ရန်အောင်မောင်မောင်

ဝီကီပီးဒီးယား မှ

ရန်အောင်မောင်မောင်(၁၉၂၉-၁၉၉၄)[ပြင်ဆင်ရန်]

၁၉၂၉ - ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင်၊ ရမည်းသင်းခရိုင် ရန်အောင်မြို့၌ အဖ-ဦးမင်းကို၊ အမိ-ဒေါ်သိန်းတို့က ဖွားမြင်သည်။ မန္တလေးအမှတ်(၁)အစိုးရအထက်တန်းကျောင်းမှ (၁၀)တန်းအောင်သည်။ ရန်ကုန် တက္ကသိုလ်တွင် ဥပစာ-ဝိဇ္ဇာ(က)တန်း၌ ဆက်လက်ပညာသင်ကြားသည်။

၁၉၅၀ - ပြည့်နှစ်တွင်ကျောင်းထွက်၍ မြန်မာနိုင်ငံအကျဉ်းဌာနတွင် ထောင်မှူးအဖြစ်ဝင်ရောက် အမှုထမ်းခဲ့ သည်။ ကျောင်းသားဘဝမှစ၍ ကျောင်းနံရံကပ်စာစောင်များ နှစ်ပတ်လည်စာစောင်များတွင် စာပေများရေးသားခဲ့ သည်။

၁၉၅၁ - ဗမာ့ခေတ်သတင်းစာမှထုတ်သော ယု၀တီဂျာနယ်တွင် 'ရန်အောင်မိမိထွေး' အမည်ဖြင့် ဝတ္ထုတိုများ စတင်ရေးသားခဲ့သည်။

၁၉၅၃ - ယု၀တီကလောင်ရှင်ဘွဲ့ကို ရရှိခဲ့သည်။

၁၉၅၆ - နိုဝင်ဘာထုတ် 'နှစ်ပတ်လည်မြ၀တီမဂ္ဂဇင်း'တွင် 'ရန်အောင်မောင်မောင်'အမည်ဖြင့် 'မြစ်တွင်း ထောင်ထမှုကြီး' ဝတ္ထုကို စတင်ရေးသားခဲ့သည်။ အကျဉ်းဌာနဝန်ထမ်းစာပေလောကတွင် စာရေးကြသူများထဲ၌ ရှေးဦးကျသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဗန်းမော်မြို့၊ ခရိုင်အကျဉ်းစခန်းတွင် ထောင်မှူးကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။

၁၉၆၂ - 'မော'လုံးချင်းဝတ္ထု၊'အမှုတစ်ရာဝတ္ထုများ'စာအုပ်များထွက်ခဲ့။ 'ရန်အောင်မိမိထွေး' အမည်ဖြင့် ရေးသားခဲ့သော 'အချစ်ရူးလေး' အမည်ရှိဝတ္ထုကို မြန်မာ့အသံမှ ပေဖူးလွှာအမည်ဖြင့် ဇာတ်လမ်းပမာနားဆင် စရာအခန်းမှ ထုတ်လွှင့်ခဲ့သည်။ ထိုဝတ္ထုကိုပင်'အေဝမ်း'ရုပ်ရှင်ကုမ္ပဏီမှ 'မေတ္တာမွန်' အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ သည်။

၁၉၆၄ - ဒေါ်အေးမြင့်အောင်နှင့်လက်ထပ်ခဲ့သည်။ 'ကြမ္မာရဟတ်တစ်ပတ်လည်' ဝတ္ထုထွက်။ (၎င်းဝတ္ထုကို စာရေးဆရာဒါရိုက်တာဦးသုခက သိကြားစေသက်သေညွှန်း အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့သည်။) အကျဉ်းထောင် လုပ်ငန်းတစ်ရပ်အဖြစ် ရဲဘက်များနှင့်လမ်းဖောက်သည့် လုပ်ငန်းများကိုသရုပ်ဖော်ထားသည့် အသည်းကွဲစခန်း လုံးချင်းထွက်(၎င်းဝတ္ထုကို ညွန့်မြန်မာရုပ်ရှင်မှ သည်လမ်းနှင့်သည်စခန်းအမည်ဖြင့် ရုပ်ရှင်ရိုက်သည်။)

