မာတိကာသို့ ခုန်သွားရန်

ရိန်းဘိုးတံတား (တိုကျို)

ဝီကီပီးဒီးယား မှ
ရိန်းဘိုးတံတား
レインボーブリッジ
ကိုဩဒိနိတ်35°38′11″N 139°45′49″E / 35.63639°N 139.76361°E / 35.63639; 139.76361ကိုဩဒိနိတ်: 35°38′11″N 139°45′49″E / 35.63639°N 139.76361°E / 35.63639; 139.76361
သယ်ဆောင်မှု
ဖြတ်သန်းမှုTokyo Bay
တည်နေရာMinato, Tokyo, Japan
အချက်အလက်များ
စုစုပေါင်းအရှည်798 m
အကျယ်49 m
အမြင့်126 m (towers), 52 m (roadway)
အကျယ်ဆုံး တံတားအခန်း570 m
တံတားအခန်းရေ3
သမိုင်းကြောင်း
လုပ်ငန်းပြီးဆုံးချိန်1993
ဖွင့်လှစ်သည့်နေ့August 26, 1993
View of the walkway.
Rainbow Bridge at night, lit in white lights.

ရိန်းဘိုးတံတား (レインボーブリッジ, Reinbō Buridji) သည် တိုကျိုပင်လယ်အော်ကို ဖြတ်သန်းဖော်လုပ်ထားသည့် ကြိုးဆိုင်းတံတားတစ်ခု ဖြစ်သည်။ ရှိဘအုရဆိပ်ခံတံတားနှင့် အိုဒိုင်းဘကမ်းနားလမ်းကြားကို ဆက်သွယ်ထားသည့် တံတားဖြစ်သည်။ တိုကျိုမြို့၊ မိနတိုတွင် တည်ရှိသည်။

ဂျပန်ဘာသာစကားဖြင့် ဤတံတား၏ တရားဝင်အမည်မှာ တိုးခယောခိုးရင်းရခုခယော (Tōkyō Kō Renrakukyō, 東京港連絡橋) ဖြစ်သည်။

တံတားကို ခဝဆခိ Heavy Industires မှ ဆောက်လုပ်ခဲ့သည်။[][] ဆောက်လုပ်မှုများကို ၁၉၈၇ တွင် စတင်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။[] တံတား၏ အရှည်မှာ ၇၉၈ မီတာ (၂၆၁၈ ပေ) ရှိပြီး အကျယ်မှာ ၅၈၀ မီတာ (၁၉၀၃ ပေ) ရှိသည်။[] တရားဝင်ခေါ်ဆိုခဲ့သည့်အမည်မှာ "Shuto Expressway No. 11 Daiba Route - Port of Tokyo Connector Bridge," ဖြစ်ပြီး "ရိန်းဘိုးတံတား" ဟူသည့်အမည်မှာ ပြည်သူများက ခေါ်ဆိုသည့် အမည်ဖြစ်သည်။[]

တံတားကို ထောက်ခံပေးထားသည့် မျှော်စင်တိုင်များသည် အဖြူရောင် ဖြစ်ကြသည်။ အိုဒိုင်းဘမှ မြင်တွေ့ရသည့် တိုကျိုမြို့လယ်မြင်ကွင်းနှင့် လိုက်ဖက်ညီစေ အဖြူရောင်ပြုလုပ်ထားခြင်း ဖြစ်သည်။ တံတားတွင် ဝါယာကြိုးများဖြင့် ချိတ်ဆက်ထားသည့် မီးလုံးများ တပ်ဆင်ထားရှိပြီး ၎င်းမီးလုံးများသည် ညစဉ်ညတိုင်း အနီ၊ အဖြူနှင့် အစိမ်းရောင်များအဖြစ်သို့ ပြောင်းလဲလျက်ရှိသည်။ အသုံးပြုသည့် လျှပ်စစ်စွမ်းအင်ကိုမူ နေ့အချိန်ရရှိသည့် ဆိုလာစွမ်းအင်ကို အသုံးပြုထားခြင်း ဖြစ်သည်။

တံတားသို့ ခြေလျင်ဖြင့် တမချိဘူတာ (JR East) သို့မဟုတ် ရှိဘအုရ-ဖုတိုးဘူတာ (ယုရိခမိုမဲ) မှတဆင့် သွားရောက်နိုင်သည်။

အသုံးပြုမှု

[ပြင်ဆင်ရန်]

ရိန်းဘိုးတံတားသည် အထပ်နှစ်ခုပါရှိပြီး သယ်ယူပို့ဆောင်ရေးလမ်းကြောင်း သုံးခုပါရှိသည်။ အပေါ်ထပ်သည် ရှုတိုအမြန်လမ်းမကြီး၏ ဒိုင်းဘလမ်းကြောင်းဖြစ်သည်။ အောက်ထပ်သည် ယုရခမိုမဲအမြန်သယ်ယူပို့ဆောင်ရေးစနစ်လမ်းကြောင်းနှင့် တိုကျိုစီရင်စုလမ်ကြောင်း ၄၈၂ တို့ ဖြစ်သည်။ ၅၀ စီစီအောက် ဆိုင်ကယ်များကို တံတား၏ လမ်းမနှင့် လူလျှောက်လမ်းများတွင် ခွင့်ပြုမထားပေ။

လူလျှောက်လမ်း

[ပြင်ဆင်ရန်]

တံတားအောက်ထပ်၏ မြောက်ဘက်နှင့် တောင်ဘက်တွင် လူလျှောက်လမ်းနှစ်ခု ပါရှိသည်။ မြောက်ဘက်ရှိ လျှောက်လမ်းမှ တိုကျိုတာဝါနှင့် တိုကျိုဆိပ်ကမ်း၏အတွင်းပိုင်းတို့ကို ကြည့်ရှုနိုင်ပြီး တောင်ဘက်လျှောက်လမ်းမှ တိုကျိုပင်လယ်အော်နှင့် တစ်ခါတရံ ဖူဂျီတောင်ကို ကြည့်ရှုနိုင်သည်။ လူလျှောက်လမ်းကို သတ်မှတ်ထားသည့်အချိန်များတွင်သာ အသုံးပြုနိုင်သည်။ နွေရာသီ၌ မနက် ၉ နာရီမှ ည ၉ နာရီအထိဖြစ်ပြီး ဆောင်းရာသီတွင် မနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ဖြစ်သည်။ လျှောက်လမ်း၏ ပိတ်ချိန်မတိုင်မီ ၃၀ မိနစ်၌ ရောက်ရှိရန်လည်း လိုအပ်သည်။[] စက်ဘီးများကို ဆင်းတွန်းသည့် အခြေအနေဖြင့်သာ ဖြတ်သန်းခွင့် ပြုထားသည်။

မြင်ကွင်းကျယ်

[ပြင်ဆင်ရန်]
နေ့ခင်းအချိန် အိုဒိုင်းဘမှ တိုကျိုပင်လယ်အော်ပတ်ဝင်းကျင်ဒေသနှင့်အတူ ရိန်းဘိုးတံတားကို မြင်ရပုံ
နေ့ခင်းအချိန် အိုဒိုင်းဘမှ တိုကျိုပင်လယ်အော်ပတ်ဝင်းကျင်ဒေသနှင့်အတူ ရိန်းဘိုးတံတားကို မြင်ရပုံ

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]