ရာဖယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရာဖယ်
Raffaello Sanzio.jpg
ရာဖယ်ဟု ထင်မှတ်ရသည့် ပုံတူပန်းချီ[၁]
မွေးဖွား ရာဖယ်လို ဆန်ဇီယို ဒါ ရာဘီနို
(၁၄၈၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၃"။-၂၈)မတ် ၂၈၊ ၁၄၈၁ သို့မဟုတ် (၁၄၈၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၄"။-0၆)ဧပြီ ၆၊ ၁၄၈၃
ရာဘီနို, ရာဘီနို မြို့စားပိုင်နယ်
ကွယ်လွန် ဧပြီ ၆၊ ၁၅၂၀(၁၅၂၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၄"။-0၆) (အသက် ၃၇)
ရိုးမားပါပယ်လ်နယ်များ
ကျော်ကြားမှုအရင်းခံ
ထင်ရှားသည့် လုပ်ဆောင်မှု စာရင်း
နိုင်ငံရေး လှုပ်ရှားမှု ဉာဏ်သစ်အရေးတော်ပုံ

ရာဖယ်လို ဆန်ဇီယို ဒါ ရာဘီနို[၂] (အီတလီ: [raffaˈɛllo ˈsantsjo da urˈbiːno]; မတ်လ ၂၈ (သို့မဟုတ်) ဧပြီလ ၆၊ ၁၄၈၃ – ဧပြီ ၆၊ ၁၅၂၀)၊[၃]၊'ရာဖယ်'(/ˈræfəl/, US: /ˈræfiəl, ˌrɑːfˈɛl/), ဟုလည်း ​ခေါ်ကြသည့် ပုဂ္ဂိုလ်သည် ဉာဏ်သစ်အရေးတော်ပုံ ခေတ်တွင် ထင်ရှားကျော်ကြားသော အီတလီ လူမျိုး ပန်းချီဆရာ နှင့် ဗိသုကာပညာရှင် တစ်ဦး ဖြစ်သည်။

ရာဖယ်သည် အလွန်တရာ ဖန်တီးနိုင်စွမ်း ကောင်းသူဖြစ်သည်ကို သူ၏ အသက် ၃၇ နှစ်၌ ကွယ်လွန်ခဲ့သော်လည်း အလွန်တရာ ကြီးမားလှသည့် အလုပ်လုပ်ရာ နေရာကြီးကို ဦးစီးခြင်းဖြင့် ကွယ်လွန်သည့် အခါ များပြားလှသော လုပ်ငန်းများကို ချန်ထားခဲ့သည်များကို ကြည့်ရှုခြင်းဖြင့် သိရှိနိုင်သည်။ သူ၏ ဖန်တီးမှုများကို ယခုအခါ ဗာတီကန် နန်းတော် တွင် ရှိသော သူ၏ အကြီးမားဆုံး ဖန်တီးမှု ဖြစ်သည့် နံရံဆေးရေးပန်းချီ ဖြစ်သည့် ရာဖယ်ခန်း တွင် တွေ့နိုင်သည်။ သူ၏ အတောက်ပဆုံး အနုပညာသည် ဗာတီကန် စတန်ဇာ ဒယ်လာ ဆက္ကနာတူရာ တွင် ရှိသည့် အေသင်ကျောင်းတော် ပင်ဖြစ်သည်။ သူ၏ ရောမမှ အစောပိုင်းနှစ်များတွင် သူ၏ များပြားသော ဖန်တီးမှုတို့သည် သူ၏ ရေးဆွဲမှုများကို သူ၏ လုပ်ငန်းမှ သိသာလှသော အရည်အသွေး အားနည်းမှု တို့ဖြင့် ထုတ်ဝေခဲ့သည်။ သူသည် ရိုးမား၏ ပြင်ပဒေသတို့တွင် သူ၏ ပုံနှိပ်လုပ်ငန်း ဖြင့် လူသိများသော်လည်း သူ၏ ဘဝတစ်လျှောက်လုံးတွင် အလွန်ပင် ဩဇာညောင်းခဲ့သည် ဟု ဆိုနိုင်သည်။

