ရာဇဝင်ချုပ်ပထမစောင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်


၁။စံတော်မီဝိသေသလက္ခဏာ

         မူရင်းဟေဗြဲသမ္မာကျမ်းစာတွင် ရာဇဝင်ချုပ်သည် အကြီးမားဆုံးကျမ်းဖြစ်သည်။ ဟေဗြဲဘာသာ စကားအားဖြင့် ‘Journals’ များ သို့မဟုတ် “နေ့ရက်ကာလများ၏ စကားတော်”ဟု အနက်ရသည်။ ဂရိကျမ်းမူ LXXတွင်  Paralipomenaဟုဆို၍ “မြှုပ်ကွက်”ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် Jarome ၏ Latin Vulgate မှ အင်္ဂလိပ်ဝေါဟာရသို့ ယခုကဲ့သို့ ပြန်ဆိုခြင်းဖြစ်သည်။

ရာဇဝင်ချုပ်ပထမစောင်သည် ဓမ္မရာဇဝင်ပထမစောင်နှင့် ဒုတိယစောင်ကို အကျဉ်းချုံး ပြန်လည် အတည်ပြုခြင်း ဖြစ်သည်။ ဓမ္မရာဇဝင်ဒုတိယစောင်သည် ဓမ္မရာဇဝင်တတိယစောင်နှင့် စတုတ္ထစောင်အား ပြန်လည်ဖော်ပြပြီးဖြစ်သည်။ ထို့ကြောင့်ဘာများထူးခြားသနည်းဟု မေးကောင်းမေးနိုင်ကြပါသည်။ ဓမ္မရာဇဝင်ကျမ်းစောင်များသည် သမိုင်းအဖြစ်အပျက်ရှုဒေါင့်ဖြင့် ရေးသားပြီး ရာဇဝင်ချုပ်သည် ဝိညာဉ်ရေးရာ မျက်စိဖြင့် ရေးသားခြင်းဖြစ်ပါသည်။ ဤရာဇဝင်ချုပ်တွင် ဒါဝိဒ်နှင့် လက်ထောက်များ၏ ဗိမာန်တော်အမှုကို အထင်အရှားတွေ့ရမည်။ သို့သော် ယခင် ဓမ္မရာဇဝင်ကျမ်းကဲ့သို့ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးသားများ၊ တေးဂီတပညာရှင်များ၊ အဆိုတော်များနှင့် တံခါးမှူးများအကြောင်းကို အသေးစိတ်ပါရှိမည်မဟုတ်။ ယေရုရှလင်မြို့တော်သို့ ပဋိညာဉ်သေတ္တာသယ်ဆောင်ခြင်း၊ ဗိမာန်တော်ဆောက်လုပ်ဖို့ ကြိုးပမ်းခြင်းနှင့် အခြားယုဒမင်းကောင်းမင်းမြတ်များ အကြောင်းကိုဖတ်ရှုရမည်။ ဒါဝိဒ်မင်းလက်ထက်တွင်မြောက်ပိုင်းနိုင်ငံဟူ၍ သီးသန့်မရှိပါ။ ဒါဝိဒ်မင်းလက်ထက်တွင် မြောက်ပိုင်းနိုင်ငံဟူ၍ သီးသန့်မရှိသေးပါ။ ရာဇဝင်ချုပ်တွင် အာနုန်၊ အဗရှလုံ၊အဒေါနိယနှင့် ရှောလမုန်တို့၏ အမည်များတွေးရမည်မဟုတ်။ ထို့ကြောင့်ဝညာဉ်ရေးရာ နှင့်မဆိုင်၊ မလိုအပ်သောသမိုင်းစဉ်များအချိန်ကုန် လူပန်း၊ အချည်းနှီးထပ်ကြော့ခြင်းမပြုဟုနားလည်ရသည်။ ထိုမင်းများ၏ အတ္ထုပတ္တိများထက်စာလျှင် ဝိညာဉ်ရေးရော စာတကြောင်းက ပိုမိုတန်ဖိုးရှိပါသည်။

