ရာမဂရာမစေတီတော်

ဝီကီပီးဒီးယား မှ
ရာမဂရာမစေတီတော်
रामग्राम नगरपालिका

King Ashoka (right) visits the Ramagrama Stupa (center), to take relics of the Buddha from the Nagas (left), but he failed, the Nagas being too powerful. Southern gateway, Stupa 1, Southern Gateway, Sanchi.
ရာမဂရာမစေတီတော် သည် နီပေါနိုင်ငံ တွင် တည်ရှိသည်
ရာမဂရာမစေတီတော်
Location of Ramagrama on map
ကိုဩဒိနိတ်27°29′52″N 83°40′52″E / 27.49778°N 83.68111°E / 27.49778; 83.68111ကိုဩဒိနိတ်: 27°29′52″N 83°40′52″E / 27.49778°N 83.68111°E / 27.49778; 83.68111
တည်နေရာParasi, parasi District, Lumbini Zone, Nepal
အမျိုးအစားစေတီ
ပစ္စည်းအုတ်၊ မြေ
အလျား၅၀ မီတာ (၁၆၀ ပေ)[၁]
အကျယ်၅၀ မီတာ (၁၆၀ ပေ)[၁]
အမြင့်၆.၈၅ မီတာ (၂၂.၅ ပေ)[၁]
စတင်circa 483 BCE[၂]
ပြီးဆုံးcirca 483 BCE[၂]
ရည်ရွယ်ဂေါတမဗုဒ္ဓ

ရာမဂရာမစေတီတော် (နီပေါ: रामग्राम नगरपालिका, Ramgram, Rāmgrām, Rāmagrāma) သည် နီပေါနိုင်ငံ၊ ပရာစီခရိုင် (Parasi), ရမ်ဂရမ်မြို့ (Ramgram) တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က ဂေါတမမြတ်စွာဘုရား၏ ဓာတ်တော်များကို ဌာပနာကာ တည်ခဲ့သည်။[၃] ပါဠိဘာသာစကားဖြင့် ရာမဂါမ (သို့) ရာမရွာ (Rāmagāma) ဟူ၍ ခေါ်ဆိုသည်။

သမိုင်း[ပြင်ဆင်ရန်]

The Malla Mahajanapada

ဂေါတမဗုဒ္ဓ၏ မိဘနှစ်ပါးတို့သည် မဇ္ဈိမဒေသ၏ မတူညီသည့် တိုင်းပြည်နှစ်ခုမှ ဖြစ်သည်။ ဖခင်သည် သက္ကတတိုင်းမှ ဖြစ်ပြီး မယ်တော်မာယာသည် ကောလိယပြည်မှ ဖြစ်သည်။ ဗုဒ္ဓစာပေများတွင် ဘုရားရှင်သည် ပရိနိဗ္ဗာန်ပြုပြီးနောက်တွင် ကျန်ရှိခဲ့သည့် ဓာတ်တော်များကို မဇ္ဈိမဒေသမှ မင်းသားရှစ်ဦးတို့သည် ခွဲဝေယူခဲ့ကြသည်။ မင်းသားတစ်ဦးချင်းစီတို့သည် သူတို့၏ မြို့တော်များတွင်လည်းကောင်း မြို့တော်များ၏ အနီးတွင်လည်းကောင်း စေတီတစ်ဆူစီတည်ခဲ့ကြသည်။ စေတီများတွင်လည်း ဓာတ်တော်များကို ဌာပနာခဲ့ကြသည်။[၄] ထိုစေတီရှစ်ဆူတို့သည် အောက်ပါနေရာတို့တွင် တည်ရှိသည် -

  1. အလ္လကပ္ပ, ဗုလိ (ကာဗုလိ) လူမျိုးများ အခြေချနေထိုင်ရာနေရာ၊ တိကျသေချာသည့် တည်နေရာကိုမူ ယခုအချိန်အထိ သိရှိရခြင်း မရှိသေးပေ။[၅][၆]
  2. ကပိလဝတ်ပြည်, သက္ကတတိုင်း၏ မြို့တော်[၇] (စေတီတော်၏ တည်နေရာနှင့် ပတ်သက်၍ ငြင်းခုံမှုများ ရှိနေသည်။ သို့သော် Piprahwa တွင် တည်ထားခဲ့သည့် စေတီတော်တွင်မူ သက်သေအထောက်အထားများ ရှိသည်။)[၈][၉]
  3. ကုသိနာရုံ, မလ္လာမင်းတို့၏ မြို့တော်[၁၀]
  4. ပါဝါ, မလ္လာမင်းတို့၏ အဓိကမြို့တစ်မြို့[၁၁]
  5. ရာဇဂြိုဟ် မဂဒတိုင်း မြို့တော်[၁၂]
  6. ရာမဂရာမ, ကောလိယမင်းတို့၏ မြို့တော် (ဤမြို့တွင် အခြေချနေထိုင်သူများကို Koliyanagara ဟု ခေါ်ဆိုလေ့ရှိသည်။)[၁၃][၁၄]
  7. ဝေသာလီ, လစ္ဆဝီမင်းတို့၏ မြို့တော်[၁၅]
  8. ဗာရာဏသီ, ကာသိတိုင်း၏ မြို့တော်။ တိကျသေချာသည့် တည်တေရာကိုမူ လက်ရှိအချိန်ထိ မသိရှိရသေး။[၁၆]

