ယူကလစ်တပ်ပင်

ဝီကီပီးဒီးယား မှ
ယူကလစ်တပ်ပင်
Buds, capsules, flowers and foliage of E. tereticornis
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Myrtales
မျိုးရင်း: Myrtaceae
မျိုးရင်းသေး: Myrtoideae
မျိုးဇာတ်: Eucalypteae
မျိုးစု: Eucalyptus
L'Hér.[၁]
အမျိုးအစား မျိုးစိတ်
Eucalyptus obliqua
မျိုးစိတ်
Natural range
Synonyms[၁]
  • Aromadendrum W.Anderson ex R.Br., 1810
  • Eudesmia R.Br., 1814
  • Symphyomyrtus Schauer in J.G.C.Lehmann, 1844

ယူကလစ်တပ်ပင်ကို ငှက်ခြောက်ပင်ဟူ၍လည်း ခေါ်ကြသည်။ ထိုအပင်သည် မာတဲမျိုး ရင်းဝင်ဖြစ်၍ မျိုးစိတ်ပေါင်း ၃၅ဝ မကရှိသည်။ အချို့ယူကလစ်တပ်ပင်များသည် ကြီးမား၍ အချို့ မှာ ချုံပင် မျှသာ ဖြစ်သည်။ များသောအားဖြင့် ပေ ၆ဝ- ၇ဝ ခန့်မြင့်တတ်ရာ တစ်ပင်မှာ ပေ ၄၈ဝ အထိပင် မြင့်သည်ဟု ဆိုလေသည်။ အကိုင်းအခက်များကင်း၍ ပင်စည်ဖြောင့်မတ် ပြီးလျှင် အနားချောသော အရွက်စိမ်း ကြီးများရှိသည့် ထို မြင့်မားသော အပင်ကြီးများကို ကြည့်ရသည်မှာ ထူးခြားသော မြင်ကွင်းတစ်ရပ် ဖြစ်လေသည်။

ထိုမြင့်မား၍ ခံနိုင်ရည်ရှိပြီးလျှင် အရွက်ပေါများသည့် ယူကလစ်တပ်ပင်သည် ဩစတြေီးလီးယားတိုက်နှင့် တက်စ မေးနီးယားကျွန်းတွင် မူရင်းဒေသအဖြစ် ပေါက်ရောက်သည်။ ထိုမှတစ်ဆင့် ဥရောပတိုက်၊ အယ်လဂျီး ရီးယား၊ အီဂျစ်၊ အိန္ဒိယ၊ တောင်အမေရိကတိုက်နှင့် အမေရိကန် ပြည်ထောင်စု တို့သို့ ယူဆောင်စိုက်ပျိုးကြလေသည်။ ယူကလစ်တပ်ပင်သည် ဖာရင်ဟိုက်အပူချိန် ၂၂ ဒီဂရီထက် တာရှည်အောက်မကျသော နေရာများတွင် ဖြစ်ထွန်းသည်ကို တွေ့ရသည်။ သို့သော် ရေခဲ သည့် အပူချိန်အောက်ထိ အေးသောဒေသတွင်လည်း တည်တံ့ နိုင်သည့် ယူကလစ်တပ်ပင်မျိုးစိတ်တစ်ခု ရှိသေးကြောင်းကို သတိပြုသင့်ပေသည်။

ယူကလစ်တပ်ပင်သည် ရေငွေ့အမြောက်အမြားကို အလိုရှိ သဖြင့် ငှက်ဖျားပေါများရာဒေသများရှိ စိမ့်များ အနီးတွင် စိုက်ပျိုးလေ့ရှိကြသည်။ ထိုသို့ စိုက်ပျိုးခြင်းအားဖြင့် ခြင်ကောင် ပေါများသော စိမ့်များမှ ရေများကို အလိုအလျောက် ခန်း ခြောက်တွေ့သွားစေသည်။ အမေရိကန်ပြည်ထောင်စု ကာလီ ဖိုးနီးယားပြည်နယ်တွင် ယူကလစ်တပ်ပင်များကို မျိုးစိတ်ပေါင်း ၇ဝ ထိ စိုက်ပျိုးထားသည်။ ထိုသို့ စိုက်ပျိုးထားရာတွင် အချို့ မှာ အလှအပအတွက်ဖြစ်၍ အချို့မှာမူ အသုံးချရန်ဖြစ်သည်။

