မာတိကာသို့ ခုန်သွားရန်

ယန် ဟွေယန်

ဝီကီပီးဒီးယား မှ
ယန် ဟွေယန်
မွေးသက္ကရာဇ် ၁၉၈၁
ဂွမ်ဒုံး၊ တရုတ်
နိုင်ငံသား ဆိုက်ပရပ်စ်
အလုပ်အကိုင် Country Garden Holdings
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၃၀.၀ ဘီလျံ (၂၀၂၀ ဒီဇင်ဘာ)

ယန် ဟွေယန် သည် ဆိုက်ပရပ်စ်-တရုတ် ဘီလျံနာ စီးပွားရေးသမား အိမ်ရာဖော်ထုတ်သူ အမျိုးသမီး တစ်ဦး ဖြစ်ပြီး ကန်းထရီး ဂါးဒန်း ဟိုးလ်ဒင်း ကုမ္ပဏီ၏ ရှယ်ယာ အများစု ပိုင်ဆိုင်သူ ဖြစ်သည်။ [][] ထိုရှယ်ယာများအား သူ၏ ဖခင်ဖြစ်သူ ယန် ဂိုကျန်း မှ ၂၀၀၇ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။[] သူသည် အာရှ၏ အချမ်းသာဆုံး အမျိုးသမီး ဖြစ်သည်။ [][]

သူ၏ ဖခင် ယန်ဂိုကျန်း သည် အိမ်ခြံမြေ ကုမ္ပဏီဖြစ်သော ကန်းထရီး ဂါးဒင်းကို ၁၉၉၇ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီ၏ ရှယ်ယာ ၇၀% အား ကနဦး အများပိုင် ရှယ်ယာရောင်းချခြင်း မစတင်မီ ၂၀၀၇ ခုနှစ်တွင် သူ့အား လွှဲပြောင်းပေးခဲ့သည်။.[] ကန်းထရီးဂါးဒင်း၏ ကနဦး အများပိုင် ရှယ်ယာရောင်းချခြင်း သည် ဒေါ်လာ ၁.၆ ဘီလီယံမျှ တန်ဖိုးမြှင့်တင်နိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ် အမေရိကန် ပြည်ထောင်စုတွင် ဂူဂဲလ်ကုမ္ပဏီ မှ ကနဦး အများပိုင် ရှယ်ယာရောင်းချခြင်း ပမာဏမျှ ရှိသည်။[] As of June 2019, Yang had a net worth of US$21.2 billion.[] ယန်သည် ဒါရိုက်တာဘုတ်၏ အုပ်ချုပ်ရေးကော်မတီတွင် ဒု-ဥက္ကဋ္ဌ ဖြစ်ပြီး ဖော်ဘီမဂ္ဂဇင်း၏ အဆိုအရ ၂၀၁၄ တွင် ရှယ်ယာ အသစ်ရောင်းချခြင်းဖြင့် ဒေါ်လာ သန်း ၄၁၀ မျှ ရှာပေးခဲ့သည်။[]

ယန်သည် ၂၀၀၃ ခုနှစ်တွင် အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှ သိပ္ပံ/ဝိဇ္ဇာ ဘွဲ့ ရရှိခဲ့သည်။[][]

ဆိုက်ပရပ်စ် စာရွက်စာတမ်းများ ဟု အမည်ပေးထားသော ပေါက်ကြားလာသည့် စာရွက်စာတမ်းများတွင်[] ယန်သည် ဆိုက်ပရပ်စ် နိုင်ငံသားအဖြစ် ၂၀၁၈ တွင် ခံယူထားကြောင်း ဖော်ပြခဲ့သည်။ ထို့အတွက် နိုင်ငံသား နှစ်ခု ကိုင်ဆောင်ခွင့် မရှိသော သူမ၏ တရုတ်နိုင်ငံသား အဖြစ်မှ အလိုအလျောက် ဆုံးရှုံးစေခဲ့သည်။[၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. "China's Richest Woman Just Made $2 Billion in 4 Days"၊ Fortune
  2. China's 100 Richest 2015: Wang Jianlin Regains Top Spot 2017-03-21 တွင် ပြန်စစ်ပြီး။
  3. 1 2 3 "Yang Huiyan"၊ Forbes
  4. 1 2 richest woman in the world CNN (January 16, 2015)။ January 17, 2015 တွင် ပြန်စစ်ပြီး။
  5. China Rich List (in en)။ 2020-11-23 တွင် ပြန်စစ်ပြီး။
  6. Sorry bachelors - richest Chinese woman married, China Daily, April 29, 2007.
  7. China adds billionaires with IPO 2017-03-21 တွင် ပြန်စစ်ပြီး။
  8. #125 Yang Huiyan (2008-02-11)။ 2017-03-21 တွင် ပြန်စစ်ပြီး။
  9. Al Jazeera Investigative Unit။ "Exclusive: Cyprus sold passports to 'politically exposed persons'"၊ 24 August 2020။
  10. Zhou Xin။ "Cyprus Papers: secret migration of China's rich, led by Asia's richest woman, revealed in leaked documents"၊ 25 August 2020။