ရီဆုန်ရှင်
ရီဆုန်ရှင်သည် ဂျိုဆွန်းခေတ်ကိုရီးယား၏ရေတပ်ဗိုလ်ချုပ်ဖြစ်သည်။ ကိုရီးယား-ဂျပန် အင်ဂျင်စစ်ပွဲတွင် သူ၏ပြောင်မြောက်လှသောရဲစွမ်းသတ္တိ၊စစ်နည်းဗျူဟာ၊ သခင်ကိုချစ်ခင်မှုတို့ကြောင့် နှစ်ဖက်နိုင်ငံလုံး လေးစားကြသည်။ ထိုစစ်ပွဲတွင် များပြားလှသော ဂျပန်စစ်ရေယာဉ်များကို ၁၀စင်းခန့်သာရှိသော မိမိတို့၏ ရေယာဉ်များဖြင့်အကောင်းဆုံး ဟန့်တားနိုင်ခဲ့သည်။
ဘဝအစ
[ပြင်ဆင်ရန်]ဟန်ဆောင်းတွင် ၁၅၄၅ခုနှစ် ဧပြီ၂၈တွင်မွေးဖွားခဲ့သည်။
ငယ်စဉ်ကပင် အခြားလူငယ်များဖြင့်စစ်တိုက်ခြင်းကစားနည်းများကစားခဲ့သည်။
၁၅၇၆တွင် တပ်မတော်စာမေးပွဲအောင်မြင်ကာသူ၏မြှားပစ်ခြင်းကို ဒိုင်များကသဘောကျခဲ့သည်။ စာမေးပွဲအောင်ပြီးလျှင် မြောက်ပိုင်းတောင်တန်းဒေသများရှိစစ်တပ်တွင်တာဝန်ထမ်းရသည်။
လိပ်သင်္ဘော
[ပြင်ဆင်ရန်]သူ၏အောင်မြင်မှုများထဲမှ လူသိအများဆုံးမှာလိပ်သင်္ဘောဖြစ်သည်။ သူ၏လက်အောက်ငယ်သားများ၏အကူအညီဖြင့်သူ၏စိတ်ကူးဖြစ်သောလိပ်သင်္ဘောကိုဆောက်နိုင်ခဲ့သည်။ အချို့သတင်းများအရလိပ်သင်္ဘောမှာသူစဆောက်ခြင်းမဟုတ်ဘဲ ထယ်ဂျုံဘုရင်လက်ထက်ကပင်ပေါ်ခဲ့သည်ဟုဆိုသည်။
သူ၏လိပ်သင်္ဘောမှာတစ်ဖက်စီတွင် အမြောက်၁၁ခုပါသည်။ဘေးအပေါက်လေးများမှလည်း သေနတ်၊မြှားစသည်တို့ပစ်နိုင်သည်။ ရန်သူများသင်္ဘောချင်းကပ်၍ကူးမလာနိုင်ရန်အမိုးပါသည်။ ရန်သူဂျပန်သင်္ဘောများသည်လိပ်သင်္ဘောများထက်မြင့်၍ကူးမလာနိုင်စေရန်ဖြစ်သည်။ သာမန်အချိန်တွင်လူ၂ယောက် လှော်ရပြီးလှိုင်းထန်ချိန်တွင် လူ၅ယောက်လှော်ရသည့်လှော်တက်၂၀ပါသည်။
နောက်ဆုံးတိုက်ပွဲ
[ပြင်ဆင်ရန်]၁၅ဒီဇင်ဘာ ၁၅၉၈တွင် ဂျပန်ဗိုလ် ရှီမာဇုဦးဆောင်သောဂျပန်ရေတပ်စုသည် စန်ချွန်းကမ်းတွင်စုကြသည်။ သူ၏နေရာကိုသူလျှိုများကြောင့် လီဆွန်းရှင်းမှာသိခဲ့သည်။
ထိုအချိန်က လီဆွန်းရှင်းတွင် ပန်နိုဆို၈၂စီး၊လိပ်သင်္ဘော၃စီးနှင့်တပ်သား၈၀၀၀သာကျန်ခဲ့သည်။ ပြည်သူများပါဝင်ကူကြသည်။
ဒီဇင်ဘာ၁၆ ၁၅၉၈နံနက်ခင်း၂နာရီတွင်တိုက်ပွဲစဖြစ်သည်။ ကိုရီးယားများအင်အားနည်းမှုကြောင့်ဂျပန်များပေါ့လျော့ကြသည်။
