ရက်စပီရေးရှင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရက်စပီရေးရှင်း(အသက်ရှုမှု)ဆိုသည်မှာ လေကို အဆုတ် အတွင်းသို့ သွင်းယူပြီးလျှင် အဆုတ်အတွင်းမှ လေကို အပြင်သို့ ထုတ်ပစ်ခြင်း ဖြစ်သည်။ ရက်စပီရေးရှင်းသည် ခန္ဓာကိုယ်၏ အရေးတကြီး ဆောင်ရွက်ရသော တာဝန်ဖြစ်သည်။ အဆို ပါတာဝန်ကို အသက်ရှင်စေရန် အမြဲမပြတ် ဆောင်ရွက်ရလေသည်။

တိရစ္ဆာန်များသည် ရက်စပီရေးရှင်းကို ပါးဟက်၊ အဆုတ် နှင့် လေပြွန်များဖြင့် ပြုလုပ်ကြသည်။ အချို့ တိရစ္ဆာန်များကမူ ယင်းတို့၏ အရေပြားဖြင့်ပင် ရက်စပီရေးရှင်းကို လုပ်ယူကြ သည်။ ရေနေသတ္တဝါများသည် ပါးဟက်များဖြင့် ရက်စပီရေး ရှင်းကို လုပ်ယူကြ၍ လေထုအတွင်း၌ လွတ်လွတ်လပ်လပ် နေထိုင်ကြသည့် တိရစ္ဆာန်များကမူ ယင်းတို့၏ အဆုတ်များဖြင့် ရက်စပီရေးရှင်းကို လုပ်ယူကြသည်။

သက်ရှိတို့သည် ရက်စပီရေးရှင်းကို ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ရှိ ဆဲလ်များသို့ အောက်စီဂျင်ဓာတ်ငွေ့ကို ပို့ပေးနိုင်ပြီးလျှင် ဆဲများမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ဖယ်ရှားပစ်နိုင်လေသည်၊ သက်ရှိဆဲမှန်သမျှသည် သက်ဆိုင်ရာတာဝန်များကို ထမ်းဆောင်နိုင်ရန် အောက်ဆီဂျင်ဓာတ်ငွေ့ကို လိုအပ်လေသည်။ ဆဲတို့၏ တာဝန်ဆောင်ရွက်ခြင်းသည် အောက်ဆီဂျင်ဓာတ်ငွေ့ ကိုသာ မရလျှင် လျင်မြန်စွာ ရပ်စဲသွားပေလိမ့်မည်။ သက်ရှိဆဲ တိုင်းသည် အောက်ဆီဂျင်ဓာတ်ငွေ့ကို အညစ်အကြေးပစ္စည်း အဖြစ် ဖြစ်ပေါ်စေသည်။ အစာရှိ ကာဗွန်သည် အောက်စီဂျင်နှင့် ပေါင်းပြီးလျှင် အောက်ဆိုစွမ်းအင်နှင့် အပူကို ဖြစ်စေသည်။

ရက်စပီရေးရှင်း ပြုလုပ်ခြင်းသည် အမှန်အားဖြင့် အောက် ဆီဂျင်ဓာတ်ငွေ့နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို လဲ လှယ်ပေးခြင်းပင် ဖြစ်သည်။ ထိုသို့ဖြစ်စေရန် ရက်စပီကောင် သည် ယင်း၏ အရေပြားဖြင့် ရက်စပီရေးရှင်းကို ပြုလုပ်ယူလေ သည်။ ထိုသို့ပြုလုပ်ရာတွင် သွေးသည် သွေးကြော၏ မျက်နှာ ပြင်နှင့် ကပ်လာသောအခါတွင် သွေးမှကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့နှင့် လေမှ အောက်စီဂျင်ဓာတ်ငွေ့တို့သည် လဲလှယ် လိုက်ကြလေသည်။ သွေးမရှိသည့် အမီးဗားကောင်ကဲ့သို့ အောက်တန်းတိရစ္ဆာန်မျိုးအဖို့တွင် ရက်စပီရေးရှင်းကို ပရိုတို ပလာဇမ်ခေါ် သက်ဦးရုပ်ဖြင့် ဆောင်ရွက်သည်။ သို့သော် အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေတို့ လဲ လှယ်ရာတွင်မူ တန်းမြင့်တိရစ္ဆာန်များနှင့် အတူတူပင် ဖြစ် သည်။ ပိုးကောင်များတွင် ရက်စပီရေးရှင်း ပြုလုပ်ရန် လေပြွန် များ ပါရှိသည်။

