ရီကာဒို ဆယ်လီနက်စ် ပလီအေဂို

ဝီကီပီးဒီးယား မှ
ရီကာဒို ဆယ်လီနက်စ် ပလီအေဂို
ရီကာဒို ဆယ်လီနက်စ် ပလီအေဂို
မွေးသက္ကရာဇ် (1956-10-19) ၁၉ အောက်တိုဘာ၊ ၁၉၅၆ (အသက် ၆၇)

နိုင်ငံသား မက်ဆီကို
ပညာရေး Tecnológico de Monterrey Tulane University
အလုပ်အကိုင် Grupo Salinas ၏ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၀.၁ ဘီလျံ
သားသမီး ၆ယောက်
ဝက်ဘ်ဆိုက် Ricardo Salinas' Official website

၁၉၅၆ တွင်မွေးဖွားခဲ့သူ ရီကာဒို ဘန်ဂျမင် ဆယ်လ်လီနက်စ် ပလီအေကို သည် မက်ဆီကိုနိုင်ငံသား စီးပွားရေး သမားဖြစ်ပြီး Forbes မဂ္ဂဇင်း၏ ကမ္ဘာ့အချမ်းသာဆုံးလူစာရင်းတွင် ၂၀၀ဝ ခုနှစ်ထဲက ပါဝင်ခဲ့သည်။

သူသည် TV Azteca, Elektra, Iusacell, Unefon, Banco Azteca စသည်တို့လို ကြေးနန်း ဆက်သွယ်ရေး၊ မီဒီယာလုပ်ငန်းများနှင့် လက်လီအရောင်းဆိုင်များကဲ့သို့သော ရင်းနှီးလုပ်ငန်းများ ဖြစ်သည့် Grupo Salinas နှင့် Grupo Elektra တို့၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သည်။


အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

ရီကာဒို ဘီ ဆယ်လီနက်စ် သည် လက်တင်အမေရိက၏ စီးပွားရေး ဦးဆောင်စံပြနှင့် စွန့်ဦးတီထွင်သူများထဲမှ တစ်ဦးဖြစ်သည်။

မက်ဆီကိုရှိ များစွာသောကုမ္ပဏီများပါဝင်ဖွဲ့စည်းထားသော Grupo Salinas ၏ဥက္ကဋ္ဌဖြစ်သောကြောင့် ဆယ်လီနက်စ် သည် လွတ်လပ်စွာကုန်သွယ်ခွင့်၊ အစိုးရကန့်သတ်ချက်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ကို တိုးမြင့်အောင် ဦးစီးဦးဆောင်ပြုခဲ့သည်။ Grupo Salinas သည် ဆယ်လီနက်စ် ၏အဘိုးဖြစ်သူ ဘင်ဂျမင် ဆယ်လီနက်စ် က ၁၉၀၆ ခုနှစ်တွင် Salinas & Rocha ဟူသော ပရိဘောဂကုမ္ပဏီကို စတင်တည်ထောင်ခြင်းဖြင့် စတင်ခဲ့လေသည်။

၁၉၅ဝ ခုနှစ်တွင် ဆယ်လီနက်စ် ၏အဖိုးသည် Grupo Elektra ကိုတည်ထောင်ခဲ့ကာ ၁၉၈၇ တွင် Salinas က အမှုဆောင်အရာရှိချုပ်ဖြစ်လာပြီး ပီဆိုငွေတန်ဖိုးများကျဆင်းသည့်အပေါ် ကုမ်ပဏီက ရှောင်လွှဲနိုင်ခဲ့သည်။ ဆဲလီနက်စ် သည် Elektra အား ကိရိယာတန်ဆာပလာများ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် ပရိဘောဂများထုတ်လုပ်မှုဘက်သို့ ပြန်လည်အာရုံစိုက်စေခဲ့သည်။ သူသည် Elektra ကို မက်ကဆီကိုရှိ အလယ်လတ်တန်းစားသုံးသူများအနက် အကြွေးရောင်းခြင်းနှင့် ငွေကြေး ဆိုင်ရာကုန်စည်နှင့်ဝန်ဆောင်မှုများပံ့ပိုးပေးခြင်းဖြင့် စားသုံးကုန်ဈေးကွက်အသစ်ကို ဖော်ထုတ်ခဲ့သည်။