ထိုမင်းများ၏ အုပ်စိုးနန်းစံပုံကို ၃ ရာ ၁၄:၂၉၊ ၁၅:၇ တို့တွင် မှတ်တမ်းတင်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဓမ္မရာဇဝင်ကျမ်းများတွင် အခြေခံ၍ ဝိညာဉ်ရေးရာ သင်ခန်းစာပေးခြင်းဖြစ်သည်ဟု ခံယူနိုင်ပါသည်။

အချို့ကျမ်းစာပညာသည်များက ရာဇဝင်ချုပ်သည် ပြည့်စုံခြင်းမရှိ၊ သမိုင်းဆိုင်ရာ အဓိကအချက်များ မပါရှိဟု ဝေဖန်ကြသည်။ မည်သို့ပင်ဖြစ်စေ ဝိညာဉ်ရေးရာစာပေဟု ခံယူနိုင်လျှင် နားလည်းနိုင်ကြပေမည်။ William Kelly က ရာဇဝင်ချုပ်သည် ဝိညာဉ်တော် တန်ခိုးမှုတ်သွင်းထားသော စာအုပ်များဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်၏ အလိုတော်ရောင်ပြန်ဟပ်ခြင်းသည်ဟုဆိုသည်။

သမိုင်းစဉ်လာအဖြစ်အပျက်ပေါင်းစုံအား စုစည်း၍ ရာဇဝင်ချုပ်စာစောင်ဖြစ်လာသည်။ အမှန်မှာ အပိုင်းအစတစ်ခုဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏ အလိုတော်ရှိသောကြောင့်ပြည့်စုံစွာ ပေါ်ထွန်းလာသည်။ အတင်းအဓမ္မ ရေးခိုင်းခြင်းမဟုတ်။ ဘုရားသခင်ကိုယ်တိုင်က အပိုင်းပိုင်းအစစ ကြေမွပြန့်ကြဲနေသော ဣသရေလလူတို့၏သမိုင်း အစအနများကို ပြန်လည်စုစည်းပေးသည်။ ဘုရားသခင်၏ မျက်နှာတော်ရစရာ နည်းလမ်းများကို ဤရာဇဝင်ချုပ်နှစ်စောင်တွင် တွေ့ရပါသည်။ လူအသိညာဉ်သက်သက်ဖြင့် ဖတ်ရှုလျှင် နားရှုပ်စရာရှိပါသည်။ ဣသရေလလူတို့ကို မြင်ရမည်မဟုတ်။ အားလုံးပျက်စီးခဲ့သည်။ ထို့ကြောင့် ထင်သာမြင်သာရှိအောင် ဘုရားသခင်၏ ဝိညာဉ်တော်က ပေးသော အသိညာဉ်ဖြင့် ရေးသားခြင်းဖြစ်၍ ကြည့်တတ်သောသူသည် မြင်နိုင်ပေမည်။

မျက်မှောက်ကာလ ဣသရေလလူမျိုးတို့၏အခြေအနေနှင့် ခရစ်ယာန်လောက၌ လုပ်စားသူများ

အကြောင်းကိုပြု၍ Kelly က ဤသို့မှတ်ချက်ပြုသည်။

ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးမားလှပါသည်။ မျက်မှောက်ကာလတွင် ဘုရားသခင်၏ လူမျိုးတော်သည် သာမန်လူ့ အမြင်ဖြင့်ပြောရလျှင် အားရစာမရှိ၊ အားကိုးစရာမထိုက်ပါ။ ဖရိုဖရဲကစဉ့်ကလျားဖြစ်နေသည်။ သို့သော်လည်း ထို ပစ်စလက်ခတ်ထဲတွင် ဘုရားသခင်၏ အကြံအစည်တော်ကို အံ့ဩဖွယ်ရာ တွေ့ရှိနိုင်သည်။ ထိုပြန့်ကြဲနေသော လူများ ပြန်လည်စုစည်းကြရမည့် အချိန်သည် မင်္ဂလာအချိန်အခါသမယဖြစ်သည်။ မျက်မှောက်ယုံကြည်သူများသည်လည်း ပြန့်ကြဲနေသော အသင်းတော်များအတွက် ဝမ်းနည်းနေမည့် အစားအထံတော်သို့ စုရုံရောက်ရှိကြမည့် အချိန်အခါကိုသာ လက်ချိုးစောင့်မျှော်အပ်ပါသည်။

