ခရစ္စတိုဖာ ရင်း

ဝီကီပီးဒီးယား မှ
(ရင်း၊ ဆာ ခရစ္စတိုဖာ မှ ပြန်ညွှန်းထားသည်)
Sir Christopher Michael Wren
Wren in a portrait by Godfrey Kneller (1771)
မွေးဖွား(1632-10-20)၂၀ အောက်တိုဘာ၊ ၁၆၃၂
East Knoyle, Wiltshire, England
ဆုံးပါး25 February 1723 (aged 91 (sic, not 90))
London, Kingdom of Great Britain
နေထိုင်ရာEngland
နိုင်ငံလူမျိုးEnglish (later British)
နယ်ပယ်Architecture, physics, astronomy, and mathematics
မိခင်ကျောင်းWadham College, University of Oxford
ကြီးကြပ်သူများWilliam Oughtred
ကျော်ကြားမှုအရင်းခံDesigner of 54 churches including St Paul's Cathedral, as well as many secular buildings of note in London after the Great Fire of London

ဆာခရစ္စတိုဖာရင်းသည် နာမည်ကျော် အင်္ဂလိပ်လူမျိုး ဗိသုကာဆရာကြီး ဖြစ်သည်။ သူ၏ဗိသုကာ လက်ရာများမှာ ရိုးရိုးနှင့် ခံ့ညားတင့်တယ်သည်။ သူပုံစံထုတ်သော ဘုရားရှိခိုး ကျောင်းများသည် လှပသောအမိုးချွန်များကြောင့် ထင်ရှားလေ သည်။ လန်ဒန်မြို့၏ မှတ်တိုင်သဖွယ် ဂုဏ်ယူရသော လက်ရှိ စိန်ပေါကသီဒရယ် ဘုရားရှိခိုးကျောင်းကြီးသည် ဆာခရစ္စတိုဖာ ရင်း၏ လက်ရာပုံစံပင်ဖြစ်သည်။


ခရစ္စတိုဖာရင်းသည် ၁၆၃၂ ခုနှစ် အောက်တိုဘာ ၂ဝ ရက်နေ့တွင် အင်္ဂလန်ပြည် ဝီလရှိုင်ယာနယ်၊ အီစနွိုင်းမြို့၌ ဖွားမြင်သည်။ လန်ဒန်မြို၊ ဝက်စမင်စတာကျောင်းနှင့် အောက် စဖို့ တက္ကသိုလ်၊ ဝပ်ဒမ်ကောလိပ်တို့တွင် ပညာ သင်ကြားခဲ့ သည်။ ကျောင်းသားဘဝတွင် ဂျီဩမေတြီဘာသာရပ်၌ ထူးချွန် သူ ဖြစ်၏။ ၁၆၆ဝ ပြည့်နှစ်တွင် အောက်စဖို့တက္ကသိုလ်၌ နက္ခတ္တဗေဒပါမောက္ခအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ခရစ္စတိုဖာရင်းသည် ၁၆၆၃ ခုနှစ်မှစ၍ ဗိသုကာ ဆရာ အလုပ်ကို စတင်လုပ်ကိုင်၏။ လန်ဒန်မြို့ရှိ စိန်ပေါဘုရားရှိခိုး ကျောင်းကို ပြင်ဆင်ရန် တာဝန်ပေးအပ်ခြင်းခံရသော ဗိသုကာ ဆရာတစ်ဦး ဖြစ်သည်။ သို့ရာတွင် အလုပ်မစရသေးမီ ၁၆၆၆ ခုနှစ်၌ လန်ဒန်မြို့တွင် မီးအကြီးအကျယ်လောင်သဖြင့် စိန်ပေါ ဘုရားရှိခိုးကျောင်းမှာလည်း မီးသင့်၍ ပျက်စီးရလေသည်။

ထိုကြောင့် ခရစ္စတိုဖာရင်းသည် ၁၆၇၅ ခုနှစ်တွင် ပုံစံအသစ် ရေးဆွဲ၍ လက်ရှိစိန်ပေါဘုရားရှိခိုးကျောင်းကို ဆောက်လုပ်ခဲ့ရာ ၁၇၁ဝ ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။ ထို့ပြင် မီးထဲ၌ ပါသွား သော အခြားဘုရားရှိခိုးကျောင်းပေါင်း ၅ဝ အတွက်လည်း ပုံစံ ထုတ်ပေးရသည်။

ခရစ္စတိုဖာ ရင်းသည် မီးဘေးကြောင့် ပျက်စီးရသော လန်ဒန်မြို့ တစ်မြို့လုံးကို အကွက်ကျကျ အသစ်တည်ရန် ပုံစံ ထုတ်၍ တင်ပြခဲ့သော်လည်း ထိုစီမံကိန်းမှာ မဖြစ်မြောက်ခဲ့ချေ။ ၁၆၇၂ ခုနှစ်တွင် ဒုတိယချားဘုရင်က ဆာဘွဲ့ချီးမြှင့်သူကောင်း ပြုသည်။ ဆာခရစ္စတိုဖာရင်းသည် သိပ္ပံပညာသည်များ ပါဝင် သော တော်ဝင်အသင်းကို စတင်တည်ထောင်သူတစ်ဦးဖြစ်၍ ၁၆၈ဝ ပြည့်နှစ်မှ ၁၆၈၂ ခုနှစ်အထိ ထိုအသင်းတွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။

ဆာ ခရစ္စတိုဖာ ရင်း ပုံစံထုတ်ခဲ့သော အခြား အဆောက် အအုံလက်ရာ အချို့မှာ အောက်စဖို့မြိုရှိ အက်ရှမိုလီယန်ပြတိုက် နှင့် ရှဲလဒိုနီယန် ဇာတ်ရုံ၊ ကိမ်းဗရစ်မြို့ရှိ ပင်းဗရုတ်ကောလိပ် ဘုရားရှိခိုးကျောင်းနှင့် ထရင်းနီတီကောလိပ် ပိဋကတ်တိုက်၊ လန်ဒန်မြို့ရှိ ၁၆၆၆ ခုနှစ် မီးဘေး အထိမ်းအမှတ်တိုင်နှင့် ချယ်လဆီး ဆေးရုံတို့ ဖြစ်လေသည်။

ဆာခရစ္စတိုဖာ ရင်းသည် ၁၇၂၃ ခုနှစ် ဖေဖွာရီလ ၂၅ ရက်နေ့တွင် လန်ဒန်မြို့၌ ကွယ်လွန်၍ သူ၏ရုပ်အလောင်းကို စိန်ပေါဘုရားရှိခိုးကျောင်းထဲ၌ မြှပ်နှံသင်္ဂြိုဟ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)