ယတဝက်တီပုရာဏဝိဟာရ
| ယတဝက်တီပုရာဏဝိဟာရ | |
|---|---|
| යටවත්තේ පුරාණ විහාරය | |
The Stupa at Vihara | |
| အချက်အလက်များ | |
| တည်နေရာ | Pahalagama, Gampaha, Sri Lanka |
| ကိုဩဒိနိတ် | 07°05′20.1″N 79°59′10.6″E / 7.088917°N 79.986278°Eကိုဩဒိနိတ်: 07°05′20.1″N 79°59′10.6″E / 7.088917°N 79.986278°E |
| ဘာသာရေး နှီးနွယ်မှု | Buddhism |
| ခရိုင် | Gampaha |
| စီရင်စု | Western Province |
| နိုင်ငံ | သီရိလင်္ကာနိုင်ငံ |
| အမွေအနှစ် သတ်မှတ်ခြင်း | Archaeological protected monument (15 April 2016) |
| ဗိသုကာ | |
| ဗိသုကာ အမျိုးအစား | Buddhist Temple |
| ဗိသုကာ စတိုင် | Tempita Vihara |
'ယတဝက်တီပုရာဏဝိဟာရ(Sinhalaː යටවත්තේ පුරාණ විහාරය) သည် သီရိလင်္ကာနိုင်ငံ၊ ဂမ်ပဟမြို့ (Gampaha) တွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်သည် Gampaha – Pahalagama အဓိကလမ်းမကြီးပေါ်တွင် တည်ရှိပြီး ဂမ်ပဟမြို့မှ ခန့်မှန်းခြေ ၁ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ကျောင်းတော်နေရာကို သီရိလင်္ကာနိုင်ငံ၏ ရှေးဟောင်းသုတေသနနယ်မြေအဖြစ် အစိုးရက သတ်မှတ်ထားသည်။ အစိုးရက ထိုသို့သတ်မှတ်ခြင်းကို ၂၀၁၆ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် အစိုးရဂေဇက်သတင်းစာအမှတ် ၁၉၆၃ တွင် ဖော်ပြခဲ့သည်။
ကျောင်းတော်
[ပြင်ဆင်ရန်]
ကျောင်းတော်မူ မူလတည်ဆောက်ခဲ့သည့် အချိန်ကာလကိုမူ မသိရှိရပေ။ ကျောင်းတော်၏ သမိုင်းကြောင်းသည် Kandyan ဘုရင့်နိုင်ငံလက်ထက်ကတည်းက ဖြစ်သည်ဟု ယုံကြည်ရသည်။ တမ်ပိတဝိဟာရသည် ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရှေးဟောင်းသုတေသနဆိုင်ရာ အဆောက်အဦတစ်ခုဖြစ်ပြီး ၎င်းကို ၁၈၆၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုရက်စွဲကို အဝင်တံခါးတွင် ဖော်ပြထားခြင်း ဖြစ်သည်။[၁] တမ်ပိတအဆောက်အဦများကို ကြီးမားသည့် တိုင်လုံးကြီးများဖြင့် ၁၇ - ၁၉ ရာစုများက တည်ဆောက်ခဲ့ကြသည်။ ထိုအဆောက်အဦများသည် သီရိလင်္ကာနိုင်ငံတွင် ထင်ရှားကျော်ကြားသည်။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- "PART I : SECTION (I) — GENERAL Government Notifications" (15 April 2016). The Gazette of the Democratic Socialist Republic of Sri Lanka 1963.
- 4 September 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . අස්වැන්නෙහි ආරක්ෂකයා වූ ගම්පහ ටැම්පිට විහාර Divaina
ကိုးကား
[ပြင်ဆင်ရန်]- ↑ යටවත්ත විහාරය පහළගම။ Sri Lanka Classic Art.com။ 30 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 September 2017 တွင် ပြန်စစ်ပြီး။