ယိုပေါက် (ကွန်ပျူတာ)

ဝီကီပီးဒီးယား မှ

စနစ်၏ ပျော့ကွက် သို့မဟုတ် အားနည်းချက်ကို ဆိုလိုသည်။ စနစ်၏ အားနည်းချက် ဆိုသည်မှာ ကွန်ပျူတာကွန်ယက် အစရှိသည့် အင်ဖော်မေးရှင်း စစ္စတမ်များနှင့်ပတ်သက်၍၊ မသက်ဆိုင်သော သူတစ်ဦးမှ လိုခြုံရေးကို ထိခိုက်နိုင်သော အပြုအမူ၊ များကိုပြုလုပ်နိုင်သည့် စနစ်၏ အားနည်းချက်၊ သို့မဟုတ် အာနည်းချက်ကို ဖြစ်ပွားစေနိုင်သည့် အကြောင်းအရင်း။ ဤနေရာတွင်ဖော်ပြထားသော လုံခြုံရေးကို ထိခိုက်စေနိုင်သောအပြုအမူဆိုသည်မှာ ဥပမာအားဖြင့် စနစ်နှင့်မပတ်သက်သူတစ်ဦးက စစ္စတမ်အတွင်း တိတ်တစိတ်ဝင်ရောက်ပြီး၊ စနစ်တစ်ခုလုံးကို စိတ်ကြိုက်ထိမ်းသိမ်း၍ လျှို့ဝှက်အချက်အလက်များကို ခိုးယူခြင်း၊ တရားမဝင်ဖြန့်ချိခြင်း တို့ကို ဆိုလိုသည်။

စနစ်၏ အားနည်းချက်ကို ဖြစ်ပွားစေသောအကြောင်းအရင်းမှာ စက်ပိုင်းဆိုင်ရာပစ္စည်းများ၏ချို့ယွင်းချက်၊ ဆော့ဖ်ဝဲများ၏ချို့ယွင်းချက် တို့ကအများစုဖြစ်သော်လည်း၊ ဖော်ပြပါချို့ယွင်းချက်များသာ အားနည်းချက်ကို ဖြစ်ပေါ်စေသည်မဟုတ်ပဲ၊ အခြားသော အကြောင်းအရင်များလည်းရှိ တတ်သည်။ စစ္စတမ်ကို စတင်ရေးသားသည့်အချိန်တွင် ရေးသားသူက မျှော်လင့်မထားသော အသုံးပြုပုံကိုအသုံးပြုလာခြင်း၊ စနစ် ဒီဇိုင်းရေးသားသည့် အဆင့်တွင် မေ့ကျန်ခဲ့ခြင်း အစရှိသည့် ထိုစဉ်က အားနည်းချက်ဟု မမြင်ခဲ့သော အကြောင်းအရာများက နောက်ပိုင်းတွင် အားနည်းချက်များအဖြစ် ထွက်ပါလာကြသည်က များပေသည်။

အများဆုံး အားနည်းချက်များမှာ ဆော့ဖ်ဝဲ၏ အမှားများနှင့် အသုံးပြုပုံ၏ချို့ယွင်းချက်များကြောင့်ဖြစ်ပေါ်သည်က များပေသည်။ အားနည်းချက်များကို တွေ့ရှိသည့်အခါတွင် နည်းပညာရှင်များက အမှားပြင်ပရိုဂရမ်များကို ရေးသားကြသည်ကများသည်။ အထက်ပါ စစ္စတမ်အားနည်းချက်များ ပေါ်ပေါက်လာပါက ပြုပြင်ထားသည့် ပရိုဂရမ်များကိုအသုံးပြုခြင်းက စစ္စတမ် လုံခြုံရေးကို ထိမ်းသိမ်းရာတွင် အရေးပါသောအချက်တစ်ခုဖြစ်သည်။

အချက်အလက်လုံခြုံရေးနှင့်ပတ်သက်၍ အားနည်းချက်ကိုဖြစ်ပွားစေနိုင်သည်မှာ စစ္စတမ်ပေါ်ရှိ ပြဿနာများသာမက၊ လျှို့ဝှက်အချက်အလက်များကို ထိမ်းသိမ်းထားသော လုံခြုံရေး ဖွဲ့စည်းပုံ၏ အားနည်းချက်ကြောင့်လည်း ဖြစ်ပွားစေနိုင်သည်။ ဤကဲ့သို့ စစ္စတမ်ကြောင့်မဟုတ်ပဲ လူဖွဲ့စည်းပုံ၏ အားနည်းချက်ကြောင့်ဖြစ်ပွားသော အားနည်းချက်ကို ဖွဲ့စည်းပုံ၏အားနည်းချက်ဟု ခွဲခြားအသုံးပြုလေ့ရှိသည်။