ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ

ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ[ပြင်ဆင်ရန်]

  • (ရခိုင်အရေးအသားများဖြစ်၍ မြန်မာလို စီလျော်အောင် ပြင်ပေးစေခြင်သည်။) ကျင်ဆိုသည်မှာ ကျင်ပင်ဖြစ်သည်ဟူ၍ ဆိုရပေမည်။ ကျွမ်းကျင်သည်။ ကျင်လည်သည်။ ကျင်ပစ်ချသည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။

ကျင်အဓိပ္ပာယ်[ပြင်ဆင်ရန်]

"ကျင်" ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရေးဖွဲ့ကြတတ်သည်ကို တွေ့ရသည်။ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌

လောကီဘက်က၊

ဆောင်ရွက်တခန်း၊

ကျင်လက်ပန်းနှင့်၊

မြီဝန်းရုပ်သီး၊

ရှုမငြီးအောင်” ဟူ၍ူ ရေးဖွဲ့ထားသည်။

ဆယ့်နှစ်လရာသီလင်္ကာတပိုဒ်တွင် “မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျွန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည်၊ ပန်းမဉ္စူကို၊ နီပူထိုးကေ၊ ညှိုးလတ်တေလည်း” ဟူ၍ူ ဖွဲ့ဆိုထားပြန်သည်။

လမုချောင်းဆရာကျော်မဲရွီးဖွဲ့သော မဟာဝိဟိံကရာဇဝင်လင်္ကာ (အပိုဒ်-၁၁၃) ၌ “ကခြေများဖြင့်၊ တီးကာရစ်မြည်၊ စည်ငါးမည်တည်း၊ သံရှည်ဟစ်ကြွေး၊ စုရုံးဝေးလျှက်၊ လက်ပွဲကျယင်၊ လုံးထွီးကျင်၍” ဟူ၍လည်းကောင်း

မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိ်ုလ်ပါမောက္ခချုပ် ဆရာကြီးဦးကျော်ရင်သည် ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်း (၁၉၅၈-၅၉)၊ လုပ်သားပြည်သူ့နိစဉ်သတင်းစာ (၂၄-၈-၆၄) တွင် ကျင်နှင့်ပတ်သက် ဆောင်းပါးများကိုရွီးသားခရာ- “ကျင်ဟူသည်မှာ ကျားနှင့်ယင် ဝေါဟာရနှစ်လုံးပေါင်းစပ်ဖြစ်ပေါ်လာရကြောင်း၊ “ကျားယင်၊ ယင်-ကျား” ကစပ်နည်းကိုအခြီခံ၍ ကျင်ဖြစ်ပေါ်လာရကြောင်းဆိုထားသည်။ “ကျားယင်” ကစပ်နည်း၊ ကျားကယင်ကို အုပ်ဖမ်းလိုက်၊ ယင်က ယှောင်ပြီးလိုက်နှင့် ယင်အကောင်နှစ်ဆယ်ကို ကျားနှစ်ကောင်က အနိုင်လိုက်ဖမ်းရန်အကွက် ရွှိကစပ်နည်းကိုအခြီမှီပြီး ကျင်သန်နှစ်ဦး ဖမ်းလိုက်၊ ခံလိုက်၊ ပစ်ချလိုက်နှင့် မြီသို့ကျအောင် ကစပ်ရသော နည်းအတတ်ပညာ” ဟူ၍ ယှင်းပြထားသည်။

တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများ (ရခိုင်) (၁၉၇၆) စာအုပ်၌ကား “ကျင်ဟူသည်မှာ ကျားလျှင်မှ ပြောင်းလဲလာခြင်းဖြစ်ကြောင်း၊ ကျားသည် သားကောင်ကိုဖမ်းသည့်အခါ လျင်မြန်သည့်အဟုန်ဖြင့် ဖမ်းအောင်းရသကဲ့သို့ ဖြတ်လတ်လျင်မြန်ရသည့်အတွက် “ကျားလျှင်” ဟုခေါ်ရာမှ ကျင်ဖြစ်လာသည်” ဟုဆိုထားသည်။

သဇင်နွယ် (မန္တလေးတက်ကသိုလ်) ၏ လက်နှှိပ်စက်မူ ကျင်စာတမ်းငယ်၌ “ကျားကဲ့သို့ ခွန်အားဗလနှင့် ပညာကိုအသုံးချကိုင်ရသည့် အားကစပ်နည်းဖြစ်သည့် “ကျားအင်” လို့ခေါ်ရာမှ “ကျင်” ဖြစ်လာကြောင်းဆိုထားပြန်သည်။

ရမ္မာဝတီပညာစာရနှင့် လှအောင်ရွှေရို့ရွီးသားသည့် “ရမ္မာဝတီတေးကဗျာများစာအုပ်” (၁၉၉၀) တွင်းလည်း ရမ်းဗြဲဒေသိယသဘာဝတေးကဗျာတချို့ကို တွိရပြီး ထိုကဗျာများထဲတွင် ကျင်ဝေါဟာရနှင့်ပတ်သက်၍ “ကျအယင်၊ ကျီးယင်၊ ကျယင်၊ ကျအားယင်” စသည်ဖြင့် အမျိုးမျိုးအသံထွက်ကာ ဖွဲ့ဆိုရွီးသားထားသည်ကို တွိရသည်။ ကဗျာတပိုဒ်ကိုထောက်ပြရလျှင် - “ရွာဘုံကေရာ သောင်းလဲ၊ များဘုံဆင်ကေ၊ ရွာတွင်လူများ၊ ကျအင်တိုက်တေ ထိုပွဲလယ်မှာ၊ မျှောကာကြည့်ကေ၊ ဝမ်းနည်းနည်းနှင့်” ဟူ၍ ဒေသိယလီသံဖြင့် ဖွဲ့ဆိုထားသည်ကို တွိရသည်။ မြောက်ဦးခေတ်တွင် ဓမ္မရာ (ထမရာ၊ အမရာ) မင်းသား ကျင်အတတ်ပညာသင်ယူပုံနှင့် ပတ်သက်၍ “ထမရာဖွဲ့” ၌ -

“ကျောက်တလင်းတွင်၊ ပျော်ပွဲရွှင်သောင်းသဲ၊ ကတူပွဲနှင့်၊ ပျော်ပွဲသဘင်၊ ကျင်ခြင်းသင်၍၊ ကာကောင်းခြင်းနှင့်၊ သိုင်းခြင်းသုံးဆယ်၊ သင်လတ်တေလေး။ ဒိုင်းခြင်းသုံးဆယ် သင်လတ်တေလေး။ စစ်ဆုတ်စစ်တက်၊ သင်လတ်တေလေး” ဟူ၍ တွိရသည်။

မဇ္ဈိမဒေသအရေးတော်ပုံကျမ်းနိဒါန်းရှည် (စာ-ငဲ) တွင်လည်း - “ရခိုင်သားရို့သည် ဗဒုံမင်း၏ခိုင်းစေခြင်းအမျိုးမျိုးကို လုပ်ဆောင်ကတ်ရသည်။ ၎င်းရို့မှာ အမရပူရနီပြည်တော်တွင်ကျင်းပသော ပွဲလမ်းသဘင်များတွင် အတီးအမှုတ်၊ အကအခုန်၊ ကျယင်စသော ဖြေဖျော်မှုများ လားရောက်ဆောင်ရွက်ရ၏။” ရခိုင်ရာဇဝင်သစ်ကျမ်း (ဒုတွဲ)(စာ ၂၉၆) (ရခိုင်သားကြီးစာပီထုတ်) တွင်လည်း -