ခန္ဓာကိုယ်ရှိ ဆဲတိုင်းအဖို့ ရက်စပီရေးရှင်း ရှိရပေမည်။ အပင်ရှိ ဆဲများနှင့် တိရစ္ဆာန်ရှိ ဆဲများသည် ထိုကိစ္စအတွက် အတူတူပင် ဖြစ်သည်။ အပင်၏အရွက်များသည် အောက်ဆီဂျင် ဓာတ်ငွေ့ကို စုပ်ယူကြပြီးလျှင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ် ငွေ့ကို စွန့်ပစ်ကြသဖြင့် အပင်၏အသက်ရှုမှုနှင့် လူ၏အသက်ရှု မှုကို နှိုင်းယှဉ် ကြည့်နိုင်ပေသည်။ သို့သော် အပင်တွင် ထို အချိန်၌ ဖိုတိုဆင်းသဆစ် ဖြစ်စဉ်တစ်ရပ် ဖြစ်ပေါ်သေးသည်။ အပင်သည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူပြီးလျှင် အောက်ဆီဂျင်ဓာတ်ငွေ့ကို ထုတ်ပစ်လေသည်။

တိရစ္ဆာန်များ အဖို့တွင် အသက်ရှူမှုသည် အိပ်ပျော်နေ သည်ဖြစ်စေ၊ နိုးနေသည်ဖြစ်စေ အစဉ်ဖြစ်ပေါ်လျက် ရှိသည်။ အသက်ရှူမှုအတွက် အားလည်းမစိုက်ထုတ်ရချေ။ လူအဖို့တွင် အသက်ရှူမှုကို အချိန်အတန်ကြာမျှ ရပ်တန့်၍ ထားနိုင်လေ သည်။ သို့သော် တာရှည်ကား ဆောင်ရွက်နိုင်မည်မဟုတ်ချေ။ ထိုသို့ တားဆီး၍ မရသောအချိန်တွင် အသက်ရှူမှုသည် အချိန် မှန်မှန် ဆက်၍ ဖြစ်သွားလေသည်။

သွေးသည် အလွန်အရေးကြီးသည့် တာဝန်နှစ်ခုကို ထမ်း ဆောင်ပေးသည်။ ယင်းတာဝန်နှစ်ခုမှာ အောက်ဆီဂျင်ဓာတ်ငွေ့ ကို ယူလိုက်ခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ထုတ် လွှတ်ခြင်းတို့ ဖြစ်လေသည်။ ထိုဖြစ်ရပ်နှစ်ခုသည် အဆုတ် အတွင်း၌ တစ်ချိန်တည်းမှာပင် ဖြစ်ပေါ်ကြသည်။ အဆုတ်သည် အယ်လဗီအိုလီခေါ် လေအိတ်ကလေး အမြောက်အမြား တည်ရှိ နေသည်။ လေအိတ်ကလေးများတွင် အလွန်ပါးလွှာသော နံရံ ကလေးများရှိပြီးလျှင် သွေးကြောမျှင်ကလေးများခေါ် သွေးကြော ကလေးများသည် ရှုပ်ပွေစွာ ဆက်သွယ်လျက် ရှိကြသည်။

အဆုတ်အတွင်းသို့ သွင်းယူလိုက်သည့် လေသည် လေအိတ် ကလေးများအတွင်းသို့ ဝင်ပြီးလျှင် သွေးကြောများနှင့် ထိမိ သည်။ ထိုအခါ သွေးက လေအတွင်းရှိ အောက်ဆီဂျင်ဓာတ် ငွေ့ကို စုပ်ယူပြီးလျှင် ယင်းရှိ ကာဗွန်ဒိုက်အောက်ဆိုက်ဓာတ်ငွေ့ ကို ပေးလိုက်လေသည်။

ရက်စပီရေးရှင်းတွင် ကွဲပြားသည့် အပြုအမူနှစ်ခု ရှိသည်။ တစ်ခုမှာ လေကို ရှူသွင်းလိုက်ခြင်းဖြစ်၍ ကျန်တစ်ခုမှာ လေကို ရှူထုတ်လိုက်ခြင်း ဖြစ်သည်။ထိုအပြုအမူနှစ်ခုအကြားတွင် ကြား ကာလ ရှိသည်။ ထိုကြားကာလသည် ရက်စပီရေးရှင်း မြန် သည်ထက် မြန်လာသောခါတွင် ပို၍ပို၍ အချိန်ကာလ တိုလာ ပြီးလျှင် နောက်ဆုံးတွင် ပျောက်ကွယ်သွားလေသည်။