၁၉၆၆ - ကြိုးစင်ပေါ်မှမှတ်စုများဝတ္ထုတိုပေါင်းချုပ်ထွက်။ (ယင်းနှစ်အတွက် အမျိုးသားစာပေဝတ္ထုတိုပေါင်း ချုပ်ဆု တတိယဆုရရှိ။) နရသိမ်စံအိမ်ထက်ဆီကစာအုပ်ထွက်။ မောင်မနမ်း၍နွမ်းသောပန်းဝတ္ထုထွက်။

၁၉၆၇ - ဗန်းမော်မြို့ ခရိုင်အကျဉ်းစခန်းတွင် ထောင်မှူးကြီးအဖြစ်တာဝန်ထမ်း။

၁၉၆၈ - မိနစ်(၂၀)မှအနှစ်(၂၀)စာအုပ်ထွက်။

၁၉၇၀ - မောရရင်ခွင် မိုးသံလွင်စာအုပ်ထွက်။

၁၉၇၁ - ထောင်ကြေးမုံစာအုပ်ထွက်။

၁၉၇၂ - ဘဝမှောင်မှောင် ညမှောင်မှောင်စာအုပ်ထွက်။

၁၉၇၃ - စောရအိုင်စိမ်း ဝတ္ထုထွက်။ (ထိုဝတ္ထုကို ဒါရိုက်တာဦးသုခက ချစ်စရာမို့ချစ်ပါသည် အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့။) ရန်အောင်မောင်မောင်၏ဝတ္ထုများမှ ရုပ်ရှင်ကား(၆)ကားရိုက်ခဲ့သည်။

၁၉၇၄ - ထောင်တံခါးကြီးဖွင့်ပါအုံးဝတ္ထုထွက်။

၁၉၇၅ - ဒုတိယထောင်ပိုင်။

၁၉၇၆ - ကြိုးစင်နှင့်ကြိုးသမားဝတ္ထုထွက်။

၁၉၇၇ - တမာမချို၊ငါမငိုဝတ္ထုထွက်။ မပျံတတ်ဘူး ဝဲချင်တယ်ဝတ္ထုထွက်။

၁၉၇၉ - ထောင်ပိုင်အဆင့်(၁)။ လလူမိုက်-အမှောင်ကြိုက်ဝတ္ထုထွက်။

၁၉၈၁ - ပဲခူးတိုင်း တိုင်းကောင်စီဝင်။

၁၉၈၈ - ထောင်ပိုင်အဆင့်(၂)။

၁၉၈၉ - သက်ပြည့်ပင်စင်ယူ၊ စာပေများဆက်လက်ရေးသား။

၁၉၉၁ - ထောင့်တစ်သက်အတွေ့အကြုံစာအုပ်ထွက်။

၁၉၉၂ - မြစ်တွင်းထောင်ထမှုကြီးနှင့် ထောင်ဝတ္ထုများစာအုပ်ထွက်။

၁၉၉၄ - ဧပြီ(၉)ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ နေအိမ်၌ကွယ်လွန်ခဲ့။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အေးမြင့်အောင်နှင့် သားသမီး(၉)ယောက်ကျန်ရစ်ခဲ့။

ထင်ရှားသောစာအုပ်အချို့[ပြင်ဆင်ရန်]

  1. ထောင်တစ်သက်အတွေ့အကြုံ
  2. ကြမ္မာရဟတ်တစ်ပတ်လည်
  3. ကြိုးစင်ပေါ်မှမှတ်စုများ
  4. နရသိမ်စံအိမ်ထက်ဆီက
  5. မိနစ်(၂၀)မှ အနှစ်(၂၀)
  6. ထောင်ကြေးမုံ
  7. စောရအိုင်စိမ်း
  8. ထောင်တံခါးကြီးဖွင့်ပါအုံး
  9. ကြိုးစင်နှင့် ကြိုးသမား
  10. မြစ်တွင်းထောင်ထမှုကြီးနှင့် ထောင်အတွေ့အကြုံများ။