ယူနန် – မြန်မာ ရထားလမ်း

ဝီကီပီးဒီးယား မှ

ယူနန် - မြန်မာ ရထားလမ်း (တစ်နည်းအားဖြင့် မြန်မာ – ယူနန် ရထားလမ်း) ဗြိတိသျှတို့ ဖောက်လုပ်ခဲ့ပြီး အောင်မြင်မှုမရှိခဲ့သည့် တရုတ်နိုင်ငံ၏ အနောက်တောင်ဘက် ယူနန်ဒေသနှင့် မြန်မာနိုင်ငံတို့အကြား ဆက်သွယ်သည့် ရထားလမ်း ဖြစ်သည်။

ဖောက်လုပ်ခြင်း[ပြင်ဆင်ရန်]

‌ဖောက်လုပ်ခြင်းလုပ်ငန်းများကို ၁၉၃၈ ခုနှစ်တွင် စတင်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် အမေရိကန် ALCO ကုမ္ပဏီထံမှ 25 1,000 mm (3 ft 3 3⁄8 in) meter gauge 2-8-8-2 mallet-type articulated engines ကို မှာယူခဲ့ပြီး အမေရိကန်မှလည်း တည်ဆောက်ရေးအတွက် စတီးများထုတ်လုပ်ပေးရန် သဘောတူညီခဲ့သည်။

၁၉၃၉ ခုနှစ်တွင် 15 1⁄4 in (387 mm) အကျယ်ဖြင့် ယူနန် အနောက်ပိုင်း နှင့် မြန်မာကို ဆက်သွယ်မည့်လမ်းတည်ဆောက်ရန် အဆိုပြုခဲ့သည်။


၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် ကြာသပတေးနေ့တွင် Royal Arch Gunnison ရေးသားခဲ့သည့် San Francisco Chronicle မှ ဆောင်းပါးတွင် "အမေရိကန်အင်ဂျင်နီယာများသည် ရထားလမ်းအား ၁၂ လမှ ၁၅ လအတွင်း ပြီးစီးရန် မျှော်လင့်ကြသည်" ဟု ရေးသားဖော်ပြခဲ့သည်။ အမေရိကန် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုမှ Dr. Victor Haas  သည် ရေဆိုးနှင့် ငှက်ဖျားအကြောင်း ဖော်ပြခဲ့သည်။

ကျန်းမာရေးဝန်ဆောင်မှု၏ ကော်မရှင်ကို လက်ခံကာ အမေရိကန်မှ Paul Stevenson ကဲ့သို့သော အမေရိကန်အမှုထမ်းများသည် ဆောက်လုပ်ရေးတွင် ဖြစ်ပွားနေသည့် ငှက်ဖျားရောဂါကို ကူညီဆောင်ရွက်ရန် စေလွှတ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]