Grupo Elektra သည် မက်ဆီကိုတွင် အကြီးဆုံးဘဏ္ဍာရေးကုမ္ပဏီအဖြစ် တိုးချဲ့လာနိုင်ပြီး ၂၀၀၂ ခုနှစ်တွင် မက်ကဆီကိုအဖွဲ့အစည်းများကို ပေးအပ်သည့်ဘဏ်လိုင်စင်ကို ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးရရှိခဲ့သည်။ အခြားသောမက်ကဆီကန်လုပ်ငန်းများမှ လျစ်လျူရှုထားသော ပြည်သူလူတန်းစားတစ်ရပ်အတွက် ဈေးကွက်များဖော်ထုတ်ပြီး ဝယ်လာနိုင်စေရန်ရည်ရွယ်ထားသော နည်းဗျူဟာဖြစ်သည်။ ဆဲလီနက်စ် သည် စပိန်ဘာသာစကားတီဗီအစီအစဉ်ကို ထုတ်လွှင့်သော ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ် သည့် TV Azteca ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

ထိုရုပ်သံလွှင့်ဌာနမှာ ယခုအခါအမြတ်အများကြီးရရှိနေပြီး မက်ဆီကိုတွင် တစ်ခုတည်းသော တစ်နိုင်ငံ လုံးအနှံ့ ထုတ်လွှင့်နိုင်သောဌာနဖြစ်သည်။ သူ၏ဦးဆောင်မှုအောက်တွင် TV Azteca သည် Azteca 13 နှင့် Azteca 17 ၏ အောင်မြင်မှုတို့ကြောင့် မက်ကဆီကို၏သက်တမ်းအရှည်ဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင် TV Azteca မှ အမေရိကန် တွင်ရှိသော ၄ဝ မီလျံခန့်ရှိသော စပိန်နွယ်ပြည်သူ များကို ဦးတည်၍ Azteca America အမည်ရှိ စပိန်စကားရုပ်သံလိုင်းတစ်ခုကို စတင် ထုတ်လွှင့်ခဲ့ သည်။ Azteca America သည် လော့စ်အိန်ဂျယ်လိစ်၊ နယူးယောက်၊ ချီကာဂို၊ မိုင်ယာမီနှင့် ဟော်စတွန် ရှိ စပိန်နွယ်ပြည်သူ ၈၉ ရာခိုင်နှုန်းခန့်အတွက် ဈေးကွက် ၆၂ ခုတွင် ဝင်ရောက်ပူးပေါင်းနိုင်ခဲ့လေ၏။ Unefon သည် ဖောက်သည်များထံမှ လစဉ်ကြေး ၁.၄ မီလျံခန့်ရနေသော Grupo Salinas ကုမ္ပဏီ၏ နောက်ထပ် ကြေးနန်းဆက်သွယ်ရေးကုမ္ပဏီဖြစ်ပြီး လုပ်ငန်းစတင်လိုက်ပြီး သုံးနှစ်အတွင်း EBITDA ထက်ပို၍ ဒေါ်လာ ၁၁ဝ မီလျံကို ရရှိလာခဲ့သည်။

ဆဲလီနက်စ် က Verizon နှင့် Vodafone တို့ထံမှ ဝယ်ယူခဲ့ပြီး ကြိုးမဲ့ချိတ်ဆက်သူများက Movil@ccess သို့ Grupo Iusacell ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဈေးပြိုင်ကမ်းလှမ်းရန်သဘောတူနေခဲ့သော Unefon ကုမ်ပဏီသည် Grupo Iusacell နှင့် သဘောတူညီမှုရပြီး မြို့ပြဧရိယာ ၂၃၀ဝ ခန့်နှင့် မြို့ ၁၉ မြို့တို့ကို ချိတ်ဆက်ပေးထားနိုင်ခဲ့ သည်။ Telecosmo သည် ဆဲလီနက်စ် က ၂၀၀ဝ ခုနှစ်တွင်တည်ထောင်ထားသော မက်ဆီကို၏ပထမဆုံးသော ကြိုးမဲ့ အင်တာနက်ချိတ်ဆက်စနစ်၏ ISP ဖြစ်သည်။

ဆဲလီနက်စ် သည် ကျန်းမာရေးနှင့်အာဟာရစောင့်ရှောက်မှု၊ ပညာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းစဉ်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် အကျိုးအမြတ်မကြည့်သည့် Fundación Azteca ကို ၁၉၉ရ တွင် တည်ထောင်ခဲ့သည်။ ထိုဖောင်ဒေးရှင်းသည် အခြားအဖွဲ့အစည်းများကို ငွေကြေးပိုင်းဆိုင်ရာထောက်ပံ့ပေးပြီး အလားအလာ ရှိသည့် ထိရောက်မှုကို ကျားကုတ်ကျားခဲကြိုးစားထားသည့် ဖောင်ဒေးရှင်းဖြစ်သည်။

