မာတိကာသို့ ခုန်သွားရန်

ယမရှိနရပ်ကွက်၊ ကျိုတို

ဝီကီပီးဒီးယား မှ
ယမရှိနရပ်ကွက်
山科区
Ward of Kyoto
Oishi jinja
Oishi jinja
Location of Yamashina-ku in Kyoto
Location of Yamashina-ku in Kyoto
ယမရှိနရပ်ကွက် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ယမရှိနရပ်ကွက်
ယမရှိနရပ်ကွက်
Location of Yamashina-ku in Japan
ကိုဩဒိနိတ်: 34°58′20″N 135°48′49″E / 34.97222°N 135.81369°E / 34.97222; 135.81369ကိုဩဒိနိတ်: 34°58′20″N 135°48′49″E / 34.97222°N 135.81369°E / 34.97222; 135.81369
CountryJapan
PrefectureKyoto
CityKyoto
Founded1976
ဧရိယာ
 • စုစုပေါင်း၂၈.၇ စတုရန်းကီလိုမီတာ (၁၁.၁ စတုရန်းမိုင်)
အမြင့်ဆုံး နေရာ၅၉၃ မီတာ (၁၉၄၆ ပေ)
အနိမ့်ဆုံး နေရာ၂၁ မီတာ (၆၉ ပေ)
လူဦးရေ (October 1, 2020)
 • စုစုပေါင်း၁၃၅၁၀၁
 • ခန့်မှန်း (2021)၁၃၄၂၅၃
 • သိပ်သည်းမှု၄၇၀၀/km (၁၂၀၀၀/sq mi)
အချိန်ဇုန်Japan Standard Time (UTC+9)
ဝက်ဘ်ဆိုဒ်city.kyoto.lg.jp/yamashina/
Tomb of Emperor Tenji

ယမရှိနရပ်ကွက် (山科区, Yamashina-ku) သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စု၊ ကျိုတိုမြို့တွင် တည်ရှိသည်။ ကျိုတိုမြို့တွင် စုစုပေါင်း ရပ်ကွက် (၁၁) ခု ရှိသည်။ ဤရပ်ကွက်သည် မြို့၏ အရှေ့တောင်ဘက်ပိုင်းတွင် တည်ရှိသည်။ တိုးခိုင်းဒိုးရထားလိုင်း (ဘိဝခိုလိုင်း) ပေါ်တွင် မယရှိနဘူတာ တည်ရှိသည်။

သမိုင်းကြောင်းများအရ ယမရှိနသည် ကျိုတိုမြို့နှင့် ဂျပန်၏အရှေ့ဘက်ပိုင်းဒေသများကို ချိတ်ဆက်ရာတွင် အဓိကကျသည့် နေရာတစ်ခုဖြစ်ခဲ့သည်။ အဲဒိုခေတ်တွင် တိုးခိုင်းဒိုးလမ်းတလျှောက်ရှိ “စာတိုက်မြို့” (Post Town) အဖြစ် တိုးတက်လာခဲ့သည်။ ယခုခေတ်ကာလတွင် အိုဆာကာနှင့် ကျိုတို၏ မြို့ပြများကို ဆက်သွယ်ပေးထားသည့် ခရီးတထောက်နားရာမြို့ ဖြစ်လာခဲ့သည်။

လူဦးရေဆိုင်ရာ[ပြင်ဆင်ရန်]

နှစ်အလိုက်လူဦးရေ
ခုနှစ်လူဦးရေ±%
1980 ၁၃၆၃၁၈—    
1990 ၁၃၆၀၇၀−0.2%
2000 ၁၃၇၆၂၄+1.1%
2010 ၁၃၆၀၄၅−1.1%
2020 ၁၃၅၁၀၁−0.7%
Source: [၁]

စီးပွားရေး[ပြင်ဆင်ရန်]

ဤရပ်ကွက်တွင် Ohsho အစားသောက်ဝန်ဆောင်မှု၏ ရုံးချုပ်တည်ရှိသည်။

ပညာရေး[ပြင်ဆင်ရန်]

  • ကျိုတိုဆေးဝါးတက္ကသိုလ်
  • ကျိုတိုတချိဘနတက္ကသိုလ်

ခရီးသွားဆိုင်ရာ[ပြင်ဆင်ရန်]

ယမရှိနရပ်ကွက်တွင် ဘုရင်တန်းဂျိ၏ အုတ်ဂူတည်ရှိသည်။ ကျိုတိုမြို့ရှိ ဘုရင်များ၏အုတ်ဂူများထဲတွင် ရှေးအကျဆုံးဖြစ်သည်။ ဆခနိုအုနဲနိုတမုရမရို၏ သင်္ချိုင်းသည်လည်း ဤရပ်ကွက်တွင် တည်ရှိသည်။ ဘိဝကန်၏ တူးမြောင်းသည် ဤရပ်ကွက်ကို ဖြတ်သန်းစီးဆင်းသည်။ ယမရှိနသည် အိုးအိရှိနတ်ကျောင်းတည်ရှိရာနေရာဖြစ်ပြီး အခြားသော ထင်ရှားသောကျောင်းတောများစွာ တည်ရှိသည်။

ထင်ရှားသူများ[ပြင်ဆင်ရန်]

  • ယောရှိခဇုခုရ (ဘတ်စကတ်ဘောကစားသမား)
  • တိုမိုခိုနခဂျိမ
  • နအိုမိဖုဂျိယမ (မင်းသမီး)

ပြင်ပလင့်များ[ပြင်ဆင်ရန်]

Wikimedia Commons ရှိ ယမရှိနရပ်ကွက်၊ ကျိုတို နှင့်ပတ်သက်သော မီဒီယာများ

ကိုးကား[ပြင်ဆင်ရန်]