ရိုစီ

ဝီကီပီးဒီးယား မှ

ရိုစီ (ကိုရီးယား: 로지) သည် တောင်ကိုရီးယားရှိ ငွေကြယ်ပွင့်စတူဒီယို (싸이더스) မှ ဖန်တီးသည့် လူယောင် ဖြစ်၏။ သူ့အား အင်စတာဂရမ်ပေါ်တွင် ၂၀၂၀ ပြည့်၊ ဩဂုတ်လတွင် စမြင်ရသည်။ အမေရိကန်ရှိ စီးပွားရေးအတွင်းသတင်း (Business Insider Intelligence) လုပ်ငန်းက ရိုစီသည် ၂၀၂၂ ခုတွင် ဒေါ်လာ ၁၅ ဘီလီယံခန့် တန်ကြေးရှိနိုင်ကြောင်း ခန့်မှန်းထား၏။ [၁]

အသွင်အပြင်[ပြင်ဆင်ရန်]

ရိုစီ၏ပုံပန်းမှာ အသက် ၂၂ အရွယ်၊ အရပ် ၁၇၀ စင်တီမီတာရှိသည့် အရှေ့တိုင်းနှင့်အနောက်တိုင်းသား သွေးနှောပုံ အမျိုးသမီး ဖြစ်သည်။ နဖူးမှာ ယောင်ယောင်ကလေး ပြောင်၏။ အသက် ၁၈-၃၅ ကြား လူငယ်တို့ နှစ်လိုသောပုံစံကို ဒီဇိုင်းထုတ်ကာ သုံးဘက်မြင်လူယောင် ဖန်တီးထားသည်။ [၂]

လူသိများလာခြင်း[ပြင်ဆင်ရန်]

ကနဦးက ရိုစီကို အထူးပြုလုပ်ချက်သုံး၍ ဓာတ်ပုံ၊ ဗီဒီယိုများ တင်တတ်သော မိန်းကလေးဟုသာ ယူဆကြသည်။ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် နောက်လိုက် ၂,၀၀၀ ကျော်ဖြစ်လာပြီးနောက် မည်သူမည်ဝါဖြစ်ကြောင်း အကျဉ်းမျှဖော်ပြရန် မေးမြန်းကြသည်နောက် စတူဒီယိုမှ လူယောင်ဖြစ်ကြောင်း ကြေညာခဲ့၏။ [၃]

ရိုစီအား စခေါ်သည့် စီးပွားရေးလုပ်ငန်းမှာ ရှင်ဟန်အာမခံကုမ္ပဏီဖြစ်ပြီး စက္ကန့် ၃၀ ကြာသည့် ယင်းကြော်ငြာအား ကြည့်သူ ၇ သန်းကျော် ရှိခဲ့၏။ [၄] ၁၅ စက္ကန့်ကြာ ဗီဒီယိုမှာ ၁၁ သန်းကျော် ကြည့်ကြ၏။ [၅] ယင်းအရေအတွက်မှာ တလအတွင်းတွင် ဖြစ်သည်။ နောက် ဆိုးမြို့ရှိ ညောင်ပင်ဟိုတယ်က ဓာတ်ပုံကြော်ငြာအတွက် သုံးသည်။ [၆] ၂၀၂၀ တနှစ်တွင်းပင် ရိုစီသည် ကြော်ငြာများမှာ ဝမ် ၁.၂ ဘီလီယံ (ဒေါ်လာ ၁၀ သန်းကျော်) ရခဲ့၏။ [၆] ၂၀၂၁ ခု၊ ဩဂုတ်လတွင် ချက်ပလက်မှထုတ်သော လျှပ်စစ်ကား၊ လျှပ်စစ်အားကစားသုံးကားတို့အတွက် ကြော်ငြာတွင် ပါဝင်သည်။ [၇]

စီဘီအက်ရေဒီယိုရှိ ကင်ဟွန်ဂျန်၏သတင်းခန်းတွင် ငွေကြယ်ပွင့်စတူဒီယိုမှ အမှုဆောင်ချုပ် ပတ်ဆွန်းယောင် (백승엽) အား ရှေ့လုပ်ငန်းစဉ်ကို မေးမြန်းရာ နတ်ဖလစ်၏ ဇာတ်လမ်းတွဲတခုတွင် ပါဝင်ဦးမည်ဟု အသိပေးသွားသည်။ [၈]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. 안효성. 대박 터진 '로지' 탄생 뒷얘기 [영상]. 중앙일보. 2021-07-07.
  2. 기자. 인플루언서 '로지' 광고 매출만 10억… 가상 인간 개발 '신드롬'. 천지일보. 2021-09-04.
  3. Hyyoon. "Lifelike virtual humans dominate Korean marketing industry". Korea. 2021-09-03.
  4. [신한라이프] 라이프에 놀라움을 더하다 (본편 30초). 신한라이프. 2021-07-01.
  5. [신한라이프] 라이프에 놀라움을 더하다 (본편 15초).신한라이프. 2021-07-26.
  6. ၆.၀ ၆.၁ 김승한. "올해만 벌써 10억"…22살 로지 한국 광고시장 뒤흔드는 비결은?. 매일경제. 2021-08-22.
  7. 오정민. '비키니 인증샷' 화제 된 인플루언서…'신차 광고'까지 찍었다. 한국경제. 2021-08-17.
  8. 박현익. 광고 섭렵한 '가상인간 로지'···넷플릭스까지 진출한다. 2021-09-11.