သူကွယ်လွန်ပြီးနောက် သူ၏ တည်ငြိမ်အေးချမ်း၍ သဟဇာတဖြစ်သော အရည်အသွေးများရှိသည့် လက်ရာတို့သည် အမြင့်ဆုံး စံ အဖြစ် တစ်ဖန် သတ်မှတ်ခံရသော အခါ သူ၏ ပြိုင်ဖက် ဟု ဆိုနိုင်သည့် မိုက်ကယ်အိန်ဂျလို ၏ ဩဇာလွှမ်းမိုးမှုသည် ၁၈ ရာစု နှင့် ၁၉ ရာစု ထိတိုင်အောင် ပိုမို တိုးတက်လာခဲ့သည်။ သူ၏ သက်မွေးမှုကို ဂျော်ဂျီယို ဗာဆာရီ ၏ အဆိုအရ သုံးပိုင်းခွဲခြားနိုင်သည်။ အစောပိုင်း ယူအမ်ဘရီယာ မှ နှစ်များ ၊ ထို့နောက် ဖလောရင့် မှ အနုပညာ အစဉ်အလာတို့ကို ဆည်းပူးနေသည့် လေးနှစ်တာ (၁၅၀၄ - ၁၅၀၈) ကာလ ၊ ထို့နောက် သူ၏ ကသီတလင် နိုင်သော နောက်ဆုံး ကာလ (သို့မဟုတ်) အောင်မြင်သော ကာလ (ပုပ်ရဟန်းမင်း နှစ်ဦး နှင့် သူတို့နှင့်ပတ်သက်ရာ ပတ်သက်ကြောင်းများအတွက် ဆယ့်နှစ်နှစ်တာ အလုပ်လုပ်ပေးခဲ့ခြင်း တို့ဖြစ်သည်။ [၄]

ရာဘီနို[ပြင်ဆင်ရန်]

ဂျီအိုဘန်နီ ဆန်တီ၊ရာဖယ် ၏ ဖခင်။ ကောင်းကင်တမန် နှစ်ပါးမှ ဖေးမထားသော ခရစ်တော်, c.1490

အစောပိုင်းဘဝ နှင့် ဖန်တီးမှုများ[ပြင်ဆင်ရန်]

ဂွီဒိုဘယ်လ်ဒို ဒါ မွန်တီဖယ်လ်ထရို, ရာဘီနို မြို့စား (၁၄၈၂-၁၅၀၈), c.1507.

ဖလောရင့်မှ လွှမ်းမိုးမှုများ[ပြင်ဆင်ရန်]

ရိုးမားခေတ်[ပြင်ဆင်ရန်]

ဗာတီကန် "စတန်ဇီ"[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Jones and Penny, p. 171. ဖော်ပြပါ ရာဖယ်၏ ပုံတူသည် "နှောင်းပိုင်းတွင် ဖန်တီးခဲ့သည် များတွင် ရာဖယ်နှင့်အတူဆုံး ပုံတူအဖြစ် အများသဘောတူညီသည့် ပုံတူ"ဟု ဗာဆာရီ ဖြစ်သည်။ ထိုပုံသည် အေသင်ကျောင်းတော် မှ ပုံဖြစ်သည်။
  2. မူကွဲများတွင် ရာဖယ်လို ဆန်တီရာဖယ်လို ဒါ ရာဘီနို (သို့မဟုတ်) ရာဖယ် ဆန်ဇီယို ဒါ ရာဘီနို ဟုလည်း ရှိသည်။ မိသားစုအမည် ဆန်ဇီယို သည် အီတလီ စကား ဆန်တီလက်တင်မှုပြုခြင်း ဖြစ်သော ဆန်တီယပ် မှ ဆင်းသက်လာခြင်းဖြစ်သည်။ သူသည် စာရွက်စာတမ်းများတွင် လက်တင်ပုံစံ ရာဖယ် ရာဘီနပ် ဟု လက်မှတ်ရေးထိုးလေ့ရှိသည်။ Gould:207
  3. Jones and Penny, p. 1 နှင့် ၂၄၆။ သူသည် သူ၏ ၃၇ နှစ်မြောက် မွေးနေ့တွင် ကွယ်လွန်ခဲ့သည်။အခြားသော မှတ်တမ်းများအရ သူသည် မွေးနေ့ နှင့် ကွယ်လွန်ခဲ့သော နေ့ရက်သည် မဟာသောကြာနေ့တွင် ဖြစ်သည်။ထိုအကြောင်းသည် အထက်ပါ အဖြစ်နှစ်ခုလုံး မဖြစ်နိုင်သည့်အလျောက် များစွာ ဆွေးနွေးခြင်းခံရသည်။
  4. Vasari, pp. 208, 230 and passim.
  5. Image။ szepmuveszeti.hu။ Archived from the original on 2012-03-14။