“ဒါးပိုင်ကြီးကျော်ပုံလည်း လေးတောင်စားလျှောက်ထားသည်ကိုသိလီလျှင် လျှောက်ထားရာသလောဟု အချက်ဝင်၍ လက်ဝှေ့ကျေးယင်ပွဲဆင်၍ သဘင်ပြုကြရာတွင် အကျူးအလွန်ပြုသည်ဟု လေးတောင်စားခေါ်မဲလွယ်ရို့ ညီအစ်ကိုသုံးယောက်ကို ဖမ်းယူလျှက် ဒါးပိုင်ကြီးကျော်ပုံသည် သတ်လီ၏။” ဟူ၍လည်းတွိရသည်။

ကျင်နှင့်ပတ်သက်၍ စကားပုံ၊ ဥပမာတချို့လည်းဟိသည်။ “အဘကျင်သန်၊ သားအင်တန်” “ကျင်သန်အို ကြက်နှင်မရ” “ကစပ်ကြီးကေ ကျင်ဖြစ်တေ” စသည်ဖြင့်ဖြစ်သည်။

မြန်မာ့အဘိဓာန်ကျမ်း (ပတွဲ) (၁၉၉၁) ၌ ကား -

ကျင် (ကြိ) ။ မြီကြီးနှင့်ရောနီသော ရွှေမှုန့်၊ ငွေမှုန့်များကို ကျင်ခွက်တွင်ထည့်ကာ ရီတွင်သဲ့ယူသည်။ ကျင် (ကြိ) ။ တတ်မြောက်လိမ်မာသည်။ “လူ့ပြည်နတ်ပြည်၊ ဘုံသုံးထပ်တွင်၊ နိုင်အံ့မထင်၊ ပညာကျင်သည်၊ ထွတ်တင်မော်ကွန်းထား၏တည်း” ကျင်ကိုင် (ကြိ)(ရခိုင်) ။ တဦးနှင့်တဦး၊ အနိုင်အယှုံးလုံးသတ်သည်။ တောင်ကျော်ကိုင်သည်၊ နပန်းလုံးသည် - ဟူ၍ဖြစ်သည်။

သို့ဖြစ်၍ ကျင်ဝေါဟာရအဓိပ္ပာယ်ကို နိဂုံးကောက်ချက်ချပါက ကျင်ဆိုသည်မှာ ကျင်ပင်ဖြစ်သည်ဟူ၍ ဆိုရပေမည်။ ကျွမ်းကျင်သည်။ ကျင်လည်သည်။ ကျင်ပစ်ချသည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။

ကျင်သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကျင်သမိုင်းကြောင်းနှင့်ပတ်သက်၍ တောင်ကျောင်းဆရာတော်၏ ရခိုင်ရာဇဝင်သစ်ကျမ်းအပါအဝင် ရခိုင်ရာဇဝင်ကျမ်းတချို့၏အလိုအရ လက်ပန်းသည်ရို့ လက်ပန်းသတ်ကြသည်ကို ဝါသုဒေဝ၊ ဗလဒေဝခေတ် (ဘီစီ ၆၀၀ ကျော်လောက်က) ရှိဦးစွာ ဒွါရာတီခေတ်ကပင်ဟိကြောင်း ဖော်ပြထားသည်။ ဝါသုဒေဝ၊ ဗလဒေဝရို့ မင်းညီနောင်တကျိပ်သည် ဦးရီးတော်ကံသမင်းကြီး ထောင်ချောက်ဆင်ကျင်းပသည့် လက်ပန်းသတ်ပွဲ၌ စာရုယလက်ပန်းသည် မုဠိအလက်ပန်းသည်ရို့နှင့် လုံးသတ်အနိုင်ရပြီးနောက် ပြည်သိမ်းပုံများကို ရွီးဖွဲ့ထားသည်။ ဦးရာဇ်တောင်ဘုရားသမိုင်းလင်္ကာ “ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး ရှုမငြီးအောင်” ဟူ၍ရွီးဖွဲ့ထားသည့်အတွက် ကျင်ကိုလက်ပန်းလုံးပွဲဟုလည်းခေါ်သည်။

ပါမောက္ခချုပ်ဦးကျော်ရင်၏ “ရခိုင်ရိုးရာအတတ် ကိုယ်ပိုင်ပညာကျင်ပွဲ” (ရခိုင်တန်ဆောင် ၁၉၅၈) ဆောင်ပါးတွင် -

“ရှိရခိုင်မင်းဆက်များလက်ထက်တွင် ဘီလူးကို အသီသတ်ခသော ကျင်သမားဟုဟိသည်။ ထိုနည်းတူ မွန်မင်းများလက်ထက်တွင်လည်း အသားမင်းသားမှာ ခုနစ်တောင်မြင့်သော ကုလားလန်ဘားနှင့် နပန်းလုံးသတ်ခသည်။ မြန်မာရာဇဝင်တွင်လည်း ရန်မန်ထွေးသည် မိကျောင်း၊ ကျား၊ ဆင်ရို့နှင့်နပန်းလုံးကာ သတ်ပုတ်အောင်မြင်၍ အနန္ဒသူရိယဘွဲ့ကိုပင် ရဟိခသည်။ အသားမင်းသား ကုလားလန်ဘားနှင့် နပန်းသတ်သည်မှာ ရာဇဝင်အရ နှစ်ပေါင်းထောင်ကျော်ဟိလတ်ပြီ။ ကမ္ဘာပေါ်တွင်လည်း နပန်းလုံးအတတ်ပေါ်ပေါက် ခေတ်စားသည်မှာ နှစ်ပေါင်းထောင့်ငါးရာကျော်လတ်ပြီ။ ဤအကြောင်းနှစ်ရပ်ကိုထောက်၍် ရခိုင်ပြည်တွင်လည်း ကျင်အတတ်ပေါ်ပေါက်ခသည်မှာ နှစ်ပေါင်းတထောင်ထက်မလျော့နိုင်ဟု တွေးမိသည်။” ဟူ၍ သုံးသပ်ပြထားသည်။

ဝေသာလီခေတ် စူဠစန္ဒြားမင်းလက်ထက်၌ အမတ်ကြီးဓမ္မဇေယျသည် “ဗျည်း-၃၃ လုံးလှီလှော်သံ” ကိုစပ်ဆိုခသည်။ ယင်းလှီလှော်သံကို ကျင်သန်ကြီးများက ပြိုင်တူရွတ်ဆို၍ စည်ကြီးဗြိန်းစောင်းတီးကာ ပြိုင်လောင်းကြီးများကိုလှော်၍ ရခိုင်ရီတပ်မကြီးဖြင့် စစ်ချီထွက်ကြောင်းဆိုထားသည်။ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း (ပဉ္စမတွဲ) (ယဉ်ကျေးမှုကဏ္ဍ) စာ-၁၈၈ ၌ -

“ရှိခေတ်ရီတပ်မတော်များတွင် စစ်ချီထွက်သောခါ သန်မာထွားကျိုင်းသူကျင်သန်ကြီးများက လှီကိုလှော်ခတ်ရသည်။” ဟူ၍ ရွီးထားသည်။ ၎င်းလှီလှော်သံကိုအကြောင်းပြုလျှက် ပြိုင်လောင်းသံကျပ်များ စပ်ဆိုခသည်။

“ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တိရာတက်ပျာစီးလို့၊ မဟာလောင်းကြီးထွက်လို့လာ” (ရခိုင်ညွန်ဖူး၊ ၁၉၆၈--စာ-၈၃) “ကိုးဆယ့်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တပြီး၊ စည်တတီး” စသည်ဖြင့်ဖြစ်သည်။ မြောက်ဦးခေတ် “ထမရာဖွဲ့” ၌လည်း ကျင်ခြင်း၊ ကာခြင်း၊ သိုင်းခြင်း၊ ဒိုင်းခြင်းအတတ်ပညာများ သင်ယူပုံကိုဖွဲ့ဆိုထားဟိပြီးဖြစ်သည်။ အမရပူရနေပြည်တော်၌ ကျင်ဖြေဖျော်မှုပြုလုပ်ပုံကိုလည်း “မဇ္ဈိမဒေသအရေးတော်ပုံကျမ်း” ၌ တွိရသည်။ ရုပ်ဝတ္ထုသက်သီအဖြစ် သျှစ်သောင်းဘုရားလှိုဏ်ဂူပတ်တွင်း၌ ကျင်းအားကစပ်နည်းဆိုင်ရာ ရုပ်လုံးရုပ်ကြွများ ထွင်းထုထားသည်ကို ကနိထိ တွိမြင်နိုင်သည်။

ဤအကြောင်းအချက်များကိုဆက်စပ်၍ ကျင်အားကစပ်နည်းအတတ်ပညာသည် ရှိခေတ်အဆက်ဆက် ရခိုင်မင်းများလက်ထက်ကပင် ဆင်းသက်လာသည့် နည်းပညာရပ်ဖြစ်သည်ကို တိတိကျကျပြောနိုင်သည်။ ရှိရခိုင်မင်းများလက်ထက်ကပင် ရခိုင်ရိုးရာကျင်ပွဲများကို မင်းညီလာခံနန်းတွင်းသဘင်များ၌ ကျင်းပလာမြဲဖြစ်သည်။

တိုင်းပြည်အဝှမ်း မြို့ပြကျွန်းရွာဒေသများ၌ စည်စည်ကားကား ထူးထူးခြားခြားကျင်းပသည်။ ကျင်ပွဲ၊ ပြိုင်လောင်းပွဲများသည် ရခိုင်ရို့၏တိုက်ရေး၊ ခိုက်ရေး၊ စစ်ရေးအတွက်လည်းကောင်း၊ စည်းလုံးညီညွတ်မှု၊ အားမာန်တက်ကြွမှု၊ ယုံကြည်မှု၊ ကျန်းမာကြံ့ခိုင်မှုများအတွက်လည်းကောင်း၊ နန်းတွင်းနန်းပြင်၊ မြို့ပြကျွန်းရွာမကျန် စည်ကားမြိုင်ဆိုင်စွာကျင်းပသည့် ပညာတရပ်ဖြစ်သည်။ ကျွန်းပွဲ၊ ရွာပွဲ၊ ဘုရားပွဲ၊ ထီးတင်ပွဲ၊ ဈာပနပွဲ၊ မယ်တော်ပျံပွဲ၊ သင်္ကြန်ပွဲ၊ ပြိုင်လောင်းပွဲ၊ ရထားပွဲစသည့် ပွဲတော်တိုင်း၌ ကျင်ပွဲမပါလျှင်မပြီးဆိုလောက်သည်။

ရခိုင်ရိုးရာအက “ကျင်ယိမ်း” ၌ -

“ကျယင် ကျင်၊ ဖမ်းလူခံလူ၊ တူတူလုံး၊ ဒုန်းဒုန်းလည်းချ၊ အကျလည်း ယင်၊ ကျယင် ကျင်၊ ရခိုင်သားရို့ကြိုက်တေ ရခိုင်ကျင်၊ ခေါ်တွင်လာကတ်၊ အားကစပ်၊ ပွဲတိုင်းမလွတ် သူပါဝင်” ဟူ၍ စပ်ဆိုထားသည်။

ကျင်ခေတ်ဦးက တပွဲလုံး၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ဘုရင်၊ မိဖုရားရို့ကိုယ်တိုင် “ပန်းစည်းဆု” ချီးမြှင့်ကြောင်းသိရသည်။ ထိုသို့ ဆုချီးမြှင့်ပုံစနစ်သည် ရှိဂရိပြည် အိုလံပစ်ပွဲ၌ “လောရယ်” (ခေါ်) သစ်ခွပန်းစည်းဆု ချီးမြှင့်ပုံနှင့်တူကြောင်း သဇင်နွယ်၏စာတမ်းငယ်၌ ရွီးသားထားသည်။ ယခုထိကျင်သန်များအား “ပန်းဆု”ဟူ၍ူ ချီးမြှင့်သည်ကို တချို့နီရာများ၌ တွိရသိမ့်သည်။

ရှိက ကျင်ပွဲကိ ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟူ၍ ခွဲခြားကျင်းပသည်။ ပထမတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ရွှေမောင်ဆု၊ ဒုတိယတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ငွေမောင်းဆုများချီးမြှင့်သည်။ ရွှေမောင်း၊ ငွေမောင်းများမှာ တစ်ကျပ်၊ တစ်ကျပ်ခွဲထိ အလီးဟိပြီး တံဆိပ်ခပ်နှိပ်ကာ ပိုးကြိုး၊ သိုးမွှီးကြိုးကျစ်၍ လိုင်ဖင်း၌စွပ်၍ ချီးမြှင့်သည်။ အင်္ဂလိပ်စာလက်ထက်က အင်္ဂလိပ် “မယ်လ်ဒေးလ်” တံဆိပ်မျိုးခပ်နှိပ်ကာ ရွှေတံဆိပ်၊ ငွေတံဆိပ်များကို ချီးမြှင့်ခကတ်သည်ဟုဆိုသည်။ ကနိခေတ်ထိ ရွှေမောင်း၊ ငွေမောင်းဆုများကို ရှိမူမပျက်ချီးမြှင့်ကျင်းပမြဲဖြစ်သည်။ ကျင်တခေတ်ဆန်းသစ်လာသော ကနိကာလ၌ ကားကျင်ပွဲများကို ခေတ်နှင့်အညီ ဆန်းသစ်တီထွင်ကာ ရွှေမောင်းဆုများကျည်း ချီးမြှင့်ကျင်းပလာလတ်သည်။

ကျင်ပညာ၏နက်နဲပုံ၊ စနစ်ကျပုံနှင့် အကျိုးသက်ရောက်ပုံ[ပြင်ဆင်ရန်]

(က) နက်နဲပုံ၊ စနစ်ကျပုံ[ပြင်ဆင်ရန်]

(၁) ကျင်ပညာသည် ပြင်းပြင်းထန်ထန် ထိုးကြိတ်၊ သတ်ပုတ်၊ ကန်ကျောက်ပြီး ပြိုင်ဖက်အား အနာတရဖြစ်အောင် ဒေါမာန်ဖြင့်ကြံဆတိုက်ခိုက်သည့် နည်းပညာမဟုတ်။ (ဦးက္ခောင်း၊ ဒူး၊ တန်းတောင်၊ ခြီဖနာင့်၊ ခြီစောင်း၊ ခြီဖဝါး၊ လက်စောင်း၊ လက်ဝါး၊ လက်ညှိုး၊ လက်သီးစသည်များကိုသုံးပြီး (ထိုး၊ ရိုက်၊ ကျောက်၊ ကန်) သတ်ပုတ်ခြင်းမျိုး လုံးဝမပါဝင်ချေ။