ဂျပန်များဆုတ်ခွာပြီးနောက်ကိုရီးယားများအသည်းအသန်လိုက်ကြသည်။ ထိုစဉ်ရန်သူ့တပ်မှကျည်ဆန်မှာ သူ့အားမှန်ခဲ့သည်။ ဒဏ်ရာမှာပြင်းထန်သော်လည်းတပ်သားများကိုအသိမပေးစေ။"စစ်ပွဲမှာအရှိန်တက်နေသည်။ ငါ၏ဝတ်စုံကိုဝတိ၍ငါ၏ဗုံကိုတီးကာငါသေတာကိုမကြေညာနှင့်" ဟူ၍မှာခဲ့ကာမကြာမီသေဆုံးသွားခဲ့သည်။
သူသေခြင်းကိုသူ၏သားနှင့်တူသာမျက်မြင်တွေ့ခဲ့သည်။ သူတို့၂ယောက်မှာ လီဆွန်းရှင်း၏အလောင်းကိုသင်္ဘောအခန်းထဲသို့ပြောင်းကာအခြားသူများမရိပ်မိအောင်လုပ်ခဲ့သည်။ ရီဆန်ရှင်း၏တူမှာ တိုက်ပွဲအတွက်သူ၏ဦးလေးဝတ်စုံကိုဝတ်ကာ အလိုက်သင့်နေခဲ့ရသည်။
စစ်ပွဲအတွင်း ဒုက္ခရောက်နေသော ချန်လင်း(လီဆွန်းရှင်း၏တပည့်)ကိုရီဆန်ရှင်း၏သင်္ဘောက အကူအညီပေးခဲ့၍ ကျေးဇူးတင်စကားဆိုရန်လာချိန်တွင် လီဆွန်းရှင်းမဟုတ်ဘဲသူ၏တူဖြစ်နေသည်။ ထိုအချိန်မှ ချန်လင်းမှာ လွန်စွာဝမ်းနည်း၍အင်မတန်စိတ်ထိခိုက်ကာငိုခဲ့သည်။ ထိုသတင်းမှာပျံ့နှံ့သွားသည်။ တပ်သားများသာမကပြည်သူများပါငိုကြသည်။
သူ၏ဇာတိ အဆန်မြို့သို့ အလောင်းကိုပြန်သယ်လာကာသူ့ဖခင်အုတ်ဂူဘေးတွင်မြှပ်နှံခဲ့သည်။
အထိမ်းအမှတ်
[ပြင်ဆင်ရန်]မျိုးဆက်
[ပြင်ဆင်ရန်]Ancestors
[ပြင်ဆင်ရန်]16. Yi Hyo-jo 이효조 (李孝組) | |||||||||||||||||||
8. Yi Geo 이거 (李琚) | |||||||||||||||||||
17. Lady Ki 기씨 (奇氏) | |||||||||||||||||||
4. Yi Baek-rok 이백록 (李百祿) | |||||||||||||||||||
18. Jin Se-beon 진세번 | |||||||||||||||||||
9. Lady Jin 진씨 (陳氏) | |||||||||||||||||||
2. Yi Jeong (이정 李貞) Internal Prince Deokyeon (덕연부원군 德淵府院君) | |||||||||||||||||||
10. Byeon Seong 변성 | |||||||||||||||||||
5. Lady Byeon 변씨 (卞氏) | |||||||||||||||||||
1. Yi Sun-sin 이순신 (李舜臣) | |||||||||||||||||||
6. Byeon Su-rim 변수림 (卞守琳) | |||||||||||||||||||
3. Lady Byeon (변씨 卞氏) Lady Jeonggyeong (정경부인 貞敬夫人) | |||||||||||||||||||