ရာဇဝင်ချုပ်စာစောင်များသည် သမိုင်းမှတ်တမ်းသက်သက်မဟုတ်။ ကမ္ဘာဦးအာဒံမှစ၍ ဣသရေလလူများ ဗာဗုလုံကျွန်မှ ပြည်တော်ပြန်ရသည့် ကာလကြားဓမ္မမှတ်တမ်းဖြစ်သည်။ ယုံကြည်သူများ အသက်တာအတွက် သင်ခန်းစာကောင်းဖြစ်သည်။

၂။ကျမ်းရေးသူ

         ကျမ်းပညာရှင်အများစုက ဧဇရဖြစ်သည်ဟု ကောက်ယူကြသည်။ အကြောင်းမှာ ရာဇဝင်ချုပ် ဒုတိယစောင်၏ နောက်ဆုံးကျမ်းပိုဒ်ငယ် (၂)ခုသည် ဧဇရ မှတ်စာ၏ ပထမဆုံးကျမ်းပိုဒ်ငယ် (၂)ခုနှင့်တူညီသောကြောင့် ဖြစ်သည်။ စာရေးသားဟန်လည်း အများအပြားတူညီသည်။ ကျမ်းရေးသူသည် ခေတ်ပြိုင်ကာလတွင် ပေါ်ထွန်းသော အချက်အလက်များကို ကိုးကားထားသည်။ ကိုးကားထားသောစာစောင်များကို လေ့လာကြည့်ကြပါစို့။

၁။The book of Samuel the seer

(၅ရာ ၂၉:၂၉)

၂။The book of Nathan the prophet

(၅ရာ ၂၉:၂၉)

၃။The book of Gad the seer

(၅ရာ ၉:၂၉)

၄။The prophecy of Ahijah the Shilonite

(၆ရာ ၂၉:၂၉)

၅။The Visions of Iddo the seer

(၅ရာ ၁၂:၁၅)

၆။The book of Shemaiah the prophet

(၅ရာ ၁၂:၁၅)

၇။The book of Iddo the seer

(၆ရာ ၁၃:၂၂)

၈။The annals of the prophet Iddo

(၆ရာ ၁၃:၂၂)


၉။The book of the kings of Israel and Judah

(၆ရာ ၂၀:၃၄။ ၂၇:၇။ ၃၂:၃၂)

၁၀။The Story of the book of the kings

(၆ရာ ၂၄:၂၇)

၁၁။The Vision of Isaiah the prophet

(၆ရာ ၂၆:၂၂၊ ၃၂:၃၂)

The Saying of Hozai (၆ရာ ၃၃:၁၉)

၃။ အချိန်ကာလ

         ဣသရေလတို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီးနောက်ပိုင်းတွင် ရေးသားခြင်းဖြစ်သည်။ (၆ရာ ၃၆:၂၂-၂၃)။ ဆွေမျိုးစဉ်လိုက် ရေတွက်လျှင်ပိုမိုသိရှိနိုင်သည်။ ဒါဝိဒ်မင်းနန်းစဉ်၏ နောက်ဆုံးမင်းဆက်အာနနိ (၅ရာ၃:၂၄) သည် ယေခေါနိမင်းထက် မင်းဆက်(၈)ပါးနောက်ကျသည်။ ထိုကာလသည် ဘီစီ ၆၀၀ ခုနှစ်ဖြစ်သည်။ ပျမ်းမျှခြင်းအားဖြင့် မင်းဆက်တပါးလျှင် (၂၅) နှစ်နှုန်းဖြင့် တွက်လျှင် အစောဆုံး ဘီစီ ၄၀၀ ခန့်ကျသည်။ ထို့ကြောင့် ရာဇဝင်ချုပ်သည် ဘီစီ ၄၀၀ နောက်ပိုင်းတွင်  ရေးသားခြင်းဖြစ်ပေသည်။ ကျမ်းရေးသူက ဒါဝိဒ် နန်းရိုးစဉ်ဆက်အတိုင်းရေးသားသောကြောင့် ထိုပုံသေနည်းအတိုင်းတွက်ကြည့်ပါ။