(၂) ကျင်ပညာ အဖမ်းသားအနီဖြင့် လက်နှင့်ခြီကို အသုံးချသည့်အခါ (ထိုး၊ ရိုက်၊ ကျောက်၊ ကန်၊ သတ်ပုတ်) တိုက်ခိုက်ရန်အတွက်မဟုတ်ပဲ (ဆွဲ၊ ဖမ်း၊ ငင်၊ ဖက်၊ တိုး၊ ကန်၊ ပေါက်၊ ချိတ်၊ ကော်၊ ပင့်၊ လိမ်၊ ကျစ်) ရန်အတွက်သာလျှင် အသုံးချရသည်။

(၃) အခံကျင်သန်သည်လည်း အဖမ်းကျင်သန်က (ဆွဲ၊ ငင်၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်) လာသည့်အခါ စည်းကမ်းနည်းလမ်းတကျ (ယှောင်၊ ထွက်၊ ချွတ်၊ ထုတ်၊ ခါ၊ ပစ်၊ ပြန်ပစ်) ရန်အတွက်သာ မိမိ၏လက်နှင့်ခြီကို အသုံးချရသည်။ နာကြင်ကျိုးပဲ့အောင် ကြံစည်တုံ့ပြန်ခွင့်လုံးဝမဟိ။

(၄) အဖမ်းသားအခွင့်အရေးအနီဖြင့် အခံသားလက်ကိုဆွဲနည်း၊ မောင်းသတ်၊ မောင်းလိမ်၊ မောင်းကျပ်၊ မောင်းဖွင့်၊ မောင်းပြန်၊ မောင်းလွှဲနည်း၊ ခြီပေါက်နည်း၊ ချိတ်နည်း၊ ကော်နည်း၊ လိမ်နည်း၊ ကျစ်နည်း၊ ပစ်နည်း စသည်ဖြင့် လက်၊ ခြီများကို ကိုင်ပုံ၊ ပေါက်ပုံ၊ ကျစ်ပုံ စနစ်တကျဟိသည်။

(၅) အခံသားအခွင့်အရေးအနီဖြင့် ထိမ်းကိုင်၊ ဆီးကိုင်နည်း၊ ရုန်းယှောင်ထွက်နည်း၊ ခြီချွတ်လက်ချွတ်နည်း၊ ခါနည်း၊ ပစ်နည်း၊ ပြန်ပစ်နည်း၊ အပြန်ပစ်နည်းများသီးခြားစီ အပြန်အလှန်စနစ်တကျဟိသည်။

(၆) အဖမ်းသားကျင်သန်ကို အခွင့်အရေးပိုပီးထားပြီး ယင်းအခွင့်အရေးကို အခြင်း၊ အကွက်ဖြင့် စနစ်တကျ ကျင်ပညာအသုံးချကိုင်ကာ အခံကျင်သန်အားအနိုင်ရအောင် ပစ်ချရန်ဖြစ်သည်။ အခံသားကျင်သန်သည်လည်း အဖမ်းသားကျင်သန် ထိုကဲ့သို့ လုံးဖမ်းကိုင်တွယ်သမျှ ငုံ့ခံနီရုံမဟုတ်ပဲ အခံကျင်သန်၏ခုခံခွင့်အတတ်ပညာကိုပါ တီထွင်ဖန်တီးထားသည်။ အဖမ်းသား၏လုံးဖမ်းကိုင်တွယ်ခွင့်နှင့် အခံသား၏ခုခံကာကွယ်ခွင့် ပညာနှစ်ရပ်ကို သူတလှည့်ကိုယ်တလှည့်၊ သူတပြန်ကိုယ်တပြန် ကိုင်ခွင့်ပြုလျှက် ပညာစွမ်းပြရသည့် အားကစပ်နည်းပညာရပ်ဖြစ်သည်။

(၇) ကျင်ကွင်းနည်းအမျိုးမျိုး ပုံစံတကျဟိသည်။

(၈) ကျင်ခြင်း၊ ကျင်ကွက်၊ ကျင်ဖမ်းနည်း၊ ကျင်ခံနည်းများ စနစ်တကျ ကျယ်ကျယ်ဝန်းဝန်း ဟိသည်။

(ခ) ကျင်ပညာ၏အကျိုးသက်ရောက်ပုံ[ပြင်ဆင်ရန်]

  1. ကျင်ပညာသည် လူငယ်ရို့၏ တကိုယ်ရည်စွမ်းရည်ပြည့်ဝမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အရေးပါသည့် နည်းပညာရပ်ဖြစ်သည်။
  2. ဇွဲ၊ သက္တိကိုခိုင်မာစီသည်။ အခက်အခဲကို တဦးတည်း ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြတ်ကျော်ရဲသည်ု့စိတ်ကို ရဟိစီသည်။
  3. တက်ကြွမှုအားမာန်ကို ရစီသည်။
  4. ယုံကြည်ချက်ပြည့်ဝစီပြီး ပြတ်သားခိုင်မာစီသည်။
  5. ယုတ်ညံ့သိမ်ဖျင်းစိတ်၊ အားငယ်ကြောက်ရွံ့စိတ်များကို ကင်းပျောက်စီသည်။
  6. မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ် မြင့်မားစီသည်။
  7. ဆုံးဖြတ်ချက်တရပ်ကို မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာချမှတ်လုပ်ကိုင်ဆောင်ရွက်လိုစိတ်ခိုင်မြဲစီသည်။
  8. ကျန်းမာကြံ့ခိုင်သန်စွမ်းမှု၊ လျင်မြန်ဖျတ်လတ်မှုဖြစ်စီသည်။
  9. လူ့ဘောင်ဝန်းကျင်နှင့် ေပေါင်သင်းဆက်ဆံရေးကိုတိုးတက်စီသည်။
  10. အများအကျိုး၊ ဦးဆောင်ဦးရွက်ပြု ပါဝင်ဆောင်ရွက်နိုင်ရန် ကာယ၊ ဉာဏ်စွမ်းရည်များကိုပြည့်ဝစီသည်။

သို့ဖြစ်၍ ဤအမျိုးသားရေးလက္ခဏာ၊ အမျိုးဂုဏ်ပေါ်လွင်စီသည့် အမျိုးသားယဉ်ကျေးမှု အစစ်အမှန်ဖြစ်သည့် ကျင်အားကစပ်နည်းပညာရပ်ကို ရခိုင်လူငယ်တိုင်း နားလည်ကျွမ်းကျင်တတ်မြောက်အောင်ကြိုးစားပြီး လက်ဆင့်ကမ်းထိန်းသိ်မ်းရမည်။ သို့မှသာ ကျင်ပညာ၏ဂုဏ်ရည်၊ အမျိုးသားဂုဏ်ရည် ပိုမိုတိုးတက်တောက်ပြောင်လာမည်ဖြစ်သည်။

ကျင်သန်များနှင့် ကျင်အတန်းအစားခွဲခြားပုံ[ပြင်ဆင်ရန်]

(က) ကျင်သန်အတန်းအစားခွဲခြားပုံ[ပြင်ဆင်ရန်]

(၁) ကျင်သန်။ ။ ကျင်အတတ်ပညာတတ်ကျွမ်းပြီး ခန္ဓာကိုယ် သန်မာထွားကျိုင်းသူအားလုံးကိုပေါင်းရုံး၍ ကျင်သန်ဟုခေါ်သည်။