ရင်ပိုင်းရှိ ကြွက်သားများ၏ လှုပ်ရှားမှုကြောင့် လေကို ရှူသွင်းမှုနှင့် လေကို ရှူထုတ်မှုရှိခြင်း ဖြစ်သည်။ အဆုတ်သည် ရင်ခေါင်းခေါ် အခေါင်းအတွင်း၌ တည်ရှိ၏။ ထိုအခေါင်းသည် အရွယ်ကို ပြောင်းလဲနိုင်သည်။ လေကို ရှူသွင်းလိုက်သောအခါ တွင် ရင်ခေါင်းသည် အကြောင်းနှစ်မျိုးကြောင့် ပြန့်ကားသွား သည်၊ ပထမအကြောင်းမှာ ရင်ခေါင်း၏ အပေါ်ဘက်နှင့် ဝမ်း ပိုက်အခါင်း၏ အောက်ဘက်ကြားရှိ ဒိုင်ယာဖရမ်၊ သို့မဟုတ် လိုဏ်ခေါင်းပုံသဏ္ဌာန် ကြွက်သားပြား၏ လှုပ်ရှားမှုကြောင့် ဖြစ်သည်။ ဒိုင်ယာဖရမ် ပြားသွားသောအခါတွင် ရင်ခေါင်း အတွင်း၌ နေရာသည် ပို၍ ကျယ်ပြန့်သွားလေသည်။ ဒုတိယ အကြောင်းမှာ နံရိုးများသည် အပေါ်နှင့် ဘေးဘက်များသို့ လှုပ်ရှားသွားသဖြင့် ပို၍ ကျယ်ဝန်းသွားလေသည်။

ရင်ခေါင်း မည်မျှပင် ကြီးသည်ဖြစ်စေ အဆုတ်သည် ရင်ခေါင်းကို ဖြည့်သွားစေလိုသည်။ လေကို ရှူလိုက်သော အခါတွင် ရင်ခေါင်းသည် ကျယ်ပြန့်သွားသဖြင့် ထိုသို့ ကျယ် ပြန့်သွားသည်အထိ အဆုတ်သည်လည်း ပြန့်ကားသွားသည်။ ထိုသို့ ပြန့်ကားသွားသဖြင့် အဆုတ်အတွင်းရှိ လေ၏ ဖိအား သည် လျော့ပါးသွားပြီးလျှင် အပြင်မှလေကို လေပြွန်မှတစ်ဆင့် ဆွဲယူလိုက်လေသည်။ လေကို ရှူထုတ်လိုက်သောအခါတွင် အထက်ဖော်ပြပါအချက်နှင့် ဆန့်ကျင်ဘက် ဖြစ်ပေါ်လေသည်။ ရင်ခေါင်းကို ကျုံ့လိုက်ရသဖြင့် အဆုတ်တွင်းမှ လေများသည် လည်း ထွက်သွားကြရသည်။ အဆုတ်ကိုယ်တိုင်ကမူ ပြန့်ကားမှု နှင့်ကျုံ့မှုကို တိုက်ရိုက်အားဖြင့် မဆောင်ရွက်ရချေ။ ရင်ခေါင်း ၏ပြန့်ကားမှုနှင့် ကျုံ့မှုကြောင့် အဆုတ်သည် လေကို တစ်စိတ် တစ်ဒေသ ရှူထုတ်ခြင်းနှင့် ရှူသွင်းခြင်းကို သွယ်ဝိုက်သော နည်းဖြင့်သာ ဆောင်ရွက်လေသည်။

လူတစ်ယောက်သည် သာမန်အားဖြင့်သာ အသက်ကို ရှူ နေလျှင် အစိတ်ဝင် ပုလင်းတလုံးမျှလောက်သာ လေကိုသာ ဝင်စေထွက်စေသည်။ သာမန်အားဖြင့်ဆိုလျှင် ထိုမျှလောက် သော အောက်စီဂျင်ဓာတ်ငွေ့သည် လုံလောက်၍ လုံလောက် သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ထုတ်ပစ်နိုင်သည်။ လေကို အပြင်းထန်ဆုံး ရှူသွင်းလိုက်သောအခါတွင် အဆုတ် သည် ငါးဆယ်ဝင်ပုလင်းလေးလုံးစာမျှလောက်သော လေကို လက်ခံလိုက်သည်။ အားကစားသူများနှင့် ကျန်းမာသန်စွမ်းသော ငယ်ရွယ်သူများတွင် လေဝင်လေထွက်သည် အသက်အရွယ် ပို၍ ကြီးရင့်သူများထက် ပို၍များသည်။ အသက်ကို သာမန် အားဖြင့်သာ ရှူနေလျှင် အဆုတ်၏တစ်ရှူးများသည် လေးပုံ တစ်ပုံမျှလောက်သာ ကျယ်ပြန့်သွားနိုင်သည်။ ထိုကြောင့် အဆုတ်၏ အစိတ်အပိုင်း တော်တော်များများသည် အသက် ရှူတိုင်း လေကောင်းလေသန့်ကို မရရှိနိုင်ချေ။ အသက်ကို ပြင်းပြင်းရှုသည့် လေ့ကျင့်ခြင်းသည် အဆုတ်အတွင်းသို့ လေ ကို ပို၍ ပြည့်စေသည့်အပြင် ကျယ်ပြန့်၍လည်း သွားစေသဖြင့် တန်ဖိုးရှိလေသည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် အဆုတ်အတွင်း ၌ သွေးလှည့်ပတ်ခြင်းကို အထောက်အပံ့ ဖြစ်စေလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)