Fundación Azteca သည် ရန်ပုံငွေဒေါ်လာ မီလျံအမြောက်အမြားကောက်ခံနိုင်ခဲ့ပြီး အသက်ပေါင်း ထောင်သောင်းမကကို အကျိုးပြုနိုင်ခဲ့သည်။ ယနေ့အချိန်တွင် Fundación Azteca သည် လက်တင်အမေရိကတွင် အကျိုးအမြတ်မကြည့်သည့် ဖောင်ဒေးရှင်းအဖြစ် အသိမှတ်အပြုခံရဆုံးဖြစ်နေသည်။

၂၀၀၅ ခုနှစ်တွင် ဆယ်လီနက် သည် အလှူရှင်နှင့် စပိန်နွယ်ပြည်သူတို့ကြားတွင် ပေါင်းကူးတံတားအဖြစ် တစ်နိုင်ငံလုံးအနှံ့ ဆက်စပ်ပေးခြင်းဖြင့် အမေရိကန်ပြည်ထောင်စု အတွင်းရှိ စပိန်နွယ်ပြည်သူအဖွဲ့အစည်း၏ ကောင်းမွန်ရေးကို တိုးတက်အောင်ကြံဆောင်မည့် Fundación Azteca America ကို စတင်လှုပ်ရှား ဆောင်ရွက်ခဲ့သည်။

ဝေဖန်ခံရမှုများ[ပြင်ဆင်ရန်]

ရီကာဒို ဘီ ဆဲလီနက်စ် သည် လက်တင်အမေရိက၏ ဦးဆောင်ရုပ်ပြနှင့်စွန့်ဦးတီထွင်သူများထဲမှ တစ်ဦး ဖြစ်သည့် အပြင် သူသည် အမေရိကန်အာမခံနှင့်ငွေလဲလှယ်ရေးကော်မရှင်နှင့် မက်ကဆီကန် အဖွဲ့ အစည်းများ၏ စုံစမ်းမှုများအပါအဝင် နိုင်ငံရေးနှင့်ဘဏ္ဍာရေးမကောင်းသတင်းထဲတွင် ပါဝင်ပတ်သက် နေသည်။

ဆဲလီနက်စ် သည် သူအကျိုးအမြတ် ဒေါ်လာ ၁၀၉ မီလျံ ရရှိစေခဲ့သည့် လုပ်ဆောင်ချက်ကို ဖုံးကွယ်ရန် အသေးစိတ်ပြင်ဆင်ထားသောစီမံချက်နှင့် ပတ်သက်နေပြီး ၂၀၀၅ ဇန်နဝါရီလတွင် အမေရိကန် အာမခံနှင့်ငွေလဲလှယ်ရေးကော်မရှင်က တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ SEC ကတိုင်တန်းစွပ်စွဲသည်မှာ ဆဲလီနက်စ် နှင့် ပက်ဒီလာ တို့သည် ဈေးကွက်သို့ဖွင့်ဟခြင်းမပြုပဲ ဆဲလီနက်စ် တစ်ယောက်တည်းလုပ်ကိုင်စဉ်က TV Azteca ၏စတော့ရှယ်ယာသန်းပေါင်းများစွာကို ရောင်းချသည် ဟုဆိုသည်။

ဤကိစ္စသည် စက်တင်ဘာ ၂၀၀၆ တွင် Salinas က ဒေါ်လာ ၇.၅ မီလျံပေးပြီး အပြစ်မရှိကြောင်း ပြောခြင်းဖြင့် ပြီးဆုံးသွားခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် သူသည် CNI Canal 40 ၏ထောက်ပံ့ရေးအကြမ်းဖက်မှုအတွက် အစွပ်စွဲခံရသေး သည်။ ဤဒုတိယကိစ္စ၏အကြောင်းမှာ CNI Canal 40 သည် မက်ဆီကိုမြောက်ဘက်ရှိ ရုပ်သံလွှင့်ဌာနတစ်ခုမှ တီဗီ လိုင်းတစ်ခုအကြောင်းဖြစ်သည်။

