ယဂိဘူတာ
ယဂိဘူတာ 八木駅 | |
|---|---|
ယဂိဘူတာ, ၂၀၂၁ ခုနှစ် ဧပြီလ | |
| တည်နေရာ | Yagi-Ueno 34-1, Yagi-cho, Nantan-shi, Kyoto-fu 629-0141 Japan |
| ကိုဩဒိနိတ် | 35°04′09″N 135°31′56″E / 35.0691°N 135.5322°Eကိုဩဒိနိတ်: 35°04′09″N 135°31′56″E / 35.0691°N 135.5322°E |
| ပိုင်ဆိုင်သူ | |
| စီမံခန့်ခွဲသူ | |
| ရထားလိုင်း(များ) | |
| အကွာအဝေး | ၂၈.၂ km (၁၇.၅ mi) from Kyoto |
| ပလက်ဖောင်းများ | 2 side platforms |
| ရထားစင်္ကြံ | 2 |
| ဆက်သွယ်ထားမှုများ |
|
| တည်ဆောက်မှု | |
| ဖွဲ့စည်းပုံ အမျိုးအစား | Ground level |
| မသန်စွမ်းသူများ အသုံးချနိုင်မှု | Yes |
| အခြား အချက်အလက်များ | |
| အခြေအနေ | Staffed |
| ဘူတာရုံ ကုဒ် | JR-E14 |
| ဝဘ်ဆိုဒ် | တရားဝင် ဝက်ဘ်ဆိုက်တ် |
| သမိုင်းကြောင်း | |
| ဖွင့်ခဲ့ | ၁၅ ဩဂုတ် ၁၈၉၉ |
| Traffic | |
| ခရီးသည် (FY2018) | 1440 daily |
| ဝန်ဆောင်မှုများ | |
|
တမ်းပလိတ်:Adjstn | |
| တည်နေရာ | |
ယဂိဘူတာ (八木駅, Yagi-eki) သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စု၊ နန်းတန်မြို့တွင် တည်ရှိသည့် မီးရထားဘူတာတစ်ခု ဖြစ်သည်။ ဤဘူတာကို West Japan Railway Company (JR West) က စီမံခန့်ခွဲလျက်ရှိသည်။
ရထားလိုင်းများ
[ပြင်ဆင်ရန်]ယဂိဘူတာသည် ဆန်းအင်းလိုင်း (ဆဂနိုလိုင်း) တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ဤဘူတာသည် ခရီးဆုံးဘူတာဖြစ်သည့် ကျိုတိုဘူတာမှ ၂၈.၂ ကီလိုမီတာ (၁၇.၅ မိုင်) အကွာတွင် တည်ရှိသည်။
ဘူတာပုံစံ
[ပြင်ဆင်ရန်]ဘူတာတွင် ပလက်ဖောင်းနှစ်ခုသည် မျက်နှာချင်းဆိုင်ပုံစံတည်ရှိနေသည်။ ၎င်းပလက်ဖောင်းများကို ဘူတာရုံအဆောက်အဦသို့ တံတားဖြင့် ချိတ်ဆက်ထားသည်။
ပလက်ဖောင်းများ
[ပြင်ဆင်ရန်]| 1 | ■ |
for Kameoka and Kyoto |
| 2 | ■ |
for Sonobe and Fukuchiyama |
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ယဂိဘူတာကို ၁၈၉၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဂျပန်နိုင်ငံအမျိုးသားရထားလိုင်း (JNR) သည် ရထားလမ်းလုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးလိုက်သဖြင့် ဤဘူတာသည် West Japan Railway Company ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။
၃၀၁၈ ခုနှစ်၊ မတ်လတွင် ဘူတာအမှတ်စဉ် သတ်မှတ်ခဲ့ပြီး JR-E14 ဖြစ်သည်။[၁][၂]
လက်ရှိဘူတာရုံအဆောက်အဦသည် ၂၀၂၁ ခုနှစ်၊ ဧပြီလ တွင် ပြီးစီးခဲ့သည်။[၃]
ခရီးသည်အချက်အလက်
[ပြင်ဆင်ရန်]၂၀၁၈ ခုနှစ်တွင် ဘူတာကို နေ့စဉ်အသုံးပြုသူအရေအတွက်သည် ၁၄၄၀ ဦး ရှိခဲ့သည်။[၄]
အနီးဝန်းကျင်နေရာများ
[ပြင်ဆင်ရန်]- နန်းတန်မြို့တော်ရုံး (ယဂိရုံးခွဲ) (ယခင်က ယဂိမြို့နယ်ရုံး)
- ဂျပန်အမျိုးသားလမ်းမ (၉)
- ကျိုတိုချုဘုကျန်းမာရေးစင်တာ
ပြင်ပလင့်များ
[ပြင်ဆင်ရန်]
Wikimedia Commons ရှိ ယဂိဘူတာ နှင့်ပတ်သက်သော မီဒီယာများ
ကိုးကား
[ပြင်ဆင်ရန်]- ↑ 近畿エリアの12路線 のべ300駅に「駅ナンバー」を導入します! (in ja) (20 July 2016)။ 16 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 December 2022 တွင် ပြန်စစ်ပြီး။
- ↑ 「駅ナンバー」一覧表 (in ja) (20 July 2016)။ 16 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 December 2022 တွင် ပြန်စစ်ပြီး။
- ↑ 鉄道チャンネル (24 April 2021)။ JR嵯峨野線八木駅橋上駅舎供用スタート!バリアフリー化でより快適な駅へ | 鉄道ニュース | (in ja)။ 24 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 January 2023 တွင် ပြန်စစ်ပြီး။
- ↑ 国土数値情報 駅別乗降客数データ - 国土交通省、2020年9月25日閲覧