ယူနို မော်တော်ဆိုင်ကယ်

ဝီကီပီးဒီးယား မှ
ယူနို မော်တော်ဆိုင်ကယ်

ယူနိုမော်တော်ဆိုင်ကယ် (Uno vehicle) ဆိုသည်မှာ နောက်ဆုံးပေါ် မော်တော်ဆိုင်ကယ် ဒီဇိုင်းဖြစ်သည်။ ဘီး ၂ လုံးကို ဘေးချင်းယှဉ်ပြီး တည်ဆောက်ထားသဖြင့် ဆိုင်ကယ်၏ ကိုယ်ထည် တဝက်သာ ရှိကာ ဆိုင်ကယ်ကို အိမ်တွင်းတွင် ထည့်သိမ်းနိုင်လောက်အောင် သေးငယ်ပေ့ါပါး ဝန်ကျဉ်း စေသည်။ တည်ငြိမ်မှုကို ပိုရစေသဖြင့် တိမ်းမှောက်မှု နည်းပါးစေသည်။ ဆိုင်ကယ်ရပ်နား နေရာ သက်သာစေသည့်အပြင် လမ်းပိတ်မှု လျော့ပါးစေနိုင်သည်။ ဆိုင်ကယ်သည် ၃၆ ဗို့အား လျှပ်စစ်ဓာတ်ဖြင့် မောင်းနှင်နိုင်သဖြင့် လောင်စာဆီ ကြောင့်ဖြစ်သော အခိုးငွေ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့လျော့ပါးစေသည်။ သို့သော် ၂၄ ဗို့အားသာသုံးကြောင်း တွေ့ရှိရသည်။

ဆိုင်ကယ်တွင် အပိတ်အဖွင့် ခလုတ်သာ ပါရှိပြီး အမြန်မောင်းလို ပါက မောင်းသူ၏ ကိုယ်ခန္ဓာကို အရှေ့သို့ကိုင်းပြီး အမြန်နုန်းလျှော့လို ပါက ကိုယ်ခန္ဓာကို မတ်မတ်ထား မောင်းရပါမည်။

ပထမဆုံး ထွင်သော နမူနာ ဒီဇိုင်းဆိုင်ကယ်သည် တနာရီ ၂၅ မိုင်မှ ၆ဝ မိုင်နှုန်း မောင်းနိုင်ပြီး ၂.၅ နာရီခန့် ကြာကြာမောင်းနိုင်သည်။

တီထွင်သော သိပ္ပံပညာရှင်မှာ အသက် ၁၈ နှစ်သာ ရှိသော ကနေဒါနိုင်ငံ၊ Ontario မြို့တွင် နေထိုင်သူ Ben Gulak ဖြစ်သည်။ အထက်တန်းမှ စတင်ပြီး ပညာထူးချွန်ဆုများဖြင့် စကော်လားရှစ်ရရှိခဲ့ သူဖြစ်သည်။ ၂၀၀၆ နှစ်တခုတည်းတွင် Intel International Science and Engineering Fair Grand ပြိုင်ပွဲတွင် တတိယဆု. Intel International Science and Engineering Fair တွင် ပထမဆု၊ Herbert Hoover Young Engineer Award 2006 ဆု၊ Yale Science and Engineering Award ဆု၊ Hillfield STrathallan College McMaster University Award for Industrial Design Technology ၂၀၀၄ မှ ၂၀၀၆ထိ ဆက်တိုက် ဆုရခဲ့သည်။ McMaster's LEAP Robotics Program ပြိုင်ပွဲတွင် သူခေါင်းဆောင်သော အသင်းသည် ပထမရခဲ့ပြီး အသင်းသားအားလုံး ကနေဒါငွေ၃ထောင် စကော်လာရှစ်ရရှိခဲ့ ကြသည်။ သူသည် Waterloo's Rim Robotic's Challenge တွင် အသင်းခေါင်းဆောင်လည်း ဖြစ်သည်။

အဖိုး၏ အကူညီဖြင့် ကလေးဘဝမှစတင်ပြီး ရထား၊ ကားလေးများ ကိုယ်တိုင် တီထွင်ခဲ့သည်။ သူငယ်စဉ်အခါတွင် သူ၏ အဖိုး အင်ဂျင်နီယာ Werner ၏ စက်ပစည်း တီထွင်မှုတွင် စိတ်ဝင်စားစွာ ဝင်ရောက် တည်ဆောက်ခဲ့သည်။ ထို့ကြောင့် စက်ပစည်း သံထည် မက်ကင်းနီကယ် တည်ဆောက်မှုတွင် ကလေးဘဝမှစ၍ ရင်းနှီးခဲ့ပေသည်။ သူ၏အဖိုး ၂၀၀၄ တွင် ကွယ်လွန်သောအခါ အဖိုး၏ ဝပ်ရှော့ ကလေးကို အပိုင်ရသဖြင့် အဖိုး ပျိုးထောင် ပေးခဲ့သော အမွေအနှစ်များဖြင့် အောင်မြင် ရကြောင်း သိရှိရသည်။

ယူနိုဆိုင်ကယ်ကို တီထွင်ရခြင်းမှာ ၂၀၀၆ တွင် တရုတ်ပြည်သို့ အလည်သွားရာမှ ဆိုင်ကယ်များ၏ ဆိုးကျိုးများနှင့် မီးခိုးထွက်ခြင်းများကြောင့် ပုံစံသစ် ထွင်လိုသောစိတ်များပေါ်ခဲ့လေသည်။ ဝန်ကျဉ်းပြီး စရိတ်သက်သာကာ သိမ်းဆည်းလွယ်သော ဆိုင်ကယ်ကို တီထွင်ခဲ့ကြောင်းသိရှိရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Dailymail

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

  • www.scitechontario.org
  • www.innovationcanada.ca
  • www.scitechontario.org