ထပ်လောင်း၍လည်း သူ၏ဘဏ်သည် အလွဲသုံးစားလုပ်မှုအတွက် မက်ဆီကိုတွင် တရားဆိုင်နေရ သည်။ ဤအကြောင်းအရာသည် ဆင်းရဲသူများကို လုပ်ငန်းရှင်ဖြစ်လာစေဖို့ဖြစ်သော်လည်း ထိုသူများကို အလွဲသုံးစားလုပ်ရန် အတိုးနှုန်းများ မတန်တဆကောက်ခံသလိုသာဖြစ်နေလေသည်။

Grupo Salinas[ပြင်ဆင်ရန်]

Grupo Salinas ၏မူရင်းအစသည် ဆဲလီနက်စ် ၏အဘိုးဖြစ်သူ ဘင်ဂျမင် ဆဲလီနက်စ် က ၁၉၀၆ ခုနှစ်တွင် တည်ထောင်ခဲ့သော Salinas & Rocha အမည်ရှိ မိသားစုပိုင်ပရိဘောဂလုပ်ငန်းလေးဖြစ်သည်။

၁၉၅ဝ တွင် ဆဲလီနက်စ် ၏အဖိုး ဟက်ဂို ဆဲလီနက်စ် ရိုချာ က Grupo Elektra ကိုတည်ထောင်ခဲ့ကာ ၁၉၈၇ ခုနှစ် တွင် ရီကာဒို ဆဲလီနက်စ် ကအမှုဆောင်အရာရှိချုပ်ဖြစ်လာပြီးနောက် သိုလှောင်ပစ်စည်း ၆ဝ ထက် မနည်းရှိခဲ့ပြီး ပီဆိုငွေတန်ဖိုးများကျဆင်းခဲ့သောကြောင့် ဘဏ်ဏ္ဍာရေး ဒုက္ခကို မျက်နှာလွှဲနေနိုင်ခဲ့သည်။ ဆဲလီနက်စ် သည် ကိရိယာတန်ဆာပလာများ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် ပရိဘောဂများထုတ်လုပ်မှု သို့ Elektra ကို ပြန်လည်အာရုံစိုက်ခဲ့သည်။

သူသည် Elektra ကို မက်ကဆီကိုရှိ အလယ်လတ်တန်းစားသုံးသူများအနက် အကြွေးရောင်းခြင်းနှင့် အနောက် ပြည်ထောင်စုများကဲ့သို့ မဟာမိတ်များနှင့် ငွေကြေးပို့ဆောင်ခြင်းစသည့် ငွေကြေးဆိုင်ရာ ကုန်စည်နှင့်ဝန်ဆောင်မှုများပံ့ပိုးပေးခြင်းဖြင့် စားသုံးကုန်ဈေးကွက်အသစ်ကို ဖော်ထုတ်ခဲ့သည်။

နောက်ထပ်နှစ်အနည်းငယ်အကြာတွင် ဆဲလီနက်စ် သည် စနစ်တကျတိုးချဲ့မှုနှင့် ပူးပေါင်းဆည်းပူး ထားသော Grupo Elektra ကိုအကြီးမားဆုံး လက်တင်အမေရိက လက်လီဖြန့်ချိသူအဖြစ် တည်ဆောက်ဖွဲ့စည်းခဲ့သည်။ Grupo Elektra သည် မက်ဆီကိုတွင် အကြီးဆုံးဘဏ်ဏ္ဍာရေးကုမ္ပဏီအဖြစ် တိုးချဲ့လာနိုင်ပြီး ၂၀၀၂ ခုနှစ်တွင် ရာစုနှစ်တစ်ခုအတွင်း မည်သည့်မက်ဆီကန်အဖွဲ့အစည်းကိုမဆို ချီးမြှင့်ပေးသည့် ဘဏ်လိုင်စင်ကို ရရှိခဲ့သည်။

အခြားသောမက်ဆီကန်လုပ်ငန်းများမှ လျစ်လျူရှုထားသော ပြည်သူလူတန်းစားတစ်ရပ်အတွက် ဈေးကွက်များ ဖော်ထုတ်ပြီး ဝယ်လာနိုင်စေရန်ရည်ရွယ်ထားသော နည်းဗျူဟာဖြစ်သည်။ ၂၀၀၃ ခုနှစ် တွင် Grupo Elektra သည် မက်ဆီကိုရှိ ဘဏ်ဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများမှ သတိမမူမိ သော ဖောက်သည်များအတွက် ပိုလျော့ပါးသည့်ကော်မရှင်များကို ချမှတ်ထားသည့် Afore Azetca ကဲ့သို့ ပင်စင်ရေးရာစီမံမှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တရားဝင်လိုင်စင်ကို ချီးမြှင့်ခဲ့ရသည်။

