ရန်အောင်မြင်ဘုရား

ဝီကီပီးဒီးယား မှ

ရန်အောင်မြင်ဘုရား သည် စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းတောင်ခြေတွင် တည်ရှိသည်။ ဧရာဝတီမြစ်ကမ်းနဖူးပေါ်တွင် တည်ထားသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၄၂၀ ပြည့်နှစ်တွင် ပုဂံပြည်မှ ကြံသိုင်းအမတ်ကြီးသည် ဓာတ်တော်များကို ဌာပနာ ရန်အောင်မြင်စေတီတော်ကို တည်ခဲ့သည်။ စေတီတော်သည် ဉာဏ်တော် ၅၅ တောင် မြင့်၏။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

စေတီတော်ကို အင်းဝသတိုးမင်းခေါင်ဘုရင်က ထပ်မံ ပြုပြင်ခဲ့သည်။[၁]

ဘုရားပွဲတော်[ပြင်ဆင်ရန်]

ဘုရားပွဲတော်ကို နှစ်စဉ် ဝါခေါင်လကွယ်နေ့တွင် ကျင်းပသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၅၇။