(၂) ကျင်သန်ချေ။ ။ ကျင်ပညာသင်စ၊ ကျင်ကိုင်စ၊ အသက်အရွယ်ငယ်နုသော သူလူငယ်များ၊ ငွေမောင်းတန်း (အငယ်တန်း) ၌ ဝင်ကိုင်စလူငယ်များကို ကျင်သန်ချေ (ကျင်သန်ငယ်) ဟုခေါ်သည်။

(၃) ကျင်သန်ကြီး။ ။ ကျင်ပညာရည်ပြည့်ဝပြီး ကျင်ပွဲများစွာကိုင်ဖူးပြီး ပွဲအတွိအကြုံရင့်ကျက်သည့် အားခွန်ဗလပြည့်စုံသည့် ကျင်သန်၊ ရွှေမောင်း၊ ငွေမောင်း အကြိမ်ကြိမ်ရဖူးသည့်ကျင်သန်မျိုးကို ကျင်သန်ကြီးဟု ခေါ်သည်။ အထူးသဖြင့် ရွှေမောင်းတန်း (အကြီးတန်း) မှ ရွှေမောင်းရကျင်သန်ကြီးများကို ခေါ်သည်။

(၄) ပြည်ကျင်သန်ကြီး။ ။ ပြည်ကျင်သန်ကြီးဆိုသည်မှာ ကျင်လောက၏ အထွတ်အထိတ်ဂုဏ်ပုဒ်ပင်ဖြစ်သည်။ ရခိုင်ပြည်ဒေသအနှံ့က ပွဲတိုင်းလိုလို၌ ရွှေမောင်းမြောက်များစွာရဟိထားပြီး၊ ပရိသတ်ကြိုက်နှစ်သက်သော ကျင်သန်ကြီး၊ အင်အားနှင့်ပညာရပ်၌ အံ့မခန်းလောက်အောင် ထူးချွန်ပြည့်စုံပြီး လေးစားချီးကျူးထိုက်သော ပုဂ္ဂိုလ်မျိုးကို ပြည်ကျင်သန်ကြီးအဖြစ် ပြည်သူရို့နှုတ်ဖျားမှ ကင်းပွန်းတပ်ပီးသည့် ဘွဲ့ဖြစ်သည်။ အဆင့်မြင့်ဆုံး ပြိုင်စံယှား ကျင်ပညာသျှင်များဖြစ်သည်။

(ခ) ကျင်အတန်းအစားခွဲခြားပုံ[ပြင်ဆင်ရန်]

(၁) ရှိအစဉ်အလာ ကျင်အတန်းအစားခွဲခြားပုံ

ရှိအစဉ်အလာအရ ကျင်ပွဲကို ရွှေမောင်းတန်း၊ ငွေမောင်းတန်း အတန်းနှစ်မျိုးခွဲခြားကျင်းပသည်။ ရွှေမောင်းတန်းမှာ ရွှေမောင်းဆု၊ ငွေမောင်းတန်းမှာ ငွေမောင်းဆု ချီးမြှင့်သည်။ ရွှေမောင်းတန်း၌ နိုင်မောင်း (ပထမဆု)၊ ကျမောင်း (ဒုတိယ) ပီးသကဲ့သို့ ငွေမောင်းတန်း၌ ထိုသို့ချီးမြှင့်သည်။ ငွေမောင်းတန်း၌ ပွဲမြောက်များစွာကိုင်ဖူးပြီး ငွေမောင်း (ပထမဆု) အကြိမ်ကြိမ်ရဖူးကာ ကျင်အတွိအကြုံရင့်ကျက်သူ၊ အားအင်လည်းပြည့်စုံသူကို ရွှေမောင်းကျင်သန်အဖြစ် တန်းတင်၍တိုက်တတ်သည်။ ရွှေမောင်းတန်းကျင်သန်မှာ ငွေမောင်းတန်း၌ဆင်းကိုင်ခွင့်မဟိ။ ငွေမောင်းတန်း၌ တက်ရောက်ယှဉ်ပြိုင်ကိုင်နိုင်ခွင့်ဟိသည်။

(၂) ခေတ်သစ်ကျင်အတန်းအစား ခွဲခြားပုံ

ကနိ ရခိုင်ပြည်၏ အထင်ကရကျင်ပွဲကြီးတချို့ ၌ ကျင်ကိုခေတ်နှင့်အညီတိုးတက်အောင် တီထွင်ကြံဆကျင်းပလာပြီးဖြစ်သည်။ မိမိအသက်အရွယ်အလိုက် ကြီးငယ်မရွီး ကျင်သန်တိုင်း ကျင်ကိုင်ခွင့်ရစီရန်စီစဉ်ပြီး ကျင်အတန်းအစားများကို အောက်ပါအတိုင်း ခွဲခြားကျင်းပလာသည်။

  1. သက်ကြီးတန်း (ကျင်အိုတန်း)
  2. အကြီးတန်း (ပထမတန်း)
  3. အလတ်တန်း (ဒုတိယတန်း)
  4. အငယ်တန်း (တတိယတန်း)
  5. တန်းသစ်

မမျှော်လင့်ပဲ မတန်တတန် ယှုံးနိမ့်လားရသည့်ကျင်သန်များ၊ မပြတ်သားအယှုံးပီးလားရသည့် ကျင်သန်များ၊ ပရိသတ်အကြိုက် (သို့မဟုတ်) ကျင်ကော်မတီများအကြိုက် ကျန်သန်များကိုလည်း (မောင်းမရပဲ ယှုံးလားရသည့်ကျင်သန်ထဲမှ) ရွီးထုတ်ပြီး တိုက်ပီးသည့် စိန်ခေါ်မောင်း (စိန်ခေါ်ပွဲ) သို့မဟုတ် (ကြည့်ချင်ပွဲ) ဟူ၍လည်း စီစဉ်ကျင်းပပီးတတ်သည်။

ကျင်ကိုင်ပုံ[ပြင်ဆင်ရန်]

အခြေခံသဘော မိတ်ဆက်

(က) ကျင်ကိုင်ပုံ ယျေဘုယသဘော[ပြင်ဆင်ရန်]

ကျင်ကိုင်သည်ကို ကျင်လုံးသည်ဟုလည်းဆိုသည်။ ကျင်ကိုင်၊ ကျင်လုံးရန်အတွက် ကျင်သန်နှစ်ဦး ဟိရမည်။ ကျင်သန်နှစ်ဦး ကျင်ကိုင်သည်ကို ကျင်တပူး (သို့) ကျင်တည်းတတည်း (သို့) ကျင်တွဲတတွဲအဖြစ် သတ်မှတ်သည်။ ကျင်တည်း ကျင်ကိုင်ရန်အတွက် (အဖမ်း) နှင့် (အခံ) ကို ရွီးချယ်ပီးရသည်။ ကျင်သန်တဦးကဖမ်းပြီး ကျန်တဦးက ခံပီးရသည်။ ကျင်ဖမ်းသူကို အဖမ်းသား (သို့) အဖမ်းကျင်သန်(သို့) အဖမ်းလူဟုခေါ်ပြီး ကျင်ခံပီးသည့်သူကို အခံသား(သို့) အခံကျင်သန် (သို့) အဖမ်းလူဟုခေါ်သည်။ ဖမ်းလှည့်ကိုရသော ကျင်သန်က လက်မောင်းနှစ်ဖက်ကိုမြှောက်ကားကာ စဖမ်းရပြီး၊ အခံလှည့်ကျသည့်ကျင်သန်က လက်မောင်းနှစ်ဖက်ကို နံဘေးမှာကပ်၍ လက်ဖျားပိုင်းကို ရှိသို့တောင့်တောင့်ပီးထားကာ ကိုယ်ကိုကိုင်းညွတ်ဦးတည့်ပြီး သတိဖြင့်ခံပီးရသည်။

