ယူမီကာ ဟာယာရှီ

ဝီကီပီးဒီးယား မှ
ယူမီကာ ဟာယာရှီ
ဇာတိ အမည်林由美香
မွေးဖွားယူမီကာ အိုဂူရီ
(1970-06-27)ဇွန် ၂၇၊ ၁၉၇၀[၁]
တိုကျို, ဂျပန်
ကွယ်လွန်ဇွန် ၂၈၊ ၂၀၀၅(2005-06-28) (အသက် ၃၅)
အရပ်၁.၅၈ m (၅ ft ၂ in)

ယူမီကာ ဟာယာရှီ (ဂျပန်: 林由美香 ၁၉၇၀ ဇွန် ၂၇ - ၂၀၀၅ ဇွန် ၂၈) လိင်ဖျော်ဖြေရေးနှင့် လိင်အသားပေးရုံတင်ဇာတ်ကားတို့တွင် သရုပ်ဆောင်သော ဂျပန်နိုင်ငံသား မင်းသမီးဖြစ်သည်။ သရုပ်ဆောင်သက် ၁၆ နှစ်တာအတွင်း ဂျပန်နိုင်ငံ၏ လိင်ဖျော်ဖြေရေးရုပ်ရှင်တို့၏ဘုရင်မအဖြစ် ခေါင်းစဉ်ချီးမြှင့်ခံရ၏။ လိင်ဖျော်ဖြေရေးဇာတ်ကား ၂၀၀ နီးပါးနှင့် လိင်အသားပေးရုပ်ရှင် ၁၈၀ ကျော်တွင် ပါဝင်သည်။ [၂] ၁၉၉၇ ခုထွက် ပညာပေးဇာတ်ကားတွင် သရုပ်ဆောင်အဖြစ် ပါရာ ၂၀၀၄ ခု လိင်အသားပေးဇာတ်ကားဆုပေးပွဲ (Pink Grand Prix) ၌ အကောင်းဆုံးဇာတ်ဆောင်ဆု ရသည်။ [၃] နောက်နှစ်တွင် တသက်တာထူးချွန်ဆု ရ၏။ [၄][၅]

အသက် ၃၅ နှစ်ပြည့်ပြီး နောက်တရက်တွင် ကွယ်လွန်သည်။ [၆] နာရေးသတင်းကို တိုကျိုရှိ သတင်းစာအများစု၏ မျက်နှာဖုံးအဖြစ် အထူးတလည် ဖော်ပြခံရ၏။ လွန်သည်နောက် ၂၀၀၆ လိင်အသားပေးဇာတ်ကားဆုပေးပွဲတွင် တသက်တာထူးချွန်ဆုကို ဒုတိယအကြိမ် ချီးမြှင့်ခဲ့သည်။ [၇] မိမိကိုယ်မိမိ အဆုံးစီရင်သည်ဟု ရဲဘက်မှ ထုတ်ပြန်သော်လည်း လုပ်ကြံခံရသည်ဟူသော ဇာတ်လမ်းကိုလည်း လက်ခံသူ အများရှိ၏။ သူ့ဘဝဇာတ်ကြောင်းကို ဇာတ်လမ်းအမျိုးမျိုး ရိုက်ကူးကြပြီး အတ္ထုပ္ပတ္တိတအုပ်လည်း ထွက်၏။ [၈][၉]

ကိုးကား[ပြင်ဆင်ရန်]

  1. Infobox data from မော်ကွန်းတင်ပြီးမိတ္တူ (in ja)။ 'Web I-dic' (Idol Dictionary) (2006-07-02)။ 25 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 September 2021 တွင် ပြန်စစ်ပြီး။
  2. Connell, Ryann (2005-07-11). "Porno queen's mysterious death -- murder or suicide?". Mainichi Shimbun.
  3. Sharp, Jasper (2008). Behind the Pink Curtain: The Complete History of Japanese Sex Cinema. Guildford: FAB Press. p. 299. ISBN 978-1-903254-54-7.
  4. "Best Ten of 2004 (2004年度ベストテン) Archived 7 July 2015 at the Wayback Machine." (in Japanese). P.G. Web Site.
  5. ピンク映画界のアカデミー賞というべき"ピンク大賞" 蒼井そら、林由美香らが来場する、年に一度の祭典に密着! (in Japanese) Archived 15 March 2008 at the Wayback Machine.. www.walkerplus.com. 2007-05-08.
  6. Kamiyama, Masuo (2005-10-22). "The sultry secrets of AV starlets' prolonged careers". Mainichi Shimbun. Yumika Hayashi, who after her acting debut in "Double Rape to Break in a Perverted Wild Filly" in October 1990, achieved a reputation as an "iron woman" for her enduring 16-year career, in which she appeared in over 180 films. That alone, opines Shukan Taishu, should have earned her an honorable mention in the Guinness Book of Records. Last June 29, Hayashi was found dead Archived 2 July 2019 at the Wayback Machine. in her Tokyo apartment. A forensic autopsy failed to determine the cause of death. She was 35.
  7. "Best Ten of 2006 (2006年度ベストテン)" (in Japanese) Archived 5 August 2012 at Archive.is. P.G. Web Site.
  8. "女優 林由美香 (YUMIKA HAYASHI : A Portrait of the Actress as a Young Woman)" (in Japanese). Webcat Plus.
  9. Naoi, Takatoshi; Yoshiyuki Hayashida; Kiichiro Yanashita (2006). YUMIKA HAYASHI : A Portrait of the Actress as a Young Woman (女優 林由美香 Joyu Hayashi Yumika). Eiga hiho collection (Movie treasure collection). Tokyo: Yosensha. ISBN 4-86248-072-1.