ရခိုင်ဝန်

ဝီကီပီးဒီးယား မှ

ရခိုင်ဝန်ရာထူးသည် ဘိုးတော်ဘုရား ( ဗဒုံမင်း ) လက်ထက် မတိုင်မီက သီးခြားရပ်တည်ခဲ့သော ရခိုင်ဘုရင်ထီးနန်းစိုးစံရာ ရခိုင်ဒေသနှင့် ဆက်သွယ်လုပ်ဆောင်ရန် ခန့်အပ်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ဗဒုံမင်းလက်ထက် ၁ ဇန်နဝါရီ ၁၇၈၅ ခုနှစ်တွင် ရခိုင်ကို သိမ်းပိုက်ပြီးသောအခါ ရခိုင်ဒေသအား ဝတီနတ်လေးရပ်အဖြစ် သတ်မှတ်အုပ်ချုပ်စေခဲ့ရာ ရခိုင်ဝန်ရာထူးလည်း ခန့်ထားခြင်း မရှိတော့ပေ ။

စဉ့်ကူးမင်းလက်ထက်ရခိုင်ဝန်[ပြင်ဆင်ရန်]

စဉ့်ကူးမင်း ( ၁၇၇၆ - ၁၇၈၂ ) လက်ထက်တွင် ဘွဲ့မည်မသိရသော ရခိုင်ဝန်တစ်ဦး ရှိခဲ့ဖူးပါသည်။ ယင်းရခိုင်ဝန်သည် ၂၃ ဒီဇင်ဘာ ၁၇၇၆ ခုနှစ်တွင် လကွန်း၊ ဖာသင်းမြို့များသို့ စစ်ချီရာ၌ လိုက်ပါ စစ်မှုထမ်းရွက်ခဲ့ရသည်။

ရခိုင်ဝန် သတိုးမင်းလှရာဇာ[ပြင်ဆင်ရန်]

မှတ်တမ်းတစ်စောင်တွင် အလောင်းမင်းတရား၏ အနွယ်တော် မင်းကြော့ရွှေထီးဘွဲ့ခံ ဦးစိန်ပန်းနှင့် ဇနီးမယ်ပန်းတို့၏ သမီးမယ်ရည်သည် ရခိုင်ဝန် မင်းရဲမင်းလှရာဇာနှင့် လက်ဆက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ယင်းရခိုင်ဝန် သတိုးမင်းလှရာဇာ သည်ပင် စဉ့်ကူးမင်းလက်ထက် လကွန်းဖာသင် မြို့များသို့ စစ်ချီခဲ့ရသူ ဖြစ်ဟန်ရှိပါသည်။