ထို့အတူပင် Grupo Elektra သည် ကျယ်ပြန့်သောဈေးကွက်နှင့်အခြေခံအာမခံကုန်စည်များ ပေါ်ထွက် လာရန် ရည်ရွယ်ထားသော အာမခံကုမ္ပဏီ Seguros Azteca ကိုစတင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ဆဲလီနက်စ် သည် ကမ္ဘာပေါ်တွင် ဒုတိယအကျယ်ပြန့်ဆုံးထုတ်လွှင့်နိုင်သည့် စပိန်ဘာသာစကားတီဗီ အစီအစဉ်တစ်ခုဖြစ်သော TV Azteca ၏ဥက္ကဋ္ဌလည်းဖြစ်သည်။ ထိုအစီအစဉ်သည် မက်ဆီကိုတွင် တစ်ခုတည်းသော တစ်နိုင်ငံလုံးအနှံ့ ထုတ်လွှင့်နိုင်သောဌာန ဖြစ်သည်။

TV Azteca ကို မက်ဆီကန်အစိုးရဆီမှ ရုပ်သံလွှင့်စက်ပစ်စည်းအစုံအလင်ရှိနေသော စတူဒီယိုများနှင့် နိုင်ငံနှစ်နိုင်ငံ၏ တယ်လီဗေးရှင်းလိုင်စင်ကို ဝယ်ယူလိုက်ပြီး ဆဲလီနက်စ် ဦးဆောင်သော ရင်းနှီးမြှုပ်နှံ သည့်အဖွဲ့မှ ၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ သူ၏ဦးဆောင်မှုအောက်တွင် TV Azteca သည် Azteca 13 နှင့် Azteca 17 တို့၏ အောင်မြင်မှုများကြောင့် မက်ဆီကို၏သက်တမ်းအရှည်ဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ထို့နောက် နိုင်ငံသန်းပေါင်း ၁၀၇ နိုင်ငံထဲမှ မက်ဆီကိုရှိ ရုပ်သံလွှင့်ဌာနဖြစ်သော TV Azteca နှင့် Televisa တို့ကသာ ချုပ်ကိုင်သုံးစွဲခွင့်မူဝါဒကို တည်ထောင်ခဲ့သည်။ လတ်တလောအနေဖြင့် ဆဲလီနက်စ် သည် Empresario Azteca အစီအစဉ်ကို တီထွင်ခဲ့ပြီး သူနှင့် အပြိုင်ပင် မက်ကဆီကိုစီးပွားရေးလောကကို အထောက်အကူဖြစ်စေမည့် Empresario Azteca Association (ASMAZ) အစီအစဉ်ကို ထုတ်လွှင့်ခဲ့ပြန်သည်။

ဤခြေလှမ်းသည် Grupo Salinas ၏စီမံရေးရာကျွမ်းကျင်မှု၊ ဘဏ်ဏ္ဍာရေးခိုင်မာမှု၊ ဈေးကွက်အင်အား၊ ဝယ်နိုင် စွမ်းအားနှင့် တိုးချဲ့မည့်ဖြန်ချီရေးလမ်းကြောင်းတို့၏ အကျယ်အဝန်း အတိမ်အနက်တို့ကို လေ့ကျင့်ပေးခြင်း၊ အတိုင်ပင်ခံခြင်း၊ ငွေကြေးပံ့ပိုးခြင်း၊ ကရိယာတန်ဆာပလာရယူခြင်းနှင့် တိုင်းပြည် တစ်ခုလုံး၏ စီးပွားရေး အရင်းအမြစ်များ ထောက်ပံ့ပေးနိုင်ရန်အတွက် ထိရောက်စေသည်။

ဆဲလီနက်စ် သည် ကျန်းမာရေးနှင့်အာဟာရစောင့်ရှောက်မှု၊ ပညာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းစဉ်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် အကျိုးအမြတ်မကြည့်သည့် Fundación Azteca ကို ၁၉၉၇ တွင် တည်ထောင်ခဲ့သည်။ ထိုဖောင်ဒေးရှင်းသည် အခြားအဖွဲ့အစည်းများကို ငွေကြေးပိုင်းဆိုင်ရာထောက်ပံ့ပေးပြီး အလားအလာ ရှိသည့် ထိရောက်မှုကို ကျားကုတ်ကျားခဲကြိုးစားထားသည့် ဖောင်ဒေးရှင်းဖြစ်သည်။