ရာဇဝင်ချုပ်သည် ဓမ္မဟောင်းကျမ်း၏ နောက်ဆုံးကျမ်းဖြစ်သော မာလခိကျမ်းရေးသည့် ကာလနှင့်နီး စပ်သည်။

၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

ကျမ်းရေးသည့်ကာလကို ထောက်ရှု၍ သမိုင်းနောက်ခံမှန်းဆရသည်။ သက်ဦးဆံပိုင်အုပ်ချုပ်မှုစနစ် မစွံ။ သို့သော်လည်း ဒါဝိ၏သွေးသားမေရှိယသခင်ပေါ်ထွန်းလာမည့် မျိုးရိုးလမ်းကြောင်းက ရှိနေသည်။

ရှင်ဘုရင်အုပ်စိုးမှုစနစ် မှေးမှိန်သွားသော်လည်း ဗိမာန်တော်ကို ဝိညာဉ်ရေးရားဂေဟာအဖြစ် ဝိုင်းအုံစုဖွဲ့နေသည်။ ထိုအကြောင်းကို W.Graham Scroggie ကဤသို့ဆိုသည်။

ဝတ်ပြုကိုးကွယ်ခြင်းထုံးနည်းနာများ အသားပေးပါသည်။ ဗိမာန်တော်သည် ဝတ်ပြုရာ၊ ယဇ်ပုရောဟိတ်များ၊ လေဝိသားများ၊ အဆိုတော်နှင့် ကချေသည်များနေရာဖြစ်လာသည်။ ရုပ်တုဘုရားဟု မုန်းတီးဆန့်ကျင်ရာ ဌာနဖြစ်သည်။ လူများကို ဒုက္ခပေးသော လောကအရာများကို ယေယောဝါဘုရားထံသို့ ပြန်လည်ဆက်ကပ်အပ်နှံကြသည်။ ရှင်ဘုရင်များသည် နိုင်ငံရေး ဥသျှောင်များဖြစ်သည်။ ဣသရေလသမိုင်းရာဇဝင်သည် ဝတ်ပြုကိုးကွယ်ရာ ဒေသထုံးနည်းနာ ဖြစ်သည်။

ထိုအချက်ပေါ်မူတည်၍ ယနေ့ယုံကြည်သူများ အဓိကမှတ်သားစွဲလန်းရမည့် အကြောင်းအရာ နှစ်ခုမှာ မေရှိသခင်နှင့် ဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။

ရာဇဝင်ချုပ် ဒုတိယစောင်သည် ပထမစောင်၏ အခန်းဆက်ဖြစ်သည်။ ၅ရာ ၂၉ တွင် ဒါဝိဒ်မင်းက ရှာလမုန်အား နန်းဆက်ခံစေသည်။ ၆ရာတွင် ဗာဗုလုန်ပြည်မှ ရွေးနှုတ်ခြင်းခံရသော လူနည်းစုပြည်တော်ပြန်ဝင်လာခြင်းဖြင့် အစပြုသည်။ ထိုကျမ်းများသည် ဓမ္မရာဇဝင် တတိယစောင်နှင့် စတုတ္ထစောင်ကို အခြေခံထားသည်။ ဓမ္မရာဇဝင်ကျမ်းများသည် ဣသရေလဘုရင်များအကြောင်း အဓိကထား၍ ရာဇဝင်ချုပ်သည် ယုဒဘုရင်နှင့် ခေတ်ပြိုင်နန်းပြိုင်များသာ ယှဉ်ပြသည်။ အကြောင်းအရောကျောရိုးသည် တူညီသော်လည်း ဓမ္မရာဇဝင်တွင် မပါဝင်သော အချို့အချက်အလက်များ အသေးစိတ်ရေးထားသည်။ ထို့ကြောင့် ရာဇဝင်ချုပ်သည် ဓမ္မရာဇဝင်ထက် နောက်ကျမှရေးကြောင်းနှင့် ရည်ရွယ်ချက်သီးသန့်ရှိသည်။ သို့သော် ထိုအချက်သည် အဓိကမဟုတ်ပါ။ အခြားရည်ရွယ်ချက်များမည်း ရှိပါသည်။