တစ်ခါတစ်ရံတွင် ယူကလစ်တပ်ပင်များကို လိမ္မော်နှင့် ရှောက် ပင်များကို လေတိုက်ခတ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ ထို့ပြင် လမ်းဘေးတွင်လည်း အရိပ်ရစေရန်အတွက် စိုက်ပျိုးထားတတ် ကြသည်။

ယူကလစ်တပ်ပင်သည် ဩစတြေီးယားတိုက်တွင် လွန်စွာ အရေးကြီးသည်။ ထိုတိုက်ရှိ အချို့ ယူကလစ် တပ်ပင်များသည် မဟောဂနီကဲ့သို့ နီနေသည်၊ ယူကလစ်တပ်ပင်၏ အသားကို ပိုးများမဖောက်နိုင်သဖြင့် သင်္ဘောများ ဆောက်လုပ်ရာတွင် ထိုအပင်၏ အသားထက်ပို၍ ကောင်းမွန်သော အသားများ မရှိချေ။ ကြေးနန်းကြိုးများ သွယ်တန်းရန်တိုင်များနှင့် ဝင်းခြံ တိုက်များအဖြစ်လည်း အသုံးပြုကြလေသည်။

ထို့ပြင် ယူကလစ်တပ်ပင်၏ အသားကို အရောင်တင်နိုင် သဖြင့် ထိုအသားဖြင့် အိမ်ထောင် ပရိဘောဂများ ကိုလည်း ပြုလုပ်လေ့ရှိကြသည်။ အချို့ ယူကလစ်တပ်ပင်မျိုးစိတ်၏ အခေါက်များကို သားရေနယ်ရာတွင် အသုံးပြုကြသည်။ အချို့ မျိုးစိတ်၏ အခေါက်များမှ ကြိုးကျစ်ရန် အမျှင်များကို ရရှိ သည်။ ထိုအမျှင်များကို စက္ကူပြုလုပ်ရာ၌လည်းကောင်း၊ အိမ် အမိုးများ မိုးရာ၌လည်းကောင်း အသုံးပြုလေ့ရှိကြသည်။

ယူကလစ်တပ်ပင်၏ အရွက်များတွင် အဖိုးတန်သည့် အဆီ ပါရှိသည်။ ထိုအဆီ၏ အနံ့သည် ပရုတ်နံ့နှင့်တူသည်။ ထို အဆီကို အပုပ်နိုင်ဆေး (အနာမယဉ်းဆေး)၊ အနံ့ဖျက်ဆေးနှင့် အားကြွဆေးများအဖြစ် အသုံးပြုနိုင်သည်။ ထို့ပြင် အဆုတ်နာ၊ လည်ချောင်းနာအတွက်နှင့် အနာများကို စည်းပေးရာတွင်လည်း အသုံးပြုနိုင်သည်။

ယူကလစ်တပ်ပင်၏ အပွင့်များသည် ငယ်၍ ဖြူကြသည်။ ဘောလုံးကလေးများနှင့် ဆင်တူသည်။ အတွင်း၌ ဝတ်ရည်များ ရှိသည်။ ထိုမှတစ်ဆင့် ခွက်နှင့်တူသော အသီးအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုအသီးကလေးများအတွင်း၌ အစေ့ ကလေးများ ရှိသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ရှမ်းကုန်းပြင်မြင့်တွင် ယူကလစ် တပ်ပင် အနည်းအကျဉ်း ပေါက်သည်ကို တွေ့ရသည်။[၂]

Australian Fever Tree ယူကလစ်ပင် (ပြည်လုံးချမ်းသာ)[ပြင်ဆင်ရန်]