နောင်နှစ်ပေါင်း ၃၀၀ ကြာမြင့်ပြီးနောက် အသောကမင်းလက်ထက်တွင် ထိုစေတီများထဲမှ ခုနစ်ဆူကို တူးဖော်ဖွင့်ယူ၍ ဗုဒ္ဓ၏ ဓာတ်တော်များကို ဖယ်ရှားခဲ့သည်။ (အသောကမင်း၏ ရည်ရွယ်ချက်မှာ ဓာတ်တော်များကို စေတီတော်ပေါင်း ၈၄၀၀၀ ကို Maurya Empire တွင် တည်ထားပြီး ထိုစေတီများတွင် ပြန်လည်ဖြန့်ဝေဌာပနာရန် ဖြစ်သည်။) ဒဏ္ဍာရီများအရ နဂါးမင်းသည် ရာမဂြါမစေတီတော်ကို စောင့်ရှောက်လျက်ရှိပြီး အာသောကမင်း၏ ဓာတ်တော်များကို တူးဖော်ယူမှုမှ ဤနဂါးမင်းသည် ကာကွယ်ခဲ့သည်ဟု ဆိုကြသည်။

လက်ရှိ[ပြင်ဆင်ရန်]

ယခုအချိန်တွင် စေတီတော်သည် ဗုဒ္ဓ၏ ဓာတ်တော်ဌာပနာထားသည့် မူလစေတီတော်သာ မပျက်စီးဘဲ ကျန်ရှိတော့သည်။[၃] စေတီတော်သည် မူလတည်ထားကိုးကွယ်စဉ်ကတည်းက ဘုရားဖူးတို့အတွက် ကြီးမြတ်သည့်နေရာတစ်ခုလည်း ဖြစ်ခဲ့သည်။ ၇ မီတာ (၂၃ ပေ) မြင့်သည့် ရုပ်ပွားတော်သည် မြေကြီးပုံထဲသို့ နစ်မြုပ်လျက်ရှိပြီး လေ့လာရှာဖွေမှုများ လုပ်ဆောင်လျက်ရှိသည်။[၄]

ရှေးဟောင်းသုတေသနရှာဖွေခြင်း[ပြင်ဆင်ရန်]

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်[ပြင်ဆင်ရန်]

ဤနေရာကို UNESCO က ၁၉၉၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်ယာယီစာရင်းတွင် ယဉ်ကျေးမှုကဏ္ဍတွင် ထည့်သွင်းခဲ့သည်။[၃]

ပိုမိုကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Shrestha, SS (2001). "Ramagrama excavation II". Ancient Nepal: Journal of the Department of Archaeology 148: 1–29. Retrieved on 2014-11-30. 
  2. ၂.၀ ၂.၁ Cousins, LS (1996). "The dating of the historical Buddha: a review article". Journal of the Royal Asiatic Society 6 (1): 57–63. doi:10.1017/s1356186300014760.  Archived 26 February 2011 at the Wayback Machine.
  3. ၃.၀ ၃.၁ ၃.၂ UNESCO (2014)။ Ramagrama, the relic stupa of Lord BuddhaTentative Lists။ UNESCO World Heritage Centre။ 2014-11-30 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Shrestha, SS (1999). "Ramagrama excavation". Ancient Nepal: Journal of the Department of Archaeology 142: 1–12. Retrieved on 2014-11-30. 
  5. Allakappa။ Palikanon.com။ 2015-05-16 တွင် ပြန်စစ်ပြီး။
  6. Bulī။ Palikanon.com။ 2015-05-16 တွင် ပြန်စစ်ပြီး။
  7. Kapilavatthu။ Palikanon.com။ 2015-05-16 တွင် ပြန်စစ်ပြီး။
  8. Peppe, WC (1898). "The Piprahwa Stupa, containing relics of Buddha". Journal of the Royal Asiatic Society (Article XXIII): 573–88. 
  9. Srivastava, KM (1980). "Archaeological Excavations at Piprāhwā and Ganwaria and the Identification of Kapilavastu". The Journal of the International Association of Buddhist Studies 13 (1): 103–10. 
  10. Kusinārā။ Palikanon.com။ 2015-05-16 တွင် ပြန်စစ်ပြီး။
  11. Pāvā။ Palikanon.com။ 2015-05-16 တွင် ပြန်စစ်ပြီး။
  12. Rājagaha။ Palikanon.com။ 2015-05-16 တွင် ပြန်စစ်ပြီး။
  13. Rāmagāma။ Palikanon.com။ 2015-05-16 တွင် ပြန်စစ်ပြီး။
  14. Koliyā။ Palikanon.com။ 2015-05-16 တွင် ပြန်စစ်ပြီး။
  15. Vesāli။ Palikanon.com။ 2015-05-16 တွင် ပြန်စစ်ပြီး။
  16. Vethadīpa။ Palikanon.com။ 2015-05-16 တွင် ပြန်စစ်ပြီး။