁ |
လည်ပတ်သူများ | ၁,၃၀၀,၀၀၀ (၁၉၈၂ ခုနှစ်အတွင်း) |
အုပ်ချုပ်ရေး | Department of Protected Areas & Wildlife, State Forestry Administration |
ရီယို ပလက်တာနို ဇီဝရပ်ဝန်း ထိန်းသိမ်းရေးဒေသ* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | ဟွန်ဒူးရပ်စ် |
အမျိုးအစား | သဘာဝ |
ရွေးချယ်သည့်စံနှုန်း | vii, viii, ix, x |
ကိုးကား | ၁၉၆ |
ဒေသ** | ဥရောပ နှင့် မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၂ (ဆဋ္ဌမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ရီယို ပလက်တာနို ဇီဝရပ်ဝန်း ထိန်းသိမ်းရေးဒေသ သည် ဟွန်ဒူးရပ်စ်နိုင်ငံ ၏ ကာရစ်ဘီယံကမ်းရိုးတန်းပေါ်ရှိ လာမော်စကွီတီယာ ဒေသတွင် တည်ရှိသော ၅,၂၅၀ စတုရန်းကီလိုမီတာ ရှိသော ထိန်းသိမ်းထားသော မြေနေရာ ဖြစ်သည်။ နယ်မြေ အများစုသည် ပလက်တာနိုမြစ် တလျှောက်တွင် တည်ရှိသည်။ ထို ထိန်းသိမ်းရေး နယ်မြေ အတွင်းတွင် မျိုးသုဉ်းရန် စိုးရိမ်ရသော သတ္တဝါမျိုးစိတ်များ ရှိပြီး ဟွန်ဒူးရပ်စ်နိုင်ငံ၏ သစ်တောရှိ အကျယ်ပြန်ဆုံး အစိတ်အပိုင်းလည်း တည်ရှိသည်။ ၁၉၈၂ ခုနှစ်မှစ၍ ကမ္ဘာ့အမွေအနှစ်နေရာ နှင့် ဇီဝရပ်ဝန်းထိန်းသိမ်းရေး နယ်မြေ အဖြစ် တည်ရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ယူနက်စကိုမှ ထိုထိန်းသိမ်းရေး ဒေသအား စိုးရိမ်ရသော ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်းတွင် ထည့်သွင်းခဲ့သည်။[၁]
ထိုထိန်းသိမ်းရေး နယ်မြေတွင် တောင်ကုန်းဒေသ နှင့် မြေနိမ့်ဒေသ အပူပိုင်း မိုးသစ်တောဒေသ နှစ်ခုစလုံး ပါဝင်ပြီး အမျိုးမျိုးကွဲပြားသော တောရိုင်းတိရစ္ဆာန်များနှင့် အပင်များ ပြည့်နှက်နေပြီး တိရစ္ဆာန်ကောင်ရေ ၂,၀၀၀ ကျော် ရှိသည်။ ထိုထိန်းသိမ်းရေး ဒေသသည် မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှ အလယ်အမေရိက အထိ ဖြန့်ကျက်လျက်ရှိသော မီဆိုအမေရိကန် ဇီဝ စင်္ကြန် ဒေသ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။