ရိုဆာပတ်

ဝီကီပီးဒီးယား မှ
Rosa Parks
Rosa Parks in 1955, with Martin Luther King Jr. in the background
မွေးဖွားRosa Louise McCauley
(1913-02-04)ဖေဖော်ဝါရီ ၄၊ ၁၉၁၃
Tuskegee, Alabama, U.S.
ကွယ်လွန်အောက်တိုဘာ ၂၄၊ ၂၀၀၅(2005-10-24) (အသက် ၉၂)
Detroit, Michigan, U.S.
ထာဝရ နားခိုရာနေရာWoodlawn Cemetery, Detroit, Michigan, U.S.
အလုပ်အကိုင်Civil rights activist
ကျော်ကြားမှုအရင်းခံMontgomery bus boycott
နိုင်ငံရေး လှုပ်ရှားမှုCivil Rights Movement
အိမ်ထောင်ဖက်(များ)Raymond Parks (လက်ထပ် 1932; died ၁၉၇၇)
လက်မှတ်

ရိုဆာ လူးဝစ် မက်ကောလေး ပတ် (Rosa Louise McCauley Parks) သည် မောင့်ဂိုမာရီ ဘတ်(စ်)လိုင်းအား သပိတ်မှောက်မှု အမည် ရသည့် နိုင်ငံသား အခွင့်အရေးလှုပ်ရှားမှုတွင် ကျော်ကြားသော အာဖရိကန်-အမေရိကန် တက်ကြွလှုပ်ရှားသူ အမျိုးသမီး တစ်ဦးဖြစ်သည်။ အမေရိကန် ကွန်ဂရက် လွှတ်တော်မှ "the first lady of civil rights" ဆုနှင့် "the mother of the freedom movement" ဆုများဖြင့် ဂုဏ်ပြုခံရသူတစ်ဦးလည်းဖြစ်သည်။

၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက် တွင် အမေရိကန် တောင်ပိုင်း အလာဘားမားမြို့တွင် မွေးကာ ၂၀၀၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် မစ်ချီကန်ပြည်နယ် ဒက်ထရာ၌ ကွယ်လွန်ခဲ့သည်။မိခင်မှာ ကျောင်းဆရာမတစ်ဦးဖြစ်ကာ ဖခင်မှာ လက်သမားဆရာတစ်ဦးဖြစ်သည်။ မိဘများ ကွာရှင်းပြီးချိန် တွင် မိခင် နှင့် အတူ မောင့်ဂိုမာရီ ပိုင်းလယ်ဗယ် မြို့ရှိ လယ်တောအိမ်တွင် အဖိုးအဖွား မောင် ဖြစ်သူတို့နှင့် အတူ နေထိုင်ခဲ့သည်။

အထက်တန်းပညာသင်ကြားချိန်တွင် မိခင်ကျန်းမာရေးကြောင့် ကျောင်းထွက်ခဲ့ရသည်။ ၁၉၃၂ ခုနှစ်တွင် မောင့်ဂိုမာရီတွင် အောင်မြင်သော ဆံသဆရာ ရေမွန်ပတ် (Raymend Park) နှင့် လက်ထပ်ခဲ့သည်။

ထိုအချိန် အမေရိက သည် အီဗာဟင် လင်ကွန်းကြောင့် အမေရိကန်တွင် ကျေးကျွန်စနစ် အဆုံးသတ်ပြီးဖြစ်သည်။သို့သော် အသားအရောင်ခွဲခြားဆက်ဆံခြင်းများသည် အထူးသဖြင့် တောင်ပိုင်းဒေသများတွင် ရှိနေဆဲဖြစ်သည်။ အစစအရာရာတွင် လူဖြူနှင့် လူမဲ ခွဲခြားထားသည်။ သီးသန့်စာသင်ကျောင်း၊ သီးသန့်ဘုရားရှိခိုးကျောင်း၊ သီးသန့် ဘုရားရှိခိုးကျောင်း၊ သီးသန့် စတိုးဆိုင်၊ သီးသန့်ဓာတ်လှေကား မှအစ လမ်းဘေး သောက်ရဘုံပိုင်တွင် ရေသောက်သည် အထိ ခွဲခြားထားသည်။