အခံသားခြီနှစ်ဖက်ကိုလည်း ပြိုင်မရပ်ဘဲ ရှိနောက်ဟန်ချက်ညီညီ ထားပြီးခံရသည်။ အဖမ်းသားကစပြီး လှန်၊ ဖက်၊ ဆွဲ၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်နိုင်သည်။ ကျင်ခြင်း၊ ကျင်ကွက်ဖြင့်ပစ်ချနိုင်သည်။ ထိုသို့ အဖမ်းသားက ဆွဲ၊ ဖမ်း၊ လှန်၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်ရန် ကြိုးစားလာသည့်အခါ ပစ်ချလာသည့်အခါ တချိန်တည်းတပြိုင်တည်းမှာ အခံကျင်သန်ကလည်း ဖြုတ်၊ ဆီး၊ ကာ၊ ချွတ်၊ တိုး၊ ကန်၊ ရုန်း၊ ထွက်၊ ကာခွင့်ဟိသည်။ ပြန်လည်ပစ်ချခွင့်ဟိသည်။

(ခ) ကျင်တည်းပုံ၊ ကျင်တိုက်ပုံ ယျေဘုယျသဘော[ပြင်ဆင်ရန်]

ကျင်သန်နှစ်ဦး ကျင်တတည်းစီးတွဲပြီးနောက် “ကျင်တလင်း” (သို့) “ကျင်ကွင်း” ထဲ၌ ကျင်တိုက်ရသည်။ “ကျင်တည်း” များကို “ကျင်တည်းအဖွဲ့” (ကျင်စာရင်းထိန်းကော်မတီ) ကတည်းပီးပြီး၊ ၎င်းကျင်တည်းများကို ကျင်ကွင်းထဲသို့ ကျင်ကိုင်ဖို့လာရောက်ပါရန် “ပြန်ကြားရေးကော်မတီ” ကဖိတ်ခေါ်ပီးရသည်။ ကျင်သန်နှစ်ဦးစလုံးရောက်ဟိက ၎င်းကျင်တည်းကို “ကျင်ဒိုင်အဖွဲ့” ထဲမှ ကျင်ဒိုင်နှစ်ဦးတာဝန်ယူကြီးကြပ်ပြီး ကျင်တိုက်ရသည်။

တာဝန်ယူကြီးကြပ်မည့် ကျင်ဒိုင်နှစ်ဦးစီကို ကျင်တွဲနှင့်တွဲဖက်၍ “ကျင်တည်းအဖွဲ့က” နာမည်ကြော်ငြာပီးရသည်။ ကျင်တလင်းအကျယ်အဝန်း၊ ကြီးကြပ်ကျင်ဒိုင် အရွီအတွက်အပေါ်မူတည်၍ ကျင်တည်းများကို တတည်းကနီ၊ လေး၊ ငါးတည်းထိ တပြိုင်တည်းတိုက်နိုင်သည်။ ကျင်တလင်း၌ ကျင်ဒိုင်အဖွဲ့က ကြီးကြပ်သည်။ တချို့ပွဲ၌ “ကျင်ဒိုင်ချုပ်” ဟူ၍ သီးသန့်ထားပီးသည်။ သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကျင်တည်းကို အဖမ်းအခံသတ်မှတ်ပီးရသည်။ ကျင်တတည်း၏အယှုံးအနိုင်ကို ကြီးကြပ်ကွင်း ကျင်ဒိုင်များ၏အဆုံးအဖြတ်ဖြင ့်မကြေနပ်ပါက “ကျင်ခုံသမာဓိအဖွဲ့” (ကျင်အကဲဖြတ်လူကြီးအဖွဲ့) ထံ စောဒကဝင်တင်ပြနိုင်သည်။ ကျင်ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်သည် နောက်ဆုံးအပြီးအပြတ်အတည်ဖြစ်သည်။

(ဂ) ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်[ပြင်ဆင်ရန်]

ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်ကို အနှစ်ချုပ်သာဖော်ပြပါမည်။ အဖမ်းသားက အခံသားကို ခြီတကြိမ် ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်၍ အခံသားမကျပဲ ရုန်းလွတ်လားပါက အဖမ်းတခေါက်ပြီးလားပြီးနောက် တကြိမ်ထပ်ဖမ်းရသည်။ နောက်တကြိမ်လည်း အဖမ်းသားက ခြီတင်၊ ပေါက်ချိတ်၊ လိမ်ကျစ်ပစ်၍ အခံသားမြီပေါ်မကျပဲ လွတ်လားပါက အဖမ်းနှစ်ခေါက် ပြီးလားပြီဖြစ်သည်။ နှစ်ခေါက်ရာ ခြီတင်ပစ်ခွင့်ဟိပြီး အခံသားက ပြန်ဖမ်းရမည်ဖြစ်သည်။ ကျင်တည်းတတည်း၏အယှုံးအနိုင်သတ်မှတ်ပုံကို အောက်တွင် ဇယားဖြင်ဖော်ပြထားသည်။

ဥပမာ။
စဉ်....... မောင်ဖြူ........... မောင်နီ............ ကျသူ................... အနိုင်ရသူ

(က)
…….....အဖမ်း ...............အခံ ................မောင်နီကျ............. မောင်ဖြူနိုင်
..........အခံ ..................အဖမ်း .............မောင်နီကျ..............

(ခ)
.….... အဖမ်း ..............အခံ ...............မောင်ဖြူကျ............. မောင်နီနိုင်
..........အခံ .................အဖမ်း .............မောင်ဖြူကျ

(ဂ)
.…....အဖမ်း ..............အခံ................ မောင်နီကျ................. မောင်ဖြူနိုင်
........အခံ................ အဖမ်း................ မောင်နီဖမ်းမရ

(ဃ)
……....အဖမ်း ............အခံ ..................မောင်နီကျ
..........အခံ ...............အဖမ်း ................မောင်ဖြူကျ
..........အဖမ်း ............အခံ ...................မောင်ဖြူကျ
.........အခံ ................အဖမ်း ................မောင်နီကျ
.........အဖမ်း .............အခံ ...................မောင်ဖြူဖမ်းမရ
..........အခံ ...............အဖမ်း .................မောင်နီဖမ်းမရ

အဖမ်းတခေါက်၊ အခံတခေါက်စီ သူတလှည့်ကျနီပြီး အယှုံးအနိုင်မရဖြစ်နီပါက “အဖမ်း၊ အခံ” ကိုပြန်၍ “အသစ်တဖန် မျောက်ပန်းလှန်ပီး၍ ဖမ်းသူမှာ ခြီတခေါက်ရာ ပေါက်ချိတ်၊ လိမ်ဖမ်းခွင့်ပြုရသည်။ ကျသူကို အယှုံးပီးရသည်။ လုံးဝအယှုံး၊ အနိုင်မရပါက အယှုံးအနိုင်ကို မျောက်ပန်းလှန်၍ ဖြစ်စီ၊ မဲဖြင့်ဖြစ်စီ ဆုံဖြတ်နိုင်သည်။

ကျင်ပွဲကျင်းပရေးကော်မတီများ[ပြင်ဆင်ရန်]

