မာတိကာသို့ ခုန်သွားရန်

ယောရှိဒအဆောင်၊ ကျိုတိုတက္ကသိုလ်

ဝီကီပီးဒီးယား မှ
Residents' bicycles line the dormitory's front entrance.

ကိုဩဒိနိတ်: 35°01′21″N 135°46′48″E / 35.0224°N 135.7800°E / 35.0224; 135.7800

ယောရှိဒအဆောင် (吉田寮, Yoshidaryō) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ကျိုတိုတက္ကသိုလ်ရှိ ယောရှိဒကျောင်းဝန်းတွင် တည်ရှိသည့် ကျောင်းသားအဆောင်တစ်ခုဖြစ်သည်။ ၁၉၁၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဂျပန်နိုင်ငံရှိ ရှေးအကျဆုံးအဆောင်ဖြစ်ပြီး လက်ရှိအချိန်အထိလဲ အသုံးပြုနေဆဲ ဖြစ်သည်။ ၎င်းသည် ထမင်းစားခန်းနှင့် ဆက်စပ်နေပြီး ထိုထမင်းစားခန်းကို ၁၈၈၉ တွင် တည်ဆောက်ခဲ့ကာ ကျိုတိုမြို့ရှိ တက္ကသိုလ်များထဲတွင် ရှေးအကျဆုံးအဆောက်အဦ ဖြစ်သည်။[၁][၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ယောရှိဒအဆောင်ပွဲတော်[ပြင်ဆင်ရန်]

ယောရှိဒအဆောင်ပွဲတော်သည် ကျိုတိုတက္ကသိုလ်ရှိ ပွဲတော်များထဲတွင် အကြီးဆုံးပွဲတော်တစ်ခု ဖြစ်သည်။ နှစ်စဉ် မေလတွင် ကျင်းပပြီး ပြင်ပမှ ပါဝင်ဆင်နွှဲမှုများကိုလည်း ခွင့်ပြုထားသည်။[၃] ပွဲတော်တွင် ခမိုမြစ်တစ်လျှောက် အပြေးပြိုင်ပွဲပါဝင်သည်။ အပြေးပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲသူများသည် ဆန်းဇယောတံတားမှ ဒဲမချိယနဂိအထိ ခမိုမြစ်တစ်လျှောက် ပြေးခဲ့ခြင်း ဖြစ်သည်။[၄]

အခန်းများ[ပြင်ဆင်ရန်]

ယောရှိဒအဆောင်တွင် ဂျပန်ပုံစံအခန်းပေါင်း ၁၂၀ ပါဝင်သည်။ အခန်းများတွင် မီးဖိုချောင်၊ ရေချိုးခန်း၊ ရေပန်း၊ အဝတ်လျှော်ခန်းများနှင့် အထွေထွေအခန်းနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်း စသည်တို့ ပါဝင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. 150529: 京都大学吉田寮の保存活用に関する要望書(近畿支部) 日本建築学会 2015年5月29日
  2. 京都大学寄宿舎吉田寮食堂建築物の調査実測によるその京都大学内で最古の建築物である実証 山根芳洋 七灯社建築研究所
  3. Yoshida dormitory festival Committee. (2014, June 7). The summary of Hitch race 2014 Retrieved: [July 17, 2014].
  4. Itoken (2009, July 7). Ryōsai no nidai event-Hitch race to Kamogawa race-(The two main events of the dormitory festival-Hitch race and Kamogawa race-). Retrieved: [July 17, 2014].