ပါဝင်သည့်အချက်များ

၁။ မျိုးရိုးစဉ်လာ (အခန်း ၁–၉)

         (က)အာဒံမှ အာဗြဟံသို့ (၁:၁-၂၇)

(ခ)အာဗြဟံမှ ဣသရေလသို့ (၁:၂၈-၅၄)

(ဂ)ဣသရေလဘိုးဘေးများ (အခန်း ၂-၈)

၁။ယုဒ (၂:၁ – ၄:၂၃)

၂။ရှိမုန်(၂:၂၄-၄၃)

၃။ယော်ဒန်မြစ်အရှေ့ဘက်ကမ်းရှိ ရှဗင်၊ ဂဒ်နှင့်မနာရှေလူတဝက် (အခန်း၅)

၄။လေဝိ (အခန်း ၆)

၅။ဣသခါ(၇:၁-၅)

၆။ဗင်္ယာမိန် (၇:၆-၁၂)

၇။နဿလီ (၇:၁၃)

၈။ယော်ဒန်မြစ်အနောက်ကမ်းရှိ မနာရှေလူကဝက် (၇:၁၄-၁၉)

၉။ဧဖရိမ် (၇:၂၀-၂၉)

၁၀။အာရှာ (၇:၃၀-၄၀)

၁၁။ ဗင်္ယာမိန် (အခန်း ၈)

(ဃ)ဖမ်းဆီးခံရာမှပြန်လာကြသူများ (၉:၁-၃၄)

(င)ရှောလု၏မျိုးရိုးစဉ်ဆက် (၉:၃၅-၄၄)

၂။ရှောလုသေဆုံးခြင်း (အခန်း၁၀)

၃။ဒါဝိဒ်နန်းစံခြင်း (အခန်း ၁၁–၂၉)

(က) ဒါဝိဒ်၏စစ်တပ် (အခန်း ၁၁-၁၂)

၁။ ဒါဝိဒ်၏ညာလက်ရုံးစစ်သူကြီးများ (အခန်း၁၁)

၂။ ဒါဝိဒ်၏သစ္စာခံနောက်လိုက်များ (အခန်း၁၂)

(ခ) ယေရုရှလင်သို့ ပဋိညာဉ် သေတ္တာသယ်ဆောင်ခြင်း (အခန်း၁၃-၁၆)

(ဂ) ဗိမာန်တော်တည်ဆောက်လိုခြင်းဆန္ဒနှင့် ဘုရားသခင်၏ အဖြေစကား(အခန်း၁၇)

(ဃ)ဒါဝိဒ်၏အောင်နိုင်မှုများ (အခန်း ၁၈-၂၀)

(င) သန်းခေါင်စာရင်း၏ အကျိုးဆက်ကာလနာရောဂါ (အခန်း၂၁)

(စ)ဗိမာန်တော်ဆောက်လုပ်ဖို့ ပြင်ဆင်ခြင်း (အခန်း၂၂-၂၆)

၁။လူပစ္စည်းနှင့် လှုပ်ရှားမှု (အခန်း၂၂)

၂။ လေဝိအမျိုးသားများနှင့်တာဝန်များ (အခန်း၂၃-၂၆)

(ဆ)စစ်ဘက်နယ်ဘက်ခေါင်းဆောင်များ (အခန်း၂၇)

(ဇ) ဒါဝိဒ်၏နောက်ဆုံးနေ့ရက်များ (အခန်း ၂၈၊၂၉)

TAGS: ရာဇဝင်ချုပ်ပထမစောင်

ကိုးကား[ပြင်ဆင်ရန်]