ယာစုကုနိ ဗိမာန်

ဝီကီပီးဒီးယား မှ

ယာစုကုနိ ဗိမာန်သည် ဂျပန်နိုင်ငံ တိုကျိုမြို့ ချီယိုဒါ့ရပ်ကွက်တွင် တည်ရှိသည့် ရှင်တိုဘာသာ နတ်ကွန်းတစ်ခုဖြစ်သည်။ ယာစုကုနိ ဗိမာန်တွင် စစ်ပွဲအတွင်း ကျဆုံးသွားသော ဂျပန်စစ်သည်များ သို့မဟုတ် ဂျပန် ဧကရာဇ်အတွက် အသက်စတေးခဲ့သူများအား ကိုးကွယ်ထားသည်။[၁] လက်ရှိ ယာစုကုနိ ဗိမာန်တွင် ကိုးကွယ်ထားသည့် လူပေါင်း ၂.၄၆၆ သန်းကျော်ရှိပြီး ၎င်းတို့အနက် ဒုတိယကမ္ဘာစစ်မှ အေအဆင့် စစ်ရာဇဝတ်သား ၁၄ ဦး ပါဝင်သောကြောင့် ဂျပန်တို့၏ ကိုလိုနီနယ်မြေ ဖြစ်ခဲ့ဖူးသည့် နိုင်ငံများက ယင်းဗိမာန်ကို ဂျပန်စစ်ဝါဒ၏ သင်္ကေတတစ်ခုအဖြစ် ရှုမြင်ထားသည်။[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. History။ 2008-03-23 တွင် ပြန်စစ်ပြီး။
  2. Deities။ 24 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-04-13 တွင် ပြန်စစ်ပြီး။