အသားအရောင်ခွဲခြားမှုပြင်းထန်သော တောင်ပိုင်းပြည်နယ်များတွင် KKK (ကူကလပ်ကလန်) ခေါ်တဲ့ ဂိုဏ်းဟာလည်း လူမည်းများကို အခွင့်အရေးစောင့်ကာ ဖမ်းဆီးသတ်ဖြတ်သည်။လူမည်း စာသင်ကျောင်းများ ဘုရားကျောင်းများကို မီးရှို့သည်။

အိမ်ထောင်ကျပြီးချိန်တွင် ရိုစာသည် အချိန်ပိုင်း အလုပ်တစ်ခု ဝင်လုပ်သည်။ ကျောင်းလည်းပြန်တက်သည်။ အလုပ်သွားချိန်များတွင် ဘတ်(စ်)ကားစီးရသည်။ဘတ်(စ်)ကား၏နောက်ဆုံးရှိ " For Colored" ဟု ရေးထားသော ခုံများတွင်သာ ထိုင်ခွင့်ရသည်။ ရှေ့ခုံတွင် မည်မျှ လူလွတ်သည်ဖြစ်စေ လူမည်းများ အနေဖြင့် မည်သည့် အကြောင်းပြချက်နှင့်မျှ မထိုင်ရ။

၁၉၉၅ ခုဒီဇင်ဘာလတွင် ရိုစာသည် ဘတ်(စ်)ကားစီးလာသည်။ အလုပ်က ပင်ပန်းလာသည် အတွက် လူဖြူတွေအတွက် သတ်မှတ်ထားသော ခုံမှာ ဝင်ထိုင်သည်။ကားကလည်းပြည့်နေပြီးဖြစ်သည်။ မှတ်တိုင် တစ်တိုင်တွင် လူဖြူတစ်ဦးတက်လာချိန်၌ ဒရိုင်ဘာက ရိုစာကို နေရာထပေးဖို့ပြောသည်။ရိုစာက ငြင်းဆန်သဖြင့် ရဲခေါ်ခဲ့ရသည်။ ရဲက ရိုစာကို ဖမ်းဆီးခဲ့သည်။

ပြစ်မှုအတွက် တရားရုံးမှ ရိုစာကို ၁၀ ဒေါ်လာ ဒဏ်တပ်ရာ ရိုစာမှ တရားမျှတမှု မရှိကြောင်းပြသရန်ဒဏ်ငွေဆောင်ရန်ကို ငြင်းဆန်ခဲ့သည်။ အထက်လွှတ်တော်သို့ အယူခံဝင်သည်။ထိုနေ့တွင်ပင် လူမည်းခေါင်းဆောင်များ စုစည်းတိုင်ပင်ကာ မြို့တော်ဘတ်(စ်)ကားလိုင်းကို သပိတ်မှောက်ခဲ့သည်။ ထိုသပိတ်မှောက်မှုမှာ ရက်ပေါင်း ၃၈၁ ရက် ကြာခဲ့သည်။

ထိုသပိတ်တိုက်ပွဲ အတွင်းလူမည်းများမှာ ခက်ခဲ ခဲ့သည်။ ကိုယ်ပိုင်ကား ပိုင်ဆိုင် ကြခြင်းမရှိသည့် အတွက် သွားလိုရာကို ခြေကျင် ဖြင့်သာ သွားခဲ့ရသည်။နောက်ဆုံးတွင် အစိုးရ အာဏာပိုင်များမှ အလျော့ပေးကာ ရိုစာကို ဒဏ်တပ်ခြင်းအား ရုပ်သိမ်းခဲ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]