ကျင်ပွဲကျင်းပရေးကော်မတီအသီးသီးသည် မိမိရို့၏လုပ်ငန်းတာဝန်ဝတ္တရားများကို ဆုံးဖြတ်လုပ်ပိုင်ခွင့်ဘောင်အတွင်းမှနီ၍ ပြည့်ပြည့်ဝဝကြိုးပမ်းဆောင်ရွက်ရသည်။ ကျင်ပွဲ၌ ဖွဲ့စည်းရမည့် လုပ်ငန်းကောမတီများမှာ --

  1. ကျင်ခုံသမာဓိအဖွဲ့ (ကျင်အကဲဖြတ်လူကြီးအဖွဲ့)
  2. ကျင်ဒိုင်အဖွဲ့
  3. ကျင်တည်းအဖွဲ့ (ကျင်စာရင်းထိန်းအဖွဲ့)
  4. ပြန်ကြားရေးအဖွဲ့
  5. ကျင်ဇေပြား ရောင်းချရေးအဖွဲ့
  6. ကျင်ဇေပြားကို (ဆုငွေ) ပြန်ပီးရောင်းချရေးအဖွဲ့
  7. ကြိုဆိုနီရာချထားရေးအဖွဲ့
  8. ကျင်တလင်း၊ ကျင်မဏ္ဍပ်ပျင်ဆင်ရေးအဖွဲ့
  9. ကျင်ပွဲအခမ်းအနားပျင်ဆင်ရေးအဖွဲ့
  10. ကျင်သန်များဆုခံစဉ် လိုက်ပါကူညီရေးအဖွဲ့
  11. လျှပ်စစ်မီးတပ်ဆင်ရေးအဖွဲ့
  12. စာရင်းထိန်း၊ စာရင်းစစ်အဖွဲ့….

စသည်ဖြင့်ဖြစ်သည်။

(ခ) ကျင်ဒိုင်အဖွဲ့၏တာဝန်နှင့် ကျင့်ဝတ္တရားများ[ပြင်ဆင်ရန်]

၁။ တာဝန်များ[ပြင်ဆင်ရန်]

  1. ကျင်ဒိုင်များသည် မိမိနှင့်သက်ဆိုင်ရာကျင်တည်းများကို ကျင်တလင်းသို့ ခေါ်ယူပြီး ခါးစည်းကြိုးကို မှန်ကန်စနစ်တကျနှောင်စီးရမည်။ ဘောင်းဘီဖြင့်ကျင်ကိုင်းခြင်းကို တားမြစ်ရမည်။
  2. အန္တရာယ်ဖြစ်စီနိုင်သည့် လက်ဝတ်ထည်များကို ဝတ်ဆင်ထားသည့်ကျင်သန်ကို ယင်းလက်ဝတ်ထည်အား ချွတ်ထားဖို့ပြောရမည်။ လက်သည်းရှည်ကျင်သန်များကို ချက်ချင်းလှီးဖြတ် စေရမည်။
  3. ကျင်သန်နှစ်ဦးအတူ ပရိသတ်ကို ရှိခိုးအရိုအသေပြုပြီးမှ ကျင်ကွင်းထဲသို့ဝင်စီရမည်။
  4. ကျင်သန်နှစ်ဦးကို ဒေါသမပါဘဲ၊ ချစ်ကြည်ရင်းနှီးစွာဖြင့် လက်ဆွဲနှုတ်ဆက်ပြီးမှ စည်းကမ်းနှင့်အညီ ကျင်ကိုင်စေရမည်။
  5. ကျင်သန်နှစ်ဦး ဖမ်းလှည့်၊ ခံလှည့်ကို စည်းကမ်းအတိုင်း စီစဉ်ဆုံးဖြတ်ပေးရမည်။
  6. ကြီးကြပ်ကျင်ကိုင်ဒိုင်နှစ်ဦးသည် မိမိတို့ နှင့်သက်ဆိုင်ရာကျင်တည်းကို မျက်ခြေမပြတ် စိစပ်သေချာစောင့်ကြည့်နိုင်ရမည်။ ထိုင်မနေရ။ တနေရာတည်း၌ ရပ်မနေရ။ ကျင်းတည်းနှင့်အတူ လိုက်ပါလှုပ်လျှားနေရသည်။
  7. ကျင်သန်နှစ်ဦး အဖမ်းအခံကို အငြင်းပွားပါက သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ဆုံးဖြတ်ပေးရမည်၊ တွန်းပစ်ချမှုမျိုးမဖြစ်ရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်သည်။
  8. ကျင်သန်နှစ်ဦး သတ်မှတ်ကျင်တလင်းနေရာ၌သာ ကျင်ကိုင်နိုင်စေရန်နှင့် လူထုထဲ (သို့) စည်းအပြင်သို့ တွန်းချမှုမျိုးမဖြစ်စေရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်ရမည်။
  9. ကျင်တလင်းသည် စည်းအပြင်ဘက် လူထုထဲသို့ပစ်ချခြင်း။ ကြိုးဝိုင်းစည်းပေါ်၌ ပစ်ချခြင်းမျိုးကြောင့် ကျင်သန်တဦး လဲကျလာပါက အရှုံး၊ အနိုင်၊ မပေးပဲ ပြန်ကိုင်စေရမည်။
  10. ကျင်သန်တဦးဦး ကျင်ကိုင်၍ တကြိမ်ပြီးသဖြင့် အနားယူခွင့်တောင်းပါက ပေးသင့်က ပေးရမည်။ တကြိမ်မှာ (၁၅) မနစ်ထက် ပိုအနားယူခွင့်မပေးရ။
  11. ကျင်သန်တဦးဦး ကျင်ကိုင်နေစဉ် စည်းကမ်းဖောက်ဖျက်မှုဟိပါက သတိပီးတားမြစ်ရမည်၊ ထုတ်ပယ်သင့်သည်ထင်မြင်က ကျင်သမာဓိထံ တင်ပြအတည်ပြုချက်ယူရမည်။
  12. ကျင်ဒိုင်သည် ကျင်တတည်းတိုက်ပြီးတိုင်း အယှုံးအနိုင်ကို ကျင်တည်းအဖွဲ့သို့ ပြန်လည်တင်ပြပေးရမည်။
  13. ကျင်တွဲများကို ကျင်ကွင်းအနီအထားကိုကြည့်ပြီး ထုတ်တိုက်ရမည်။ ကျင်တည်းမများစေရ။
  14. ကျင်ကွင်း၌ ကျင်တည်းမပြတ်စေရန်လည်း ဂရုစိုက်ရမည်။
  15. ကျင်သန်များ ကျင်ကွင်းပြလိုက စီစဉ်ပေးရမည်။
  16. ကျင်သန်များသည် ကျင်ပွဲမစမီကပင် ကျင်တလင်း၌ အဆင်သင့်ရှိနေရမည်။

၂။ ကျင်ဝတ္တရားများ[ပြင်ဆင်ရန်]

