ယောနခိုရေတံခွန်

ဝီကီပီးဒီးယား မှ
ယောနခိုရေတံခွန်
onako Falls: Gongen Falls (left, 75 meters) and Fudo Falls (85 meters)
ယောနခိုရေတံခွန် သည် Nagano Prefecture တွင် တည်ရှိသည်
ယောနခိုရေတံခွန်
ယောနခိုရေတံခွန် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ယောနခိုရေတံခွန်
တည်နေရာSuzaka,
Nagano Prefecture, Japan
ကိုဩဒိနိတ်36°34′00″N 138°24′21″E / 36.5667°N 138.4058°E / 36.5667; 138.4058ကိုဩဒိနိတ်: 36°34′00″N 138°24′21″E / 36.5667°N 138.4058°E / 36.5667; 138.4058
စုစုပေါင်း အမြင့်85 m
ပျမ်းမျှ အလျား6 m
ရေလမ်းChikuma River

ယောနခိုရေတံခွန် (米子大瀑布, Yonako Dai-Bakufu), စာဖြင့် "ယောနခိုရေတံခွန်ကြီး" )သည် ဂျပန်နိုင်ငံအလယ်ပိုင်း၊ နဂနိုစီရင်စု၊ ဆုဇခမြို့၊ ယောနခိုတွင် တည်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။

ရေတံခွန်များ[ပြင်ဆင်ရန်]

ယောနခိုရေတံခွန်သည် နဂနိုစီရင်စု၊ ဆုဇကတွင် တည်ရှိသည်။ ရေတံခွန်၏ အမည်သည် ဖုဒိုရေတံခွန် (不動滝, Fudo no taki) နှင့် ဂွန်းဂင်းရေတံခွန် (権現滝, Gongen no taki) စသည့် ရေတံခွန်နှစ်ခုအမည်ကို ပေါင်းစပ်ကာ ခေါ်ဝေါ်ထားခြင်း ဖြစ်သည်။ ထိုရေတံခွန်နှစ်ခုသည် စုပေါင်းကာ ယောနခိုမြစ်ဖြစ်ပေါ်စေသည်။ ယောနခိုမြစ်သည် ချိခုမမြစ်၏ မြစ်လက်တက်များထဲမှ တစ်ခု ဖြစ်သည်။ ချိခုမြစ်သည်လည်း ဂျပန်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့် ရှိနနိုမြစ်၏ အထက်ပိုင်းရှိ မြစ်လက်တက်တစ်ခုပင် ဖြစ်သည်။ ၎င်းသည် နဂတမြို့တွင် ဂျပန်ပင်လယ်အတွင်းသို့ စီးဝင်သွားသည်။

ဤရေတံခွန်သည် ၁၉၉၀ ခုနှစ် ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် “ဂျပန်နိုင်ငံရှိ အကောင်းဆုံး ရေတံခွန် ၁၀၀” တွင် ပါဝင်သည်။

ယခင်က ယောနခိုဆာလဖာမိုင်း ဖြစ်ခဲ့သည့် ကျောက်ချော်မြေနေရာ (ဥယျာဉ်အဖြစ်သို့ ပြောင်းလဲခဲ့) မှနေ၍ မီတာ ၉၀၀ အကွာမှ ရေတံခွန်ကို ကြည့်ရှုရသည့် မြင်ကွင်းသည် အရမ်းလှပသည်။ အထူးသဖြင့် ဆောင်းဦးရာသီသစ်ရွက်ဝေချိန်တွင် ဖြစ်သည်။

သွားလာရေး[ပြင်ဆင်ရန်]

Jōshin-etsu Expressway ၏ Suzaka-Nagano အရှေ့ဘက်ထွက်ပေါက်မှ National Routes 403 နှင့် 406 မှတစ်ဆင့် ရေတံခွန်၏ ကားပါကင်နေရာသို့ မိနစ် ၄၀ ခန့် ကြာမြင့်သည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

Wikimedia Commons ရှိ ယောနခိုရေတံခွန် နှင့်ပတ်သက်သော မီဒီယာများ

ကိုးကား[ပြင်ဆင်ရန်]