ယူဘုတ်ရေငုပ်သင်္ဘော

ဝီကီပီးဒီးယား မှ
ဩဂတ်စတို ဖယ်ရာ ဒလာမူ၏ ပန်းချီကား ယူဘုတ်
U-995၊ ပုံမှန် ယူဘုတ်

ယူဘုတ် ရေငုပ်သင်္ဘောမှာ ဂျာမနီနိုင်ငံမှ အသုံးပြုသော စစ်ဖက်သုံး ရေငုပ်သင်္ဘော ဖြစ်သည်။ ထို ရေငုပ်သင်္ဘောများမှာ ပထမ ကမ္ဘာစစ် နှင့် ဒုတိယကမ္ဘာစစ် အတွင်းက အများအပြား အသုံးပြုခဲ့သည်။ ရန်သူ၏ စစ်သင်္ဘောများ နှင့် ယှဉ်ပြိုင်ရာတွင် အလွန် ထိရောက်သော်လည်း စီးပွားရေး စစ်ဆင်ရေး နှင့် ရန်သူ၏ သင်္ဘောသွားလာမှုကို ပိတ်ဆို့ တားဆီးရာအတွင် အလွန် ထိရောက်သည်။

သင်္ဘောအမည်မှာ ဂျာမန် ဘာသာ Unterseeboot (ပင်လယ်အောက်သင်္ဘော) ကို အတိုကောက် ခေါ်ဝေါ်ခြင်း ဖြစ်သည်။ အင်္ဂလိပ် ဘာသာစကာတွင်မူ ကမ္ဘာစစ်များ အတွင်းက အသုံးပြုခဲ့သော ဂျာမန် ရေငုပ်သင်္ဘောများကိုသာ ရည်ညွှန်းသည်။ ဂျာမန်ဘာသာတွင်မူ မည်သည့် ရေငုပ်သင်္ဘောကို မဆို ယူဘုတ် ဟု ခေါ်ကြသည်။