  1. ကျင်ဒိုင်များသည် ကျင်တည်းတတည်း၏အယှုံးအနိုင်ကို ချက်ချင်းမှန်ကန်တိကျ ပြတ်သားစွာ ဆုံးဖြတ်ပီးနိုင်ရမည်။ ကျင်ဒိုင်နှစ်ဦးစလုံး ဆုံဖြတ်ချက်မှန်ရပါမည်။
  2. ကျင်သန်များ ကျင်ကိုင်နီစဉ်ဖြစ်စီ။ အနားယူနီစဉ်ဖြစ်စီ တဦးတဖက်ကိုမျှ အားပီးအမြှောက်ပြောခြင်း၊ အကြံပီးခြင်း လုံးဝမလုပ်သင့်။
  3. ကျင်သန်တဦးဦး ကျင်နိုင်သည့်အခါ ဝမ်းသာအားရလက်ခုပ်တီးခြင်း၊ ထပြီးကျင်ကွင်းခြင်းများ လုံးဝမလုပ်သင့်။
  4. အဖမ်းကျင်သန်က အခံကျင်သန်၏ခါးကို ကိုင်ဖက်ထမ်းထားလျှင် အဖမ်းသားကို လွှဲပစ်မချစီရန် ချက်ချင်းတားပြီး အခံသားကိုအကျပီးရမည်။ အခံသားအကျမခံလိုက ပစ်ချခွင့်ပြုရမည်။
  5. ကျင်ဒိုင်များသည် ကျင်ကိုင်နည်းပညာ၊ ကျင်ကိုင်းခြင်းစုံစုံလင်လင်ကို နှံ့စပ်အောင်သိထားရမည်။
  6. ကျင်ဒိုင်အတွိအကြုံရင့်ကျက်အောင် ကြိုးစားရမည်။
  7. ကျင်စည်းကမ်းများကို ပြည့်ပြည့်စုံစုံသိထားရမည်။
  8. ဘက်လိုက်မှု လုံးဝကင်းယှင်းပြီး သမာသမတ်ကျရမည်။
  9. ကျင်သန်များနှင့် ကျင်ပွဲကာလ၌ ရောရောနှောနှောမနီသင့်။
  10. လာဘ်ပီးလာဘ်ယူ လုံးဝကင်းယှင်းရမည်။
  11. ကျင်ဒိုင်များ ဆီးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း လုံးဝယှောင်ကြည်ရမည်။
  12. ကျင်ဒိုင်များ သက်လုံကောင်စီရန် လေ့ကျင့်ခန်းများလုပ်သင့်သည်။
  13. ကျင်သန်းများအပေါ်၌ ကြောသားရင်သားမခွဲခြားဘဲ စိတ်ထားစေတနာမှန်ရမည်။
  14. ကျင်တိုက်နီချိန် ကျင်ဒိုင်အချင်းချင်းဖြစ်စီ၊ တခြားသူများနှင့်ဖြစ်စီ စကားပြောမနီသင့်။
  15. ကျင်ဒိုင်ဝတ်စုံစနစ်တကျ၍ ဝတ်ဆင်ကြီးကြပ်သင့်သည်။

ကျင်ပွဲကျင်းပခြင်း[ပြင်ဆင်ရန်]

ကျင်ပွဲကို ကွင်းအဖွင့်ရတုဆို၍ မင်္ဂလာစည်တော်များတီးခတ်ကာဖွင့်လှစ်သည်။ ကျင်းကွင်းကို နံ့သာရည်များပက်ဖြန်းရသည်။ ကျင်တည်း (ကျင်တွဲ) များကို စမတင်မှီ မင်္ဂလာကျင်တည်းများကို စ၍တိုက်လေ့ဟိသည်။ ကျင်တိုက်ရာ၌ ကျင်စည်တီးပီးရသည်။ ကျင်စမတိုက်မှီ စာရင်းဝင်ကျင်သန်များ ကျင်ကွင်းထဲ၌ ကျင်ကွင်းပြရသည်။ ကျင်ကိုင်၍ ကျင်တတည်းနိုင်သူကို “နှစ်ခေါက်နိုင်” ဟု သတ်မှတ်သည်။ နှစ်တည်းနိုင်ပါက လေးခေါက်နိုင်။ သုံတည်းနိုင်ပါက ခြောက်ခေါက်နိုင်စသည်ဖြင့် မောင်းလုပွဲ၊ ဗိုလ်လုပွဲရောက်အောင်ထိ ဆက်နိုင်လားရသည်။

ကျင်တတည်း အယှုံးအနိုင်ပြီးတိုင်း ပရိသတ်ထံ ယှုံးသူရော၊ နိုင်သူပါ ဆုခံယူရသည်။ ခုံသမာဓိလူကြီးအဖွဲ့က စတင်ပြီး “ပန်းဆုငွေ” ချီးမြှင့်ပီးရသည်။ ကျင်ပွဲကျင်းပပြီးခါနီး၌ ကျင်ဒိုင်အချင်းချင်း ချစ်ကြည်ရေးကျင်ကိုင်ရသည်။ ကျင်သန်များကျင်နိုင်သည့်အခါ ကျင်ကွင်းပြရသည်။ ကျင်သန်များ နောက်ဆုံးဗိုလ်ဆွဲမောင်းရသည့်အခါလည်း ကွင်းထဲပတ်၍ ကျင်ကွင်းပြ၍ ကျင်ပွဲကြည့်ပရိသတ်များသည် ကျင်ဇေပြားများဝယ်ယူပြီး ကျင်သန်များဆုခံစဉ် ကျင်းကွင်းပြစဉ်၌ ဆုချီးမြှင့်ပီးရသည်။ ငွေသားလည်း ဆုချီးမြှင့်ပီးနိုင်သည်။ ကျင်သန်များက မဏ္ဍပ်တွင်းပရိသတ်ထံမှ ဆုချီးမြှင့်မှုခံယူပြီး ရလာသည့်ကျင်ဇေပြားများကို ကျင်ဇေပြားဖိုး ဆုငွေပြန်ပီးချေရေးအဖွဲ့ထံ၌ ဇေပြားနှင့်ငွေ ဖလှှယ်ယူရသည်။ “ကျင်ခုံသမာဓိအဖွဲ့” က ကျင်ဒိုင်များထံမှတင်ပြလာသည့် ကျင်သန်များနှင့်ပတ်သက်သည့် တင်ပြချက်များကို ဆုံးဖြတ်ပီးရသည်။

ကျင်းပွဲကျင်းပရာ အငယ်တန်း၊ အလတ်တန်းစသည့် အောင်တန်းမှ ကျင်သန်များကို စတင်တိုက်ရပြီး ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်များကို ပွဲတော်နောက်ဆုံးရက်များ၌ရာ တိုက်လေ့ဟိသည်။ ကျင်တည်းများကို ယှုံးဖြုတ်စနစ်ဖြင့် ကျင်းပသော်လည်း ယခုအခါ တချို့ပွဲများ၌ ကျင်သန်ဦးရေနည်းသော ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်ကြီးများကို ပရိသတ်က အားရပါးရကြည့်ရှုနိုင်စီရန် ပတ်လည်စနစ်ဖြင့် ကျင်းပသည်လည်းဟိသည်။


ကျင်ကွင်းနည်းများ[ပြင်ဆင်ရန်]

ကျင်သန်များသည် ကျင်းကွင်းထဲ ကျင်ကွင်းပြရာတွင် ကျင်ပွဲအသီးသီးမှ မိမိရဟိထားသော ရွှေ၊ ငွေ ဆုတံဆိပ်များကို လိုင်တွင်ဆွဲ၍ ကျင်ကွင်းပြရသည်။ ရှိဦးစွာ မိမိ၏ကျင်ကွင်းနည်းပြဆရာများကို ကန်တော့ရသည်။ ကျင်ခုံသမာဓိ လူကြီးအဖွဲ့ကို ဂါရဝပြုရသည်။ နောက်ပရိသတ်ဘက်သို့လှည့်၍ ဂါရဝပြုရသည်။ ပြီးမှ ကွင်းတပတ