မှေးမှိန်ပျောက်ကွယ်ခြင်း (အချက်ပြလှိုင်း)

ဝီကီပီးဒီးယား မှ

မှေးမှိန်ပျောက်ကွယ်ခြင်း (Fading) ဆိုသည်မှာ ကြိုးမဲ့ ဆက်သွယ်ရေး စနစ်တွင် တွေ့ရတတ်သော လက္ခဏာ တစ်ခုဖြစ်သည်။ မှေးမှိန်ပျောက်ကွယ်ခြင်း ဖြစ်ရသည့် အကြောင်းရင်းမှာ လမ်းကြောင်းမတူသည့် အချက်ပြလှိုင်းများ အချင်းချင်း ချေဖျက်ခြင်းကြောင့် လှိုင်းဖမ်းစက် (Receiver) သို့ ရောက်သည့်အချိန်တွင် အချက်ပြလှိုင်းအား လျော့ကျ သွားရခြင်း ဖြစ်သည်။ မှေးမှိန်ပျောက်ကွယ်ခြင်းသည် အားလျော့ပျောက်ကွယ်ခြင်း (Attenuation) ကဲ့သို့ အကွာအဝေးပေါ် မူတည်၍ ဖြစ်ပျက်ခြင်းမျိုး မဟုတ်ပေ။