ရန်ကော့ဝိဟာရ

ဝီကီပီးဒီးယား မှ
ရန်ကော့ဝိဟာရ
රන්කොත් වෙහෙර
Golden-Pinnacle Stupa
အချက်အလက်များ
ဘာသာရေး နှီးနွယ်မှုTheravada Buddhism
နိုင်ငံSri Lanka
ဗိသုကာ
တည်ထောင်သူNissanka Malla of Polonnaruwa
ပြီးစီးc. 1190
Decorated wall of Rankoth Vehera, ancient city of Polonnaruwa, Sri Lanka

ရန်ကော့ဝိဟာရ သည် သီရိလင်္ကာနိုင်ငံပေါဠောန္နရုဝမြို့ဟောင်း (Polonnaruwa) တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်ကို Polonnaruwa ၏ ဘုရင် Nissanka Malla (1187 - 1196)က တည်ခဲ့သည်။

ဖော်ပြချက်[ပြင်ဆင်ရန်]

ရန်ကော့ဝိဟာရသည် အားလုံးနီးပါး အုတ်ဖြင့် ပြလုပ်ထားသည်။ အခြေသည် အချင်း ၂၂၀ ပေ(၁၇၉ မီတာ) ရှိပြီး အမြင့်သည် ၁၀၈ ပေ( ၃၃ မီတာ) ရှိသည်။ သို့သော် စေတီတော်၏ မူလပုံစံ (အထူးသဖြင့် အပေါ်ပိုင်း) သည် နောက်ပိုင်းကာလ အုပ်ချုပ်သူများက ပြင်ဆင်မွမ်းမံမှုများလုပ်ဆောင်ခဲ့သဖြင့် ပြောင်းလဲသွားခဲ့သည်။ မူလစေတီတော်၏ အမြင့်သည် ၂၀၀ ပေနီးပါး (၆၁ မီတာ) ရှိသည်ဟု ခန့်မှန်းကြသည်။ ထို့ကြောင့် ဤစေတီတော်သည် Polonnaruwa မြို့ဟောင်းတွင် အကြီးဆုံးစေတီအဖြစ်ရှိနေပြီး နိုင်ငံတွင် စတုတ္ထမြောက် အကြီးဆုံး ဖြစ်သည်။ စေတီတော်တွင် ကြီးမားသည့် အဆင့် လေးခုပါဝင်ပြီး ၎င်းသည် စေတီတော်ကို ပန်းများလှူဒါန်းရန်အတွက် ပြုလုပ်ထားပြီးစေတီတော်၏ အလေးချိန်ကိုလည်း ထောက်ပံ့ထားရန် ဖြစ်သည်။ ၎င်းတို့ကိုလည်း အုတ်ဖြင့်ပင် ပြုလုပ်ထားသည်။ စေတီတော်သည် စတုရန်းပုံစံအဆင့်လေးခု၏ အလယ်တွင် တည်ရှိသည်။ စေတီတော်သို့ဝင်ရာ မုခ်ပေါက် လေးခု ရှိသည်။ မုခ်ပေါက်ဝတစ်ခုရှိ ကျောက်ထွင်းလက်ရာတစ်ခုသည် Nissanka Malla က စေတီတော် တည်ဆောက်မှုနှင့် ကြီးကြပ်မှုကို ဖော်ပြထားသည်။ အဆင့်များ၏ ထောင့်တစ်ခုတွင် တည်ရှိသည့် စင်္ကြံငယ်တစ်ခုမှ စေတီတော်ကို မင်းကြီးသည် ကြည်ညိုနေဟန် ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. The largest dagoba in PolonnaruwaSunday Observer (2005-05-08)။ 5 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-01-15 တွင် ပြန်စစ်ပြီး။