  • Botany Term : Eucalyptus globules Labill
  • Species/Family : Myrtaceae


ပုံသဏ္ဌာန် : အပင် အပင် ကြီးမျိုး ဖြစ်၏။ မျိုးစိတ်ပေါင်း ၆၀၀ ကျော်မျှ ရှိ၏။ အမြင့်ပေ ၁၀၀ ကျော် ခန့် ရှိ၏။ ထိပ်ပိုင်း တွင် ကိုင်းဖြာ၏။ အခက် အလက် အရွက်များ အောက်သို့ တွဲလျား ကျနေ၏။ အခေါက်မှာ ပါး၍ ငွေရောင် ထပြီး ပြောင်ချော၏။ အကိုင်း အခက်များ နုစဉ် နီရောင် သမ်းသည်။ အရွက် ရွက်လွှဲ ထွက်သည်။ ရှည်မျောမျော လှံစွပ်ပုံ ရှိသည်။ ရွက်ထိပ် ချွန်သည်။ ရွက်ရင်း အနည်းငယ် သွယ်၏။ အနံ့ မွှေး၏။ ရွက်ပြား အစိမ်းဖျော့ ရောင် ရှိ၍ သားရေကဲ့သို့ ပြောင်ချော ပြီး အနားညီ သည်။ ရွက်လယ်ကြော ထင်ရှား၏။ အပွင့် ဖြူ၏။ ပွင့်တည်း ပွင့်၏။ ခေါင်းလောင်းပုံ ရှိ၏။ တန်ခူးလ တွင် ပွင့်သည်။ အသီး အညှာမဲ့၍ အမြှောင်း ၄ မြှောင်း ပါ၏။ အစေ့ အလွန် သေးငယ် ပြီး များပြားစွာ ပါဝင်၏။ ဝါဆိုလ တွင် သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်၊ အဆီ၊ အမြစ်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : သမပိုင်း ဒေသတွင် ပေါက်ရောက်သည်။ မြန်မာ နိုင်ငံ အနှံ့ အပြား ၌လည်း စိုက်ပျိုး ဖြစ်ထွန်း နိုင်သည်။ ပေါက်ရောက်ပုံ စိုက်ပျိုးပင် ဖြစ်သည်။ စိုက်ပျိုးခြင်း- (က)ပျိုးထောင်ခြင်း နတ်တော်လ တွင် ပျိုးဘောင်အား အနံ ၄ ပေ၊ အနက် ၁ ပေ၊ အလျား သင့်တော် သလို ထား၍ ပြုပြင် ရမည်။ အလွယ် တကူ ပွင့်နိုင် ပိတ်နိုင် သော တစ်ဖက်ရပ် အမိုးအကာ ပြုလုပ် ထားရှိရန် လိုသည်။ ပျိုးခင်းမြေ အား နွားချေးမှုန့် ၁ ဆ၊ သဲ ၂ ဆနှင့် မြေဆွေး ၄ ဆ ခန့် ရော၍ ချပေး သင့်သည်။ ၁/၂ လက်မ အနက်ရှိ မျဉ်းကြောင်း ငယ်များ ၂ လက်မ ခြားဆွဲ ၍ မျိုးစေ့ ချပြီး ရေကို ညီညာစွာ ခပ်ဖြည်းဖြည်း လောင်းပေး ရမည်။ ရေကို မှန်မှန် လောင်းပေး ခြင်းဖြင့် ၄၁ ရက် အတွင်း ပြည့်စုံစွာ အပင် ပေါက်နိုင် ပေသည်။ (ခ)ပြောင်းရွှေ့စိုက်ပျိုးခြင်း ပလတ်စတစ် အိတ်များတွင် နွားချေးမှုန့် ၁ ဆ၊ သဲ ၂ ဆ၊ မြေဆွေး ၃ ဆ ရောစပ်ပြီး မျိုးသက် ၂ လ ခန့် ရှိသော ၂ လက်မ မှ ၃ လက်မ အမြင့် ရှိ အပင်ငယ် များကို ရွှေ့ ပြောင်း စိုက်ပျိုး ရသည်။ ပျိုးထောင် စဉ်တွင် ရေအား ခပ်ဖြည်းဖြည်း နှင့် ညီညီ ညာညာ မှန်မှန် လောင်းပေးခြင်း၊ စိုက်ပျိုး ပြီးနောက် လိုအပ်သလို ရေလောင်း ပေးခြင်း များအား အပင် ရှင်သန် စိတ်ချ ရသည့် အထိ လုပ်ဆောင် ပေးရ ပါမည်။ (ဂ)စိုက်ပျိုးခြင်း နယုန်လ တွင် စတင် စိုက်ပျိုးကြ သည်။ ပျိုးသက် ၅-၆ လ ခန့်ရှိသော အခါ တစ်ပင် နှင့် တစ်ပင် ၅ ပေ အကွာ အတန်းလိုက် ၉ ပေ အကွက် အနက် ၁ ပေ၊ အချင်း ၁ ပေ ကျင်းများ တူး၍ မြေချ စိုက်ပျိုး နိုင်သည်။ (ဃ)ပြုစုဂရုစိုက်ခြင်း ပေါင်းရှင်းခြင်း၊ အပင်ခြေ အား မြေဆွခြင်း လုပ်ငန်း ကိုလည်း အခါ အားလျော်စွာ ပြုလုပ် ပေးသွား သင့်ပေသည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်း များအလို အရ ယူကလစ် သည် အရသာ စပ်ရှားရှား ရှိ၏။ အစေးသည် ပန်းနာ ရင်ကျပ်နာ ကို ပျောက်စေ၏။ ဝမ်းကို သက်စေ၏။ ဝမ်းဖောရောင် ခြင်းနှင့် ဝမ်းကြော တင်းခြင်း တို့ကို နိုင်၏။ ဦးနှောက် ကို ကြည်လင်စေ၏။ ၁၀။ အသုံးပြုပုံ- အရွက် ၁။ အရွက်ကို ကြိတ်၍ အနာမီး၊ အနာစက် များကို လိမ်းပေးခြင်း၊ အုံပေးခြင်း ဖြင့် ပျောက်ကင်း၏။ ၂။ အရွက်ကို ပြုတ်၍ အခိုး အငွေ့ ရှူရှိုက် သော် ပန်းနာ ကြောင့် ရင်ကျပ်ခြင်း ပျောက်၍ အသက်ရှူ လွယ်လာ၏။ ၃။ ချွဲသလိပ် ရောဂါ၊ အဆိပ် သင့်၍ ဖျားခြင်း၊ ကြက်ညှာ ချောင်းဆိုး ရောဂါနှင့် ခွဲစိတ် ထားသော ဒဏ်ရာ များ၌ လည်း ယူကလစ်ရွက် ကို အသုံးပြု၏။ ၄။ ဆူနေသော ရေနွေးတွင် အရွက်ထည့် ပြီး ချွေးအောင်း ပေါင်းခံ ခြင်းဖြင့် နှာစေး ခေါင်းကိုက် ချောင်းဆိုး ပျောက်၏။ အဆီ ၁။ အဆီကို အရေပြား ပေါ်၌ ဖြစ်ပေါ် တတ်သော အနာ ရောဂါများ ပေါ်တွင် လိမ်းပေးရ၏။ ၂။ အဆစ် အမျက် ကိုက်ခြင်း နှင့် ရောင်ခြင်း ဖြစ်လျှင် သံလွင်ဆီ နှင့် ဆတူ ရော၍ လိမ်းက ပျောက်၏။ ၃။ လိမ်းဆေးဆီ ပြုလုပ်၍ မီးလောင်သော နေရာ၌ လိမ်းပေးရ၏။ ရင်ကျပ်ခြင်း အတွက်လည်း အသုံးပြု နိုင်၏။ အမြစ် ၁။ အမြစ်ကို ဝမ်းနုတ်ဆေး အဖြစ် ဖော်စပ် သုံးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Eucalyptus။ Australian Plant Census။ 11 March 2019 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)