Fundación Azteca သည် ရန်ပုံငွေဒေါ်လာ မီလျံအမြောက်အမြားကောက်ခံနိုင်ခဲ့ပြီး အသက်ပေါင်း ထောင်သောင်းမကကို အကျိုးပြုနိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဆဲလီနက်စ် သည် အလှူရှင်နှင့် စပိန်နွယ်ပြည်သူတို့ကြားတွင် ပေါင်းကူးတံတားအဖြစ် တစ်နိုင်ငံ လုံးအနှံ့ ဆက်စပ်ပေးခြင်းဖြင့် အမေရိကန်ပြည်ထောင်စု အတွင်းရှိ စပိန်နွယ်ပြည်သူအဖွဲ့အစည်း၏ ကောင်းမွန်ရေးကို တိုးတက်အောင်ကြံဆောင်မည့် Fundación Azteca America ကို စတင်လှုပ်ရှား ဆောင်ရွက်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင် TV Azteca မှ အမေရိကန်ပြည်ထောင်စုတွင်ရှိသော ၄ဝ မီလျံခန့်ရှိသည့် စပိန်နွယ်ပြည်သူ များကို ဦးတည်၍ Azteca America အမည်ရှိ စပိန်စကားရုပ်သံလိုင်းတစ်ခုကို စတင် ထုတ်လွှင့်ခဲ့ သည်။ Azteca America သည် လော့စ်အိန်ဂျယ်လိစ်၊ နယူးယောက်၊ ချီကာဂို၊ မိုင်ယာမီ နှင့် ဟော်စတွန် ရှိ အမေရိကန်တွင်နေထိုင်သော စပိန်နွယ် ပြည်သူ ၉ဝ ရာခိုင်နှုန်းခန့်အတွက် ဈေးကွက် ၆၂ ခုတွင် ဝင်ရောက်ပူးပေါင်းနိုင်ခဲ့လေ၏။

၂၀၀၃ ဇူလိုင်တွင် Grupo Salinas ကြေးနန်းဆက်သွယ်ရေးကဲ့သို့သော Movil@ccess သည် ဒေဝါလီခံရဖို့ နီးစပ်နေသော Grupo Iusacell ၏တင်ဒါအော်ဒါ ၇၅ ရာခိုင်နှုန်းကို အောင်မြင်စွာ ဝယ်ယူလိုက်နိုင်သည်။ ထိုအချိန်မှစ၍ Iusaell ၏ဘဏ္ဍာရေးလုပ်ဆောင်ချက်များ၊ ဝန်ဆောင်မှုအရည်အသွေးနှင့် နည်းပညာ မူဝါဒများ မှာ သိသိသာသာတိုးတက်လာခဲ့လေသည်။

မက်ဆီကန်လူမျိုး TV Azteca ရုပ်သံလွှင့်ဌာန၏ လက်ရှိပိုင်ရှင် ရီကာဒို ဆဲလီနက်စ် ပလီအေဂို သည် ဒေဝါလီခံထားပြီးသော အမေရိကန် လက်လီဖြန့်ချိသည့် Circuit မြို့၏ ၂၈ ရာခိုင်နှုန်းကို ဝယ်ယူ လိုက်ပြီဟု ၂၀၀၈ နိုဝင်ဘာ ၁၈ ရက်နေ့က ကြေညာခဲ့သည်။

နှီးနွယ်မှုများ[ပြင်ဆင်ရန်]

ဆယ်လီနက်စ် သည် အပြည်ပြည်ဆိုင်ရာ နိုင်ငံပြောင်းသူများ စီးပွားရေးအကြံပေး ဘုတ်အဖွဲ့၏ အသင်းဝင် တစ်ယောက်ဖြစ်သည်။ သူသည် ကမ္ဘာစီးပွားရေးရာဖိုရမ်၊ လူငယ်ဥက္ကဋ္ဌအဖွဲ့အစည်း၊ မက်ဆီကိုရှိ စီးပွားရေးပါရဂူစားပွဲဝိုင်း အဖွဲ့အစည်းတွင် ပါဝင်ပြီး အမေရိကအဖွဲ့အစည်းနှင့် ဟားဗတ်စီးပွားရေးကျောင်းတို့၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးလည်း ဖြစ်သည်။

ဆက်စပ်ကြည့်ရှုစရာလင့်ခ်များ[ပြင်ဆင်ရန်]