ရိုက်ထောင့်

ဝီကီပီးဒီးယား မှ

ဂျီဩမေထြီနှင့်ဆိုင်သော အလင်းပညာ ( geometric optics) တွင် ရိုက်ထောင့်ဆိုသည်မှာ မျက်နှာပြင်တစ်ခုပေါ်သို့ ကျရောက်သော ရိုက်လင်းတန်းတစ်ခုနှင့် ထော့မတ်ကျထောင်ထားသော မျဉ်းတို့အကြားရှိ ထောင့် ဖြစ်သည်။ ထိုမျက်နှာပြင်ပေါ်သို့ ထောင့်မတ်ကျထောင်ထားသော မျဉ်းကို normal ဟု ခေါ်သည်။ ရောင်ခြည်တန်းသည် အလင်း၊ အသံ၊ မိုက်ခရိုဝေ့၊ X-ray အစရှိသည့် လှိုင်းတို့ကြောင့် ဖြစ်ပေါ်လာသည်။ အောင်ဖော်ပြပါပုံတွင် အလင်းတန်းတစ်ခုသည် အစက်ချထားသည့် normal မျဉ်းနှင့် ထောင့် θ ကို ဖြစ်စေသည်။ အလင်းတန်းသည် အတွင်းပိုင်းဘက်သို့ လုံးဝ အလင်းပြန်ပါက ထိုရိုက်ထောင့်ကို Critical Angle ဟု ခေါ်သည်။ ပြန်ထောင့် (angle of reflection) နှင့် ယိုင်ထောင့် (angle of refraction) တို့သည် ရောင်ခြည်တန်း (beams) နှင့်ဆိုင်သည့် ထောင့်များ ဖြစ်ကြသည်။[၁]

ကြားခံနယ်နှစ်ခု (ရေနှင့် လေ) အကြား အလင်းများယိုင်နေပုံ

Glancing angle[ပြင်ဆင်ရန်]

ရိုက်ထောင့်သည် ၉၀ ဒီဂရီထက်နည်းပါက glancing angle သို့မဟုတ် grazing angle ဟု ခေါ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Allen R Miller and Emanuel Vegh (1993). "Exact Result for the Grazing Angle of Specular Reflection from a Sphere". SIAM Review 35: 472–